ယခုနှစ်ထွက်ရှိလာသည့် ထောပတ်ပဲသစ်များ ယခင်နှစ် ကာလတူပေါက်စျေးထက် စံချိန်တင်အမြင့်စျေးရရှိ

ရွှေမန်း

၂၀၂၂ ခုနှစ် ပဲရာသီအတွက် အသစ်ထွက်ရှိလာသည့် ထောပတ်ပဲများ မန္တလေးဈေးကွက်အတွင်းသို့ ယခုရက်ပိုင်းအတွင်း ဝင်ရောက်လာကာ အဖွင့်ဈေးမှာလည်း ယခင်နှစ်ကာလတူထက် တစ်စကျော်မြင့်တက်နေကြောင်း စံချိန်တင်အမြင့်စျေးဖြစ်လာကြောင်းမန္တလေးပဲကုန်သည်များထံမှ သိရ သည်။ပဲရာသီအသစ်၏ ထောပတ်ပဲများကို မတ္တရာ၊ စဉ့်ကူးနယ်များမှ အဓိကဝင် ရောက်လာပြီး၊ ယခင်နှစ်ကာလတူက ထောပတ်ပဲ(အပြားကြီး) သုံး တင်းဝင်တစ်အိတ်လျင်ငွေကျပ် ၈၀၀၀၀ ဈေးနှုန်းဖြင့် အဖွင့်ဈေးစခဲ့ သော်လည်း၊ ယခုနှစ်ထွက်ရှိလာသည့် ထောပတ်ပဲ(အပြားကြီး) သုံး တင်းဝင်တစ်အိတ်လျင်ငွေကျပ် ၁၈၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ထောပတ်ပဲ(အလတ်)မှာ ၁၆၀၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ထော ပတ်ပဲ(အသေး)မှာ ၁၁၀၀၀၀ ဈေးနှုန်းတို့ဖြင့် ပေါက်ဈေးရှိနေပြီး ယ ခင်နှစ်အဖွင့်ဈေးထက် တစ်ဆကျော်မြင့်တက်နေကြောင်း မန္တလေး မြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။” ထောပတ်ပဲဈေးနှုန်းက စပေါ်ပေါ်ခြင်းမှာပဲ စံချိန်တင်မြင့်တက်ပြီး ဈေးကောင်းရရှိနေပါတယ်။ လက်ရှိချိန်မှာ ထောပတ်ပဲက ပြည်တွင်း စားသုံးမှုအနေနဲ့လဲ အဝယ်လိုက်နေတယ်။ တရုတ်ဝယ်လက်တွေ ကလဲ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေဖွင့်တော့ စတင်ဝယ်ယူနေပါ ပြီ။ ၂၀၂၂ ခုနှစ် ပဲရာသီအစမှာ ထွက်သမျှပဲတွေအနက် ထောပတ် ပဲဈေးနှုန်းက ငါးနှစ်အတွင်းမှာ အမြင့်ဆုံးဈေးနှုန်းအနေနဲ့ စံချိန်တင် မြင့်တက်နေပါတယ်။ ထောပတ်ပဲကိုနှစ်စဉ် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ဥရောပနိုင်ငံတွေကို တင်ပို့ရောင်းချရပါတယ်။ ထောပတ်ပဲကို အထူး စိုက်ကွင်းတွေပြုလုပ်ပြီး စိုက်တာတွေလည်း တွေ့ရပါတယ်။ တစ် နှစ်မှာ တစ်ရာသီပဲ ဆောင်းသီးနှံအနေနဲ့ စိုက်ပျိုးလို့ရပါတယ်။ ယခု ဇန်နဝါရီလဆန်းကနေ စ တင်ထွက်ရှိတယ်။ ဖေဖော်ဝါရီလနဲ့ မတ် လအတွင်း အလှိုင်ဆုံးအနေနဲ့ ဈေးကွက်အတွင်း ဝင်ရောက်တာဖြစ် ပါတယ်။ ဈေးကွက်တောင်းဆိုမှုကြောင့် ထောပတ်ပဲဝယ်လိုအားက လည်း တစ်နှစ်ထက်တစ်နှစ် များပြားလာတာတွေ့ရှိရပါတယ်” ဟု ၎င်းကပြောသည်။ထောပတ်ပဲကို မြန်မာပြည်အလယ်ပိုင်းဒေသများတွင် အဓိ ကထားပြီး စိုက်ပျိုးကြကြောင်း၊ ထောပတ်ပဲကို အထူးစိုက်ပျိုးကြ သည့် ဒေသများမှာ မကွေးတိုင်းဒေသကြီးတွင် မင်းဘူး၊ ဆင်ဖြူ ကျွန်းနှင့် စလင်းဒေသများ၊ မန္တလေးတိုင်းဒေသကြီးတွင် မလှိုင်၊ တောင်သာ၊ နွားထိုးကြီးဒေသများနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဂန့်ဂေါ၊ ကလေး၊ ကလေးဝ၊ ရွှေဘို၊ ကဘော်ချိုင့်ဝှမ်းဒေသများတွင် စိုက်ပျိုးကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published.