မြို့သစ်က Case No ၀၅၃လူနာ ကျန်းမာရေကောင်းလာလို့ တိုင်းဆေးရုံးက ဆင်ခွင့်ရ

မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေသော မြို့သစ်မြို့မှ Case No ၀၅၃ကို ယနေ့ မေလ၃ရက်နေ့က ဆေးရုံမှ ကျန်းမာစွာဖြင့် ( D/C ) ဆင်းခွင့် ပေးလိုက်ပြီဖြစ်ကြောင်း တိုင်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက ပြောပါတယ်။
Case No ၀၅၃လူနာဟာ စစ်ဆေးမှု Nagitive၂ခါဖြစ်တဲ့အတွက် ဒီနေ့ဆေးရုံးကဆင်းပေးတော့မှာဖြစ်ပါတယ်၊ ဒီ‌နေ့ဟာ မကွေးတိုင်းရဲ့မင်္ဂလာရှိတဲ့နေတစ်နေ့ပါ၊အားလုံးရဲ့အောင်မြင်မှုလို့ပြောရမှာပါ၊ တိုင်းဒေသကြီးရဲ့ပူးပေါင်းမှု၊ ကျန်းမာရေးဌာနရဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကြောင့် မြို့သစ်ကလူနာဟာ ကျန်းကျန်းမာမာကောင်းမွန်စွာဖြင့် ဆေးရုံးကဆင်းရတော့မှာဖြစ်ပါတယ်၊ မဆင်းခင်မှာ လိုက်နာရမဲ့ဆောင်ရွက်ချက်တွေကို ပြောကြားသွားမှာဖြစ်ပါတယ်လို့ ​ဆေးရုံအုပ်ကြီးဒေါက်တာမြတ်စိုးကပြောပါတယ်။။
မကွေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် Covid-19 ရောဂါဖြင့်
တက်ရောက်ဆေးကုသမှုခံယူနေသော မြို့သစ်မြို့နယ် ၊ ထန်းတပင်ကျေးရွာက
Case No ၀၅၃သည် (၁၉) ရက်ကြာကုသမှုခံယူပြီးနောက် ၂ကြိမ်စစ်ဆေးမှုပြုလုပ်ပြီးသည်အထိ Nagitiveဖြစ်ပြီး ပိုးမတွေ့တာဖြစ်တဲ့အတွက် ယခုလိုကျန်းမာစွာ ဆေးရုံကဆင်းခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ် ။
အဆိုပါ လူနာဟာတည်ငြိမ်ကောင်းမွန်လျက်ရှိပြီး ကျန်းမာသန်စွမ်းလန်းဆန်းလျက်ရှိကြောင်း သိရပါတယ်။
ကျွန်တော်တို့ဆေးရုံကို ဧပြီလ ၁၃ရက် မနက်၂နာရီကတည်းက စနစ်တစ်ကျခေါ်ဆောင်လာပြီးတော့ စနစ်တစ်ကျပြုစုကုသပေးခဲ့ပါတယ်၊ စုစုပေါင်းဆေးရုံတက်ရက်ကမေလ၃ရက်နေ့အထိဆို ၁၉ရက်တိတိကြာမြှင့်တာဖြစ်ပါတယ်၊ ကျွန်တော်တို့ကလဲတတ်နိုင်သလောက်တော့ ဆေးရုံရှိတဲ့အင်းအား၊ ရှိတဲ့ဝန်ထမ်းတွေနဲ့ ပြုစုကုသမှုပေးခဲ့တာဖြစ်ပါတယ်၊ နောက်လဲစောင့်ကြည့်လူနာတွေကို တတ်နိုင်သလောက်ကုသပေးသွားမှာဖြစ်ပါတယ်၊ စောင့်ကြည့်လူနာ၄ယောက်ရှိပါသေးတယ်၊ ဒီ‌၄ဦးရဲ့အဖြေကိုသိရှိဖို့အတွက် နှာ‌ခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်‌တွေကို ရန်ကုန်မှာရှိတဲ့အမျိုးသားဓါတ်ခွဲခန်းပို့ဆောင်သွားမှာဖြစ်ပါတယ်၊ အခု Case No ၀၅၃ဟာ Nagitive၂ခါဖြစ်တဲ့အတွက်ဆေးရုံက ဆင်းပေးလိုက်ပါတယ်၊ဆင်းပေးလိုက်သော်လဲ သက်ဆိုင်ရာမြို့နယ်ဖြစ်တဲ့ မြို့သစ်မြို့နယ်မှာတော့ ကျန်းမာရေးအားကစားဝန်ကြီးဌာနက ထုတ်ပြန်ညွှန်ကြားထားတဲ့ F Quarantineတစ်ပတ်ခန့်ဝင်ရမှာဖြစ်ပါတယ်၊ တစ်ပတ်ခန့်ဝင်ပြီးလို့ကောင်းတယ်ဆိုရင် Home Quarantineတစ်ပတ်ခန့်ဝင်ရမှာဖြစ်ပါတယ်လို့ ဆေးရုံအုပ်ကြီးဒေါက်တာမြတ်စိုးက ပြောပါတယ်။
မြို့သစ်မြို့ကနေ မကွေးဆေးရုံးကြီးကိုရောက်တဲ့အချိန်ကစပြီး ဒီမှာရှိတဲ့ဆရာ/ဆရာမတွေက ကျန်းမာရေးကို လိုလိုသေးမရှိအောင် စောင့်ရှောက်ပြုစုခဲ့ပါတယ်၊ကျွန်တော်ဒေသပြန်ရောက်ရင် ဆရာ/ဆရာမတွေ ညွှန်ကြားထားတဲ့အတိုင်းလိုက်နာဆောင်ရွက်ပြီး နေထိုင်သွားမှာဖြစ်ပါတယ်၊ ဆရာ/ဆရာမတွေ စောင့်ရှောက်မှုကြောင့် ကျန်းမာရေးအကုန်ကောင်းမွန်လာပါတယ်လို့ မြို့သစ်မြို့နယ်မှ Case No ၀၅၃လူနာက ပြောပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်

Leave a Reply

Your email address will not be published.