ယခုနှစ်ဖရဲ၊သခွားစိုက်ပျိုးမှုလျော့ကျနိုင်

ရွှေမန်း

  စစ်ကိုင်းဒေသကြီး ၊ချောင်းဦး၊ ဘုတလင်၊ ကန့်ဘလူ ဒေသများတွင် နှစ်စဉ် ဖရဲ၊သခွားစိုက်ပျိုးကြရာ လာမည့်ဆောင်းစိုက်ရာသီ အတွက် စိုက်ပျိုးမှုလျော့ကျမည်ဖြစ်ရာ ယခင်နှစ်စိုက်ပျိုးများထက် ၈၀ရာခ်ိုင်နှုန်းခန့်လျော့ကျနိုင်မည်ဖြစ်ကြောင်း ဖရဲ၊သခွားစိုက်ပျိုးသူများထံက သိရသည်။

မြန်မာတစ်နိုင်ငံတစ်ဝန်း၌ ဖရဲ၊သခွားစိုက်ပျိုးရာ ဒေသများမှာ မန္တလေးတိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ရှမ်းမြောက်ဒေသများတွင် အများဆုံးစိုက်ပျိုးထုတ်လုပ်ကာ ပြည်တွင်းဈေးကွက်နှင့်တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြသည်။

က်ိုဗစ်-၁၉ရောဂါကူးစက်မှုဖြစ်ပွံားပြီနောက် မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံသားများလာရောက် စိုက်ပျိုးမှုမရှိတော့ဘဲ ဖရဲစိုက်ပျိုးမှုမှာ မြန်မာတောင်သူများသာအများဆုံးစိုက်ပျိုးတင်ပို့နေခြင်းဖြစ်သည်။၂၀၂၀ နောက်ပိုင်း မြန်မာတောင်သူများသာ စိုက်ပျိုးမှုများခဲ့ပြီး ဈေးကွက်ဈေးကောင်းရရှိကြသလို ဈေးကွက် မကောင်းတာကြောင့် ဆုံးရှုံးမှုများလည်းများပြားခဲ့သည်။နောက်တစ်ချက်က  ဖရဲဈေးကွက်မှာ မူဆယ်သစ်သီးကွင်းမှ တစ်ဖက်တရုတ်နိုင်ငံ ဝမ်တိန်အသီး ကွင်းသို့ပြောင်းရွှေ့ရောင်းချနေရသဖြင့် ကုန်သွယ်မှုမျှတမှုမရှိတော့ကြောင်း ဖရဲတင်ပို့ရောင်းချသည့်တောင်သူများကဆိုသည်။

ပြီးခဲ့သည့် ဖရဲ၊သခွားရာသီတွင်လည်း တင်ပို့ရာတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးမှုကြောင့် ရက်ကြာမြင့်ကာအသီးပျက်စီးများကြောင့် တောင်သူများအကျိုးအမြတ်မရှိဖြစ်ခဲ့သည်။ထို့ပြင်ကုန်သွယ်ရေးမှုဝါဒမတည်ငြိမ်ခြင်း၊ သယ်သူပို့ဆောင်စရိတ်များကြီးမြင့်တာကြောင့်ဖရဲစိုက်တောင်သူများထပ်မံဆုံးရှုံးခဲ့ရပြန်သည်။ 


ယခုနှစ်တွင် သွင်းအားစုဈေးတွေကြီးမြင့်ခြင်း ၊စက်သုံးဆီဈေးများ ယခင်ထက်၃ဆကျော်ဈေးကြီးမြင့်လာခြင်း၊ မျိုးစေ့ဈေးများ ဓါတ်မြေဩဇာ ဈေးများ၊လုပ်သားငှားရမ်းရန်ခက်ခဲလာခြင်း၊ နယ်မြေဒေသ အေးချမ်းမှုမရှိတာကြောင့် ဖရဲ၊သခွားစိုက်ပျိုးမှု များစွာလျော့ကျနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မှ ဖရဲစိုက်တောင်သူ ဦးသစ္စာ က ပြော သည်။

“ ဒီနှစ်စိုက်ပျိုးမှု မရှိပါဘူး။ဖရဲစိုက်ပျိုးစရိတ်ကတော့ အရင်က တစ်ဧက၃၅ သိန်းလောက်ကုန်ရင် ဒီနှစ်စိုက်ပျိုးရင် ၃ဆ လောက်ကုန်ပါမယ်။မြေဆီဈေးတွေ ၊မျိုးစေ့ဈေး၊ စက်သုံးဆီဈေး၊ သယ်ပို့စရိတ်တွေ အကုန်ဈေးတက်နေပါတယ်။ အသီးရလာလို့ ဈေးကွက်မှာဈေးကောင်းလာဆိုတော့ အောက်ဈေးဖြစ်နေပါတယ်။ ဖရဲသီးတစ်လုံးမှ ၇၀၀-၈၀၀ လောက်ပဲဈေးရတယ်။နယ်စပ်ဂိတ်ကလည်း ကုန်သွယ်ရေးမှုဝါဒမတည်ငြိမ်ဘူး။ပိတ်လိုက်ဖွင့်လိုက်နဲ့ အသီးတင်ချိန် ဘယ်လိုဖြစ်မယ်မခန့်မှန်းနိုင်ဘူး။ တောင်သူထုတ်လုပ်တဲ့ အသီးကဈေးကောင်းမရ တောင်သူသုံးပစ္စည်းတွေက ဈေးတက်ဆိုတော့ တော်တော်များများ မစိုက်ပျိုးနိုင်တော့တာပါ။နယ်စပ်ကုန်သွယ်မှုကလည်းမျှတမှုမရှိဘူး။ တစ်ဖက်ဈေးကွက်ကိုသွားရောင်းရတယ်။ဖရဲသီးကိုကိုဗစ်-၁၉ ရောဂါစစ်တယ်။ပိုးတွေ့လို့ဆိုရင်တောင်သူ ၊ကုန်သည်၊ကားသမား အကုန်ဆုံးရှုံးရတယ်´´ ဟု ၎င်းကပြောသည်။

မူဆယ်နယ်စပ်ကုန်သွယ်မှု မှတဆင့် တစ်ရက်လျှင် မိုးဖရဲသီး ကား ၃စီးခန့် တင်ပို့နေပြီး တစ်တန် ယွမ် ၁၆၀၀-၁၇၀၀ ခန့်ရောင်းချနေရကြောင်း လက်ရှိယွမ်ငွေပေါက်ဈေးအရ တောင်သူများအတွက် အနည်းငယ်သာ အကျိုးအမြတ်ရရှိကြောင်း လာမည့်ဆောင်းရာသီ ဖရဲ၊သခွားရာသီတွင် အပြောင်းအလဲ မြန်နေသည့် ကုန်သွယ်မှုမူဝါဒများကြောင့် တင်ပို့ရန် အဆင်ပြေနိုင်မပြေနိုင်ခန့်မှန်းရန်ခက်ခဲကြောင်း ခွာညိုပွဲရုံ ပိုင်ရှင် ဦးစိုင်းခင်မောင်က ပြောသည်။

“ လက်ရှိမှာတော့ တစ်ရက်ကို မိုးဖရဲသီးကား ၃-၄ စီးတော့သွားနေပါတယ်။ ဒုန်းကျည်သီး တစ်တန် ၁၆၀၀-၁၇၀၀ ယွမ် ၊၈၅၅သီးက တစ်တန် ၁၀၀၀-၁၂၀၀၀ယွမ် ပေါက်ဈေးရှိပါတယ်။စိုက်ပျိုးမှု အခြေအနေကတော့ မနှစ်ကလျော့ကျထားတာထက်တော့ ပိုစိုက်လာနိုင်ပါတယ်။ပွဲရုံတွေကတော့ သူ့ပွဲရုံ ကိုယ့်ပွဲရုံတွေ ကြိတ်လုပ်နေကြတာပါ။လက်ရှိအသီးတင်ပို့မှု အခြေအနေကတော့ ငွေဈေးနဲ့ ရောင်းဈေးသင့်တင့်ပါတယ်။စိုက်ပျိုးစရိတ်သယ်ပို့စရိတ်ကလည်းကြီးတော့ တောင်သူ အတွက်နည်းနည်းပဲကျန်ပါတယ်။ လာမည့် ဆောင်းစိုက် အခြေအနေမှာ ကုန်သွယ်မှု အခြေအနေက မခန့်မှန်းနိုင်တော့ဘူး။ လက်ရှိမှာတောင် အမျိုးအမျိုးဖြစ်နေတော့ အဲ့ဒီချိန်ကျရင် ဘာမဆိုဖြစ်သွားနိုင်ပါတယ်´´ ဟု ၎င်းကပြောသည်။

ဖရဲစိုက်ပျိုးမှုမှာ လက်ရှိအချိန်တွင် တစ်ဧက ကျပ် သိန်း ၁၀၀ ကျော်ကုန်ကျသော်လည်း ပြည်တွင်းဈေးကွက်မှာ ဈေးကောင်းမရရှိခြင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့်နယ်မြေဒေသအေးချမ်းမှုမရှိတာကြောင့်ဖရဲ၊သခွားစိုက်ပျိုးမှုလျော့ကျလာခြင်းဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.