ရွှေမန်း

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှုလျင်မြန်ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းများအဆင်ပြေစေရေး အတွက်နယ်စပ်မှ ကုန်သွယ်ရေးဂိတ်အချို့၌ ကိုဗစ်စစ်ဆေးမှုများနှင့် ရှန်တိန်ကား ချိန်း စနစ်ကို ဒီဇင်ဘာ ၁၁ ရက်က စ၍ ဖျက်သိမ်းလိုက်ကြောင်းနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ယခုလုံချွမ်လွယ်ဂျယ်ိတ်ပေါက်တွင် ပိုးသတ်ခြင်း၊စစ်ဆေးခြင်းနှင့် ရှန်တိန်စနစ်အားလုံးဖျက်သိမ်းလိုက်ခြင်း ဖြစ် ပြီး ကျင်စန်းကျော့ဂိတ်တွင်လည်း မကြာမီအလားတူဖျက်သိမ်းသွားမည်ဟု ဆိုသည်။

“ရှန်တိန်မရှိတော့တဲ့အတွက် တရုတ်ဘက်ကို ကိုယ့်ကားကို တိုက်ရိုက်မောင်းသွားလို့ရပြီ။ Export ကုန်တင် ကား တွေလည်း ဆေးဖြန်းတာမရှိတော့ဘူးဆိုတော့ ကားတွေ ၀င်ထွက်မြန်လာလို့ ကုန်သွယ်မှုလျင်မြန်သွက် လက်လာတယ်။ကုန်တင်ကားတွေလည်း ရက်တွေအများကြီးစောင့်ရလို့ သီးနှံတွေ ပျက်စီးတာမရှိသလို ကိုယ့် တောင်သူတွေရဲ့ သစ်သီးတွေဈေးကောင်းရလာမယ်”ဟု ၎င်းကပြောသည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ဖြတ်သန်းယာဉ်များကို ပိုးသတ်ဆေးဖျန်းခြင်းမပြုတော့၍ ဆေးဖျန်းပြီး ၁၂ နာရီစောင့်ဆိုင်းရန်မလိုတော့ခြင်း၊စစ်ဆေးရေးဂိတ်တွင် အထောက်အထားနှင့် ၀င်ခွင့်ကတ်မလိုတော့ခြင်း၊ ရှန်တိန်စနစ်မရှိတော့ခြင်း၊တရုတ်သို့ ပို့ကုန်စာရင်း ကြိုတင်ပေးရန်မလိုတာ့ခြင်းစသည်တို့ကြောင့် ကုန်သွယ်မှု တိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။

၎င်းကဆက်လက်ပြောကြားရာတွင် “ခုဆိုရင် အသီးကားတွေ တစ်ရက်ကို ၇၀ ကျော်လောက်ရှိ လာပြီ။ အရင် လတွေမှာ ၃၀ လောက်ပဲရှိတယ်။ တရုတ်ပြည်ဘက်က Lock Down တွေဖြုတ်လိုက်လို့ တရုတ် ၀ယ်လက်တွေ နယ်စပ်ဆင်းလာကြတော့ အ ရောင်းအ၀ယ်ကောင်းလာတယ်။သစ်သီးဝလံရာသီအတွက် ရောင်ခြည်တစ်ခု ပေါ့”ဟု ပြောကြားခဲ့သည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ ဖြေလျှော့မှုများကြောင့် သစ်သီးဝလံဈေးကွက်သို့ ဖရဲ၊ သခွား နှင့် တရုတ်ပို့ကုန်များတင်ပို့လျက်ရှိနေပြီး ယခင်လများထက် အရောင်းအ၀ယ်သွက်လာကြောင်း၊ပို့ကုန်/ သွင်း ကုန် လုပ်ငန်းများလည်း ယခင်လများထက် ပိုမိုမြန်ဆန်လာရာက ကုန်သွယ်မှုပမာဏမြင့်တက်လာမည်ဟု သုံးသပ်မှုများရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.