မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ယခင်နှစ်နှင့် ကာလတူ ၃ လကြာ နှိုင်းယှဉ်သည့် ကုန်သွယ် မှုပမာဏ လျော့ကျ

ရွှေမန်း

မြန်မာ-တရုတ် နစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင်း စီးပွား/ကူးသန်းမှ ထုတ်ပြန်သည့် အချက်အလက်များအရ ဧပြီ ၁ရက်မှ ဇွန် ၁၅ ရက်နေ့ထိ ၃ လကြာအတွင်း ယခင်နှစ်နှင့် ကာလတူ နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ လျော့ကျခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်စပ်ကုန်သွယ်မှု ကုန်သွယ်ရေးစခန်း ၅ ခုမှာ မူဆယ်၊ လွယ်ဂျယ်၊ချင်းရွှေဟော်၊ကံပိုက်တီးနှင့် ကျိုင်းတုံနယ်စပ်မြို့များတွင်ရှိပြီး ကံပိုက်တီးကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှုပမာဏ လျော့နည်းမှုမရှိခဲ့ ဟုဆိုသည်။

“ပို့ကုန်/သွင်းကုန်မှာ မူဝါဒအပြောင်းအလဲနဲ့ ငွေလဲလှယ်နုန်းတွေက ကုန်သွယ်မှုအပေါ် သက်ရောက်မှုရှိတယ်။ နယ်စပ်ကုန်သွယ်ရေးမှာ နယ်စပ်ဖြတ်ကျော်မှု အစီအမံတွေကလည်း နှစ်နိုင်ငံကုန်သွယ်မှုမှာ အရေးကြီးတယ်။ တရုတ်အကောက်အခွန်ဗျူရိုရဲ့ထုတ်ပြန်ချက်အရ၂၀၂၂ခုနှစ်၊ဧပြီ၁ ရက်ကနေ ဇွန် ၁၇ ရက်ထိ မူဆယ်နယ်စပ် ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၃၅၃သန်းရှိခဲ့တယ်”ဟုနယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု တန်ဖိုး(အမေရိကန်ဒေါ်လာသန်းပေါင်း)မှာ ဧပြီ ၁ရက်မှ ဇွန် ၁၅ ရက်ထိ ၂၀၂၁ ခုနှစ်က မူဆယ်တွင် ၈၂၀ ဒသမ ၇၇၇ ၊လွယ်ဂျယ်တွင် ၆၂ ဒသမ ၈၂၁၆၊ချင်းရွှေဟော်တွင် ၇၇ ဒသမ ၉၃၄၊ကံပိုက်တီးတွင် ၃၁ဒသမ ၁၅၂၊ ကျိုင်းတုံတွင် ၆ဒသမ၆၄၈ ၊စုစုပေါင်း၉၉၉ ဒသမ၃၂၇ ဖြစ်ပြီး ယခုနှစ် ကာလတူ ကုန်သွယ်မှုတန်ဖိုး(ဒေါ်လာသန်းပေါင်း)မှာ မူဆယ်၌ ၅၂၆ဒသမ၉၄၀၊လွယ်ဂျယ်၌ ၅၉ ဒသမ ၃၇၈၊ ချင်းရွှေဟော်၌ ၂၅ဒသမ၉၅၂ ၊ကံပိုက်တီး၌ ၃၈ ဒသမ၀၇၄၊ကျိုင်းတုံ၌ ၃ဒသမ၉၅၂ ၊စုစုပေါင်း ၆၅၄ ဒသမ ၂၉၆ ဖြစ်သည်။

ဧပြီ ၁ ရက်မှ ဇွန်လ ၁၅ ရက်နေ့ထိ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် ကာလတူနှိုင်းယှဉ်ချက်များအရ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်း ၅ ခုပေါင်း၏ ကုန်သွယ်မှုပမာဏ(အမေရိကန်ဒေါ်လာ)မှာ ၃၄၅ ဒသမ ၀၃၁ လျော့ နည်းသော်လည်း ကံပိုက်တီးကုန်သွယ်ရေးစခန်း၌ လျော့နည်းခြင်းမရှိဘဲ အနည်းငယ်မြင့်တက်ခဲ့ကြောင်းသိရ သည်။

Leave a Reply

Your email address will not be published.