မြေထောက်ပဲများ စံချိန်တင်အမြင့်စျေးဖြင့် တရုတ်နယ်စပ်သို့ အများဆုံးတင်ပို့ရောင်းချနေရ

ရွှေမန်း

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာဒေသ ၊ မန္တလေးတိုင်းဒေသကြီး တကောင်းဒေသထွက် မြေထောက်ပဲ များ မန္တလေး၊ ဗန်းမော်မှတစ်ဆင့် စံချိန်တင်အမြင့်စျေးဖြင့် တရုတ်နယ်စပ်သို့အများဆုံး တင်ပို့ ရောင်းချနေရကြောင်း သိရသည်။
 ဒေသတွင်းလှောင်လက် အနည်းငယ်သာရှိပြီး အများအား ဖြင့် တရုတ်နယ်စပ်သို့ တင်ပို့ နေရာ ယခုဖေဖော်ဝါရီ မြေထောက် ပဲ ပေါ်စတွင် တင်း ၃၀၀၀ ခန့် နေ့စဉ် မန္တလေးဈေးကွက်သို့ တင်ပို့နေရာ သုံးတင်းဝင်တစ်အိတ်လျှင် ၂၇၆၀၀၀ ထိစံချိန်တင်အမြင့်စျေးရရှိနေကြောင်း သိရသည်။
မြေထောက်ပဲ တစ်ဧက ကုန်ကျစရိတ်သည် ငွေကျပ် ခြောက်သိန်းခန့်ရှိပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်း အဆန်(အစေ့) ၁၆ တင်းခန့်ထွက်သည်။ လက်ရှိ မြေထောက်ပဲ အထိုင်ပေါက် ဈေး တစ်တင်း ငွေကျပ် ခုနစ်သောင်း၊ မန္တလေးဈေး တစ်တင်း ငွေကျပ် ရှစ်သောင်းရှိရာ တစ်ဧကဝင်ငွေ သည် ကျပ် ၁၁သိန်း ၂သောင်းခန့် ရှိကြောင်း သိရသည်။
မြေထောက် ပဲများကို ဧရာ၀တီမြစ်ဝှမ်း တစ်လျှောက် မြေနုကျွန်းများတွင် စိုက်ပျိုးကြပြီး မြေထောက်ပဲသည် လူကြိုက်များပြီး ဈေးကွက်ခိုင်မာ ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.