“ယနေ့ နံနက်ထုတ်ပြန်ချက်အရ မကွေးတိုင်းတွင် ပိုးတွေးလူနာ၂ဦးရှိ၊ စုစုပေါင်းပိုးတွေ့လုနာ၁၅ဦးရှိပြီဖြစ်”

မကွေး စက်တင်ဘာ ၁၇ ” “Covid 19ရောဂါ ပြည်တွင်းကူးဆက်မှုမြင့်မားနေသည့်အချိန်စက်တင်ဘာ(၁၇)ရက်နေ့ နံနက်(၈)နာရီဓာတ်ခွဲအဖြေထုတ်ပြန်မှုအရ မကွေးတိုင်းမှကိုဗစ်(၁၉)ပိုးတွေ့လူနာ(၂)ဦးရှိတယ်လို့ သိရပါတယ်။ “မကွေးမြို့နယ်၊ မိကျောင်းရဲ ၊ တောင်ခွင်အုပ်စု ၊ မကျီးကန်ရွာ မှ အသက်၂၁ နှစ်အရွယ် ၊ ရန်ကုန်ပြန် အမျိုးသမီး ၁ဦး၊ပေါက်မြို့နယ်မှ ၂၄ နှစ်အရွယ် ရန်ကုန်ပြန်အမျိုးသမီးတစ်ဦးတွင် ကိုဗစ်ပိုးထပ်တွေ့ ရှိတယ်လို့ မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူးဒေါက်တာခင်မောင်သန်းကပြောပါတယ်။ “မိကျောင်းရဲနှင့် ပေါက်မြို့နယ်တို့တွင် Facality Quarantineထားရှိပြီးနှာခေါင်းတို့ဖတ် ၊ အာခေါင်တို့ဖတ် ပို့ဆောင် စစ်ဆေးခဲ့ပြီး ယနေ့ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် Positive အဖြေ ထွက်ခဲ့ကြောင်း၊ မကွေးမြို့နယ် မိကျောင်းရဲမှ လူနာကို မကွေးငါးထပ်ဆောင်ဆေးရုံ၊ ပေါက်လူနာကို ပခုက္ကူပြည်သူ့ဆေးရုံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန က သိရပါတယ်။ “မကွေးတိုင်းတွင် Quarantine ထားရှိသူ၂၇၀၀ ကျော်ရှိပြီး ဓါတ်ခွဲနမူနာများကို ကျန်းမာရေးဝန်ကြီးဌာနသို့ ပို့ဆောင် စစ်ဆေးပေးနေကြောင်း သိရသည်။ “မကွေးမြို့နယ်မှ ယခင်ပိုးတွေ့ရှိခဲ့သော လူနာ ၂ ဦးမှာ ထပ်မံစစ်ဆေးချက်အဖြေများ၌ ပိုးမတွေ့တော့၍ ဆေးရုံ မှ ဆင်းခွင့်ပေးလိုက်ပြီလို့ သိရပါတယ်။ “ယနေ့ပိုးတွေ့ လူနာများမှာ မကွေးတိုင်း၏ ၁၅ယောက်မြောက်ဖြစ်ပြီးနတ်မောက်မြို့နယ်မှ(၄)ဦး ၊ မြို့သစ်မှ( ၂)ဦး ၊ မကွေး(၃)ဦး ၊ တောင်တွင်းကြီး(၁)ဦး ၊ သရက်(၁)ဦး ၊ အောင်လံ(၁)ဦး ၊ မြိုင် (၁)ဦး ၊ မင်းလှမြို့နယ်(၁)ဦး နှင့် ပေါက်မြို့နယ်မှ(၁)ဦးတို့ဖြစ်ကြောင်း သိရပါတယ်။ “မြန်မာနိုင်ငံတွင် စက်တင်လာလ ၁၇ ရက်နေ့အထိ COVID-19 အတည်ပြုလူနာ ၃၈၉၄ဦး၊ စောင့်ကြည့်လူနာ ၉၁၆၅ ဦး ၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၉၀၈ ဦး၊ သေဆုံးသူ ၄၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

ရွာသား(မကွေး)

မကွေးဂျာနယ်

Leave a Reply

Your email address will not be published.