မြို့သစ်မြို့နယ်မှ Covid-19 ပိုးတွေ့ လူနာကို မကွေးတိုင်းဆေးရုံကြီးတွင် ပြောင်းရွှေ့ကုသပေးလျက်ရှိ၊ ကျန်းမာရေးကောင်းမွန်

ကျန်းမာရေးဝန်ကြီးဌာန ဧပြီလ ၁၃ရက်နေ့ ထုတ်ပြန်ချက်အရ မကွေးတိုင်း ၊ မြို့သစ်မြို့နယ်မှ Covid-19 ပိုးတွေ့ လူနာကို မကွေးတိုင်းဆေးရုံကြီးတွင် ပြောင်းရွှေ့ကုသပေးလျက်ရှိရာ လူနာမှာ ကျန်းမာရေးကောင်းမွန်လျှက်ကြောင်း သိရပါတယ်။
မနက်က၂နာရီအချိန်ခန့်လောက်မှာ ရောက်ပါတယ်၊ အခြေအနေကောင်းမွန်ပါတယ်မကွေးတိုင်းဆေးရုံကြီးမှာ ပိုးတွေ့လူနာအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အခန်းတွေ ၊ ကုတင်တွေ ၊ အသက်ရှူကူစက်တွေ အဆင်သင့်ရှိပါတယ်၊လူနာအခြေအနေကကောင်းပါတယ်၊ အထူးကုကြီးတွေနဲ့ညနေ၃နာရီမှာ အစည်းအဝေးလုပ်ဖို့ခေါ်ထားတယ်၊ အဲဒီအစည်းအဝေးပြီးမှအသေးစိတ်ပြောလို့ရမှာပါလို့ မကွေးတိုင်းဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက မကွေးဂျာနယ်ကို ပြောပါတယ်။
အဆိုပါပိုးတွေ့လူနာဟာ မြို့သစ်မြို့နယ်၊ ထန်းတစ်ပင်ကျေးရွာက အသက် ၃၁နှစ် အရွယ်ရှိတဲ့ ကိုသန်းထွန်း ဆိုသူဖြစ်ပါတယ်။
ပိုးတွေ့ရှိသူသည် မတ်လ ၂၉ရက်နေ့မှ ထိုင်းက ပြန်ဝင်လာကြောင်း သိရပါတယ်။
သူကထိုင်းကနေပြီးတော့ မတ်၂၉ရက်နေ့က ပြန်လာတယ်၊ မြဝတီကဆက်ထွက်လာပါတယ်၊ ရန်ကုန်ကို မတ်၃၀ရက်နေ့မနက်အစောကြီးရောက်ပါတယ်၊ ရန်ကုန်ကနေပြည်ကိုထွက်လာပါတယ်၊ ပြည်ကိုနေ့ခင်း၁၂နာရီလောက်ရောက်ပါတယ်၊ ပြည်ကနေပြီးတော့ မြို့သစ်ကိုကားဌားလာကြတာပါ၊ မြို့သစ်ကိုညနေ၇နာရီ၁၅မီနစ်လောက်မှာရောက်ပါတယ်၊ မတ်၃၀ရက်နေ့မြို့သစ်မြို့နယ် Quarantine Centerမှာကျန်းမာရေးစစ်ဆေးမှုလုပ်ပြီးတော့ Fastility Quarantineလုပ်ထားပါတယ်၊
ဧပြီလ၁၄ရက် ည၁၂နာရီ၅၀မီနစ်လောက်မှာမကွေးဆေးရုံပို့လိုက်ပါတယ်လို့ မြို့သစ်မြို့နယ် Covid-19ကာကွယ်တားဆီးထိန်းချုပ်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းဇော်ဦးက ပြောပါတယ်။
မြို့သစ်မှာ စောင့်ကြည့်ထားတဲ့ အဖွဲ့တွေထဲက ပိုးစစ်ထားတာတွေ ရှိကြောင်း၊ ထိုင်းပြန်လူ ၂၃ဦးအဖွဲ့ထဲက ၁၃ဦးကို ဧပြီလ၁၂ရက်နေ့က စစ်ဆေးခဲ့ကြောင်း၊ ၁၂ ဦးမှာ ယခု၁ဦးသာ ပိုးတွေ့ရှိကြောင်း၊ ကျန်နေသေးသည့် ၁၀ဦးကို ထပ်စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းအစိုးရထံက သိရပါတယ်။
ပိုးတွေ့လူနာနှင့် ပတ်သက်ပြီး နောက်ကြောင်းရာဇဝင်များ ထပ်မံအတည်ပြုရှာဖွေမှုတွေ လုပ်မယ်လို့ သိရပြီးထပ်ပြီးစစ်ရမယ့်သူတွေ ၊ စောင့်ကြည့်ကန့်သတ် ရမယ့်သူတွေကို သတ်မှတ် လုပ် ဆောင်သွားမယ်လို့ မြို့သစ်မြို့နယ် Covid-19ကာကွယ်တားဆီးထိန်းချုပ်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းဇော်ဦးက ပြောပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
သတင်းပုံ ကိုအောင်ကျော်(မြို့သစ်)

Leave a Reply

Your email address will not be published.