မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်စနစ် စတင်ကျင့်သုံးမည် ။

ရွှေမန်း

နယ်စပ်ကုန်သွယ်မှု၌ ၂၀၂၂ ခုနစ်၊နိုဝင်ဘာ ၁ ရက်နေ့ကစတင်၍ ထိုင်းနိုင်ငံနယ်စပ်ကုန်သွယ်ရးတွင် ဘဏ် စနစ်ဖြင့် ကနဦးအဆင့် ကျင့်သုံးခဲ့ပြီးနောက် တရုတ်နယ်စပ်ကုန်သွယ်ရေးတွင်လည်း၂၀၂၃ ခုနှစ်၊သြဂုတ် ၁ ရက်နေ့မှ စတင်ကာ ဘဏ်စနစ်ဖြင့် ကျင့်သုံးမည်ဖြစ်ကြောင်းသိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပို့ကုန်သွင်းကုန်နင့် သက်ဆိုင် သည့် သတင်းလွှာ (၁၀/၂၀၂၃)ဖြင့် ထုတ်ပြန်အသိပေးထားသည်ဟုဆိုသည်။

“တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ ဘဏ်နစ်ကျင့်သုံးမှာဖြစ်တဲ့အတွက် တစ်ဖက်နိုင်ငံက သွင်းကုန်ပစ္စည်းတွေ တင်သွင်းရာမှာ ပို့ကုန်တင်ပို့မှုက ရရှိတဲ့ ဝင်ငွေ၊ အခြားဝင်ငွေများနင့် ပြည်တွင်း ဘဏ်မှဖြစ်စေ၊ဝယ်ယူရရှိထား သော ငွေစာရင်းလက်ကျန် (ယွမ်ငွေ)ကို အသုံးပြုတင်သွင်းခွင့် ပြုမှာဖြစ်လို့ သက်ဆိုင်ရာ ဘဏ်များကတဆင့် သွင်းကုန်အတွက် ငွေပေးချေရမှာပါ”ဟု ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူကပြောသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုတွင် ကုန်စည်တင်သွင်းမှုများအတွက် သွင်းကုန်လိုင်စင် လျှောက်ထားရာ၌ ကုမ္ပဏီများအနေဖြင့် မိမိဘဏ်စာရင်းသို့ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသော ဝင်ငွေင်(သို့မဟုတ်)အခြားဝင်ငွေဝင် ရောက်ကြောင်း(သို့မဟုတ်) ပြည်တွင်းဘဏ်မှ ဝယ်ယူထားကြောင်း သက်ဆိုင်ရာ ဘဏ်မှထုတ်ပေးသည် အထောက်အထားနှင့် ဘဏ်ငွေစာရင်းရှင်းတမ်းမူရင်းတို့ကို ကုန်သွယ်ရေးဦးစိးဌာနသို့ တင်ပြလျှောက်ထားရန် နှင့် ငွေစာရင်းလက်ကျန်ပမာဏထက် မကျော်လွန်ဘဲ သွင်းကုန်လိုင်စင်ခွင့်ပြုမည်ဖြစ်သည်။

“တင်သွင်းခွင့်ပြုရာမှာ ပို့ကုန်ကနေ ရရှိတဲ့ ဝင်ငွေနဲ့ အခြားဝင်ငွေက ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ၁ ရက် နောက်ပိုင်း ဝင်ရောက်တဲ့ငွေကိုပဲ အသုံးပြုခွင့်ရှိပါတယ်။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုကနေ အခြား တစ်ခုကို လွှဲပြောင်းဆောင်ရွက်နိုင်တယ်”ဟု ဆက်လက်ပြောကြားသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်း ၅ ခုရှိရာ ၂၀၂၃ ခုနှစ်၊ဧပြီလမှ ဇူလိုင် ၂၁ ရက်ထိ ကုန်သွယ်မှု ပမာဏ(ယာယီ)စာရင်းများအရ ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ ၆၈၃ ဒသမ၁၀၄ သန်း၊သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅၄၅ဒသမ၅၉၉ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၂၈ ဒသမ၇၀၃ သန်း ကုန်သွယ်မှုရှိခဲ့ကြောင်း စီးပွား/ကူးသန်းမှ သိရသည်။

Leave a Reply

Your email address will not be published.