မြန်မာ့စိန်တလုံး သရက်သီးဈေးကွက်အလားအလာ

ရွှေမန်း

ပြည်တွင်းမှာ စိန်တလုံးသရက်သီးကို တန်ဖိုး မြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရန် ပြင်ဆင် သင့်ပြီး လတ်ဆတ်သီးနှံအဖြစ် စိန်တလုံးသရက် သီးကို ၂၀၁၁ခုနှစ်က စတင်ကာ တရုတ်ဈေးကွက် အပြင် အခြားနိုင်ငံများကို တင်ပို့ခဲ့သည်။

ထိုသို့ တင်ပို့ရာတွင်လည်း အရည်အသွေး ထိန်းသိမ်းမှုဆိုင်ရာများကို ကြိုတင်ပြင်ဆင်ပြီး ဈေးကွက်ဈေးကောင်းရရှိနိုင်သည့် နိုင်ငံခြားဈေး ကွက်သို့ တင်ပို့ရာတွင် ခေတ်မီအအေးခန်းများဖြင့် သိုလှောင်ခြင်း၊ အအေးခန်းကွန်တိန်နာများဖြင့် တင် ပို့နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်လိုအပ်လျက်ရှိသည်။
ထို့သို့တင်ပို့ရာတွင်အအေးခန်းကွန်တိန်နာများ အခက်အခဲရှိနိုင်ခြင်း၊ သယ်ယူပို့ဆောင်စရိတ်ကြီး မြင့်ခြင်းများကြောင့် နိုင်ငံခြားဈေးကွက်သို့ တင်ပို့ ရာတွင် တင်ပို့နိုင်သည့် ကုန်သည်အချို့သာ တင်ပို့ နေပြီး တောင်သူများက ထိုကုန်သည်အနည်းငယ် ထံသို့သာ ရောင်းချရသဖြင့် ဈေးကွက်ဈေးကောင်းရ သော်လည်း ပမာဏများများ တင်ပို့နိုင်ခြင်းမရှိ ဖြစ်နေသည်။

လက်ရှိအချိန်တွင် ပြည်တွင်းသရက်သီး အမျိုး အစားအနည်းကိုသာ နယ်စပ်ဒေသ မူဆယ်မှတစ်ဆင့် အများအပြား တင်ပို့နေသော်လည်း လမ်းခရီး ကွာဝေးခြင်း၊ ထုပ်ပိုးမှုအားနည်းခြင်း၊ သရက်သီး၏ စင်တင်ကာလ ၅-၇ရက်အတွင်းသာ တင်ပို့ရသဖြင့် ပျက်စီးမှုများရှိနေပြီး ဆုံးရှုံးမှုများဖြင့် တောင်သူ များ နှစ်စဉ်ရင်ဆိုင်နေရသည်။ သို့သော်လည်း တင်ပို့မှုပမာဏများများကို ဝယ်ယူနိုင်သည်မှာ လည်း တရုတ်ဈေးကွက်တစ်ခုသာရှိနေသည်။ ထို့ကြောင့် သရက်သီးရာသီတွင် တောင်သူများ အနေဖြင့် တရုတ်ဈေးကွက်ကိုသာ တင်ပို့ရောင်း ချပြီး အရည်အသွေးအလိုက် ဈေးဖြတ်ခြင်းကို တစ်ဖက်နိုင်ငံသို့ ရောက်ရှိချိန်မှသာ ဈေးဖြတ် သဖြင့် ဈေးကောင်းရသင့်သလောက် မရရှိဘဲ ရောင်းချနေရသည်မှာ ၂၀၁၇ ခုနှစ် ကတည်းက ဖြစ်သည်။

ယင်းနောက် ကိုဗစ်ကာလတွင် တင်ပို့နိုင်မှု လျော့ချသွားပြီး ပြည်တွင်းဈေးကွက်တွင်သာ ရောင်းချရသည့် အနေအထားဖြစ်လာသည်။ တစ်ချိန်တည်းမှာပဲ ကိုဗစ်ကာလအတွင်း ပြည်ပ လေယာဉ်များ ရပ်နားထားချိန် ပင်လယ်ရေကြောင်းမှ အအေးခန်းကွန်တိန်နာများဖြင့် စတင် တင်ပို့ရန် အခွင့်အလမ်း ပေါ်ပေါက်ခဲ့ပြီး စင်ကာပူနိုင်ငံသို့ တန် ၅၀ခန့် ယင်းနှစ်တွင် စတင် တင်ပို့နိုင်ခဲ့သည်။

ထိုသို့ တင်ပို့ရာတွင် တောင်သူများထံမှ ဝယ်ယူရရှိသည့် အရည်အသွေးကောင်း အသီး များကို အရွယ်အစားအလိုက် ရွေးချယ်ပြီး ဆေးကြောသန့်စင်ကာ အအေးခန်းအတွင်း သိုလှောင် ပြီး သင်္ဘောရက်ချိန်းဖြင့် ချိန်ညှိကာ တင်ပို့ရတာ ဖြစ်တာကြောင့် ပမာဏများများ တင်ပို့နိုင်ခြင်းမရှိခဲ့ သလို လိုချင်သည့်ပမာဏကိုလည်း တစ်ပြိုင်နက် တည်း ရရှိရန် အခက်အခဲရှိတာကြောင့် ရွေးချယ်ပြီး အရည်အသွေးကောင်းအသီးများကိုသာ တင်ပို့ ရောင်းချပြီး ကျန်အသီးများကို ပြည်တွင်း ဈေးကွက် တွင်သာရောင်းချခဲ့ရသည်။

ပို့ကုန်စိန်တလုံး သရက်သီးများကို ပို့ကုန်တင်ပို့ နိုင်ရန် အတွက် သရက်ခြံများက လာရောက်သွင်း သည့် ပမာဏမှ ၁၀-၆၅ ရာခိုင်နှုန်း ကိုသာရွေးချယ် ဝယ်ယူပြီး ပို့ကုန်အဖြစ် တင်ပို့နိုင်ခြင်းဖြစ်သည်။
အားသာချက်အနေဖြင့် မြန်မာ့စိန်တလုံး သရက်သီးမှာ အရသာကောင်းမွန်ပြီး အချိုဓာတ် ၁၅-၁၈ရာခိုင်းနှုန်းထိ မြင့်မားတာကြောင့် အခြား နိုင်ငံများမှ သရက်သီးများနည်းတူ ဈေးကွက်ဈေး ကောင်း ရရှိနေခြင်းသည် အားသာချက်တစ်ခုရှိနေ ခြင်း ဖြစ်သည်။

အားနည်းချက်မှာ ယခင်ကတည်းက အသီး ဆွတ်ခူးထုပ်ပိုးမှု အားနည်းချက်များကြောင့် တာရှည်မခံနိုင်ခြင်း သယ်ဆောင်ရာတွင် လွယ်ကူမှု မရှိခြင်းတို့ကြောင့် အဝေးတင်ပို့မှုများမှာ အသီး ပျက်စီးမှုဖြစ်နေခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ပို့ကုန်သရက်သီးများကို ၁၆ ကီလိုခြင်းများဖြင့် ဖော့စွတ်ခြင်း၊ စက္ကူပတ်ခြင်းများဖြင့်သာ တင်ပို့ နေခြင်း ဖြစ်သည်။

အအေးခန်းကွန်တိန်နာဖြင့် တင်ပို့မည်ဆိုပါက အသီးအရည်အသွေးကောင်းများကို ရွေးချယ် ဆေးကြောပြီး အရွယ်အစားအလိုက် ဂျပ်ဖာ များဖြင့်သာ ၁၀ ကီလိုဖာများဖြင့်လည်းကောင်း၊ ၁၆ ကီလိုခြင်းများဖြင့် ထည့်ရာတွင်လည်း ၁၅ ကီလို ခန့်သာထည့်ပြီး အသီးပျက်စီးမှု နည်းစေရန်နှင့် လေဝင်လေထွက်ကောင်းစေရန် ထုပ်ပိုးပြီး ပေ ၂၀ အအေးခန်း ကွန်တိန်နာဖြင့် ၁၁-၁၂ အအေးဒီဂရီတွင် ထားရှိပြီး ဆိပ်ကမ်းအရောက် တင်ပို့ကာ သင်္ဘော ဖြင့်လည်း အအေးခန်းအတိုင်း သယ်ယူပို့ဆောင်ခြင်း ဖြစ်သဖြင့် စင်ကာပူဈေးကွက်တွင် မြန်မာ့စိန်တစ်လုံး ကို လတ်ဆတ်သီးနှံအဖြစ် စူပါမားကတ်ကြီးများ တွင် မြင်တွေ့နေရခြင်းဖြစ်သည်။

သို့သော်လည်း ပမာဏများများ တင်ပို့နိုင်ခြင်း မရှိသေးသည်မှာ ပြည်တွင်းတွင် အအေးခန်းများ မရှိခြင်း၊ အအေးခန်းကွန်တိန်နာများငှားရမ်းခဈေး ကြီးမြင့်ခြင်းများကြောင့် တောင်သူများ လက်လှမ်း မမီသည့် တင်ပို့မှုလုပ်ငန်းစဉ်တစ်ခု ဖြစ်နေသည်။
ထို့ကြောင့် အသင်းအဖွဲ့များမှ ဦးဆောင်ပြီး ကုမ္ပဏီများမှတစ်ဆင့် စုပေါင်းတင်ပို့ ရောင်းချလျှင် ပြည်ပဈေးကွက်တွင် ဈေးကောင်းရရှိနိုင်သည့် စိန်တလုံးသရက်သီးကို တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိလာမည်ဖြစ်သည်။ လက်ရှိ အချိန်တွင် ဈေးကွက်ဖော်ဆောင်ရန် ပို့ကုန်ကုမ္ပဏီ အချို့က တနိုင်တပိုင် လုပ်ငန်းအဖြစ်သာ တင်ပို့ နေခြင်း ဖြစ်သည်။

နိုင်ငံခြားဈေးကွက်တွင် နာမည်ကောင်းရရှိပြီး ဈေးကွက်အလားအလာကောင်းသည့် စိန်တလုံးကို လတ်ဆတ်သီးနှံအဖြစ် တင်ပို့ရန် ရေရှည်အတွက် သရက်သီးထွက်ရှိရာ ဒေသများတွင် အအေးခန်း တည်ဆောက်ပြီး သိုလှောင်ကာ အအေးခန်းကား များဖြင့် တင်ပို့နိုင်ပါက တောင်သူများအတွက် အကျိုးပိုမိုရရှိလာမည် ဖြစ်သည်။
မြန်မာ့စိန်တလုံးကို ပထမဆုံး နိုင်ငံခြားတင်ပို့မှု ကို မန္တလေးတိုင်းဒေသကြီး သရက်အစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ(သဇင်နွယ်) သရက်ခြံက ဦးဆောင်ပြီး စင်ကာပူနိုင်ငံသို့ စတင် တင်ပို့ခဲ့ခြင်း ဖြစ်သည်။

ပို့ကုန်သရက်သီးအရည်အသွေးကို ရေရှည် ထိန်းသိမ်းရန်အတွက် နယ်မြေဒေသအလိုက် တောင်သူအစုအဖွဲ့များက စုပေါင်းပြီး တညီ တညာတည်း အသီးထွက်ရှိရန် ဆောင်ရွက်ခြင်း၊ ဂျီအေဘီလမ်းစဉ်များကို လိုက်နာဆောင်ရွက်ခြင်း၊ ဈေးကွက်သို့ စုပေါင်းရောင်းချခြင်းများကို ဆောင် ရွက်ပါက ပို့ကုန်အရည်အသွေးထိန်းသိမ်းပြီး ဈေးကွက်ဈေးကောင်း လည်း ရရှိလာမည်ဖြစ်သည်။ မိမိခြံမှထွက်ရှိသော သရက်သီးများကို အလေ အလွင့်မရှိ အရည်အသွေးအလိုက် ရောင်းချနိုင်ရန် အတွက် နိုင်ငံခြားဈေးကွက်သို့ တင်ပို့မည့် ပို့ကုန် အသီး၊ ပြည်တွင်းဈေးကွက်တွင်သာရောင်းချမည့် အသီးများကို ခွဲခြားပြီး ရောင်းချနိုင်ပါက ဝင်ငွေ ပိုမိုရရှိလာမည်။

မြန်မာ့စိန်တလုံးကို တရုတ်နိုင်ငံသို့ နယ်စပ် မှတဆင့် တင်ပို့နေရာမှာ ဈေးကောင်းရရှိလိုက်၊ မရရှိ လိုက်ဖြစ်နေတာကြောင့် တခြားဈေးကွက်ကို ရှာဖွေ တင်ပို့နိုင်မှသာ ဈေးကောင်းရရှိလာမည်ဖြစ်သည်။ ပို့ကုန်တင်ပို့တာနှင့်အတူ တန်ဖိုးမြင့်ထုတ်ကုန် ထုတ် လုပ်သည့်စနစ်ပါ တွဲဖက်ထုတ်လုပ်နိုင်မှသာ အဆင် ပြေမည် ဖြစ်သည်။
ထို့ပြင် ပို့ကုန် အရည်အသွေးမမီသည့် သရက်သီးများကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြောင်း လဲထုတ်လုပ်ပြီး အလေအလွင့်မရှိစေရန် လုပ်ဆောင် နိုင်ပါက ဆုံးရှုံးမှုနည်းပါးပြီး ဝင်ငွေပိုမိုရရှိလာမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် တောင်သူများအနေဖြင့် အသီးအရည်အသွေး ညီညာကောင်းမွန်စေရန်အတွက် ခြံပြုပြင်ခြင်းလုပ် ငန်းများကို တစ်နှစ်ပတ်လုံး ဆောင်ရွက်ပြီး အရည်အသွေးကောင်း သရက်သီးများ ထွက်ရှိအောင် ဆောင်ရွက်နိုင်သည်။ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် အသေးစား စက်မှုလုပ်ငန်းများကို အားပေး ထောက်ပံ့ခြင်းအားဖြင့် တန်ဖိုးမြင့်ထုတ် ကုန်များ တိုးမြင့်ထုတ်လုပ်နိုင်မည် ဖြစ်သည်။

ထိုသို့ လတ်ဆတ်ပို့ကုန်သရက်သီးအဖြစ် တင်ပို့နိုင်ရန်အတွက် သရက်သီးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ ပူးပေါင်းပြီး ဈေးကွက်အသစ်များ ကို ရှာဖွေနိုင်ရန် ပူးပေါင်းဆောင်ရွက်ရပါမည်။

ထို့ပြင် ပို့ကုန်ဆိုင်ရာ မူဝါဒများက လတ်ဆတ် သီးနှံများ တင်ပို့ရာတွင် ဦးစားပေးအဆင့်အတန်းဖြင့် သယ်ယူပို့ဆောင်နိုင်ရေး ပို့ကုန်လိုင်စင်များ အခွန် အခများ ပေးဆောင်ရာတွင် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် မူဝါဒပိုင်းဆိုင်ရာများဖြင့် ကူညီပေးသင့်သည်။ နိုင်ငံတကာဈေးကွက် ထိုး ဖောက်နိုင်ရန်အတွက် ရာသီအလိုက် ထွက်ရှိသော သရက်သီးများကို နိုင်ငံတကာပြပွဲများဖြင့် ချိတ် ဆက်ပြသနိုင်ရန် စီးပွားရေးသံမှူးများ၏ အခန်း ကဏ္ဍမှာလည်း အရေးပါလှသည်။

ပြည်တွင်းမှ ထွက်ရှိသည့် စိန်တလုံး အရည် အသွေးနှင့် ပြည်တွင်းမှ ထွက်ရှိချိန်ကာလတို့ဖြင့် တိုက်ဆိုင်ပြီး ဈေးကွက်မြင့်တင်ခြင်းများ၊ မိတ်ဆက် ခြင်းများကို ဆောင်ရွက်ပေးနိုင်ပါက နှစ်အနည်း ငယ်အတွင်း မြန်မာ့သရက်သီးသည် ဒေသတွင်း နိုင်ငံများသို့အပြင် အနောက်နိုင်ငံများသို့လည်း တင်ပို့ ရောင်းချလာနိုင်ပြီး ပို့ကုန်ကဏ္ဍကို မြှင့်တင်ကာ နိုင်ငံခြားဝင်ငွေ တိုးတက်လာမည် ဖြစ်သည်။

ပို့ကုန်ကဏ္ဍ တိုးတက်လာခြင်းသည် စိုက်ပျိုး ရေးကွင်းဆက်တစ်ခုလုံး ရရှိခံစားရတာဖြစ်တာ ကြောင့် တိုင်းပြည်အတွက် အလုပ်အကိုင်အခွင့် အလမ်းများစွာ ရရှိစေပါသည်။ လက်ရှိအချိန်တွင် သရက်သီး ထွက်ရှိမှု၏ ၃၀ ရာခိုင်နှုန်းခန့်ကို နယ်စပ်ဒေသမှ တင်ပို့နေပြီး ပင်လယ်ရေကြောင်းမှ ငါးရာခိုင်နှုန်းခန့်သာ တင်ပို့နေပြီး ပြည်တွင်းဈေး ကွက်တွင် ၆၅ ရာခိုင်နှုန်းခန့် ရောင်းချနေခြင်း ဖြစ်သည်။

Leave a Reply

Your email address will not be published.