မြန်မာ့စိန်တလုံးသရက်သီး  ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိ

ရွှေမန်း

မြန်မာ့စိန်တလုံးသရက်သီး  ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိ နေပြီး ၁၆ ကီလို တစ်ခြင်းလျှင် ငွေကျပ် ၅ သောင်းအထိ ဈေး ကောင်းရရှိနေကြောင်း သာလာအေးကျေးရွာ သရက်ခြံမှ ကိုရဲက ပြောသည်။
“ သင်္ကြန်မတိုင်မီကတည်းက အသီးတွေက စပေါ်နေပါပြီ။ အခု ရန်ကုန်ကို စပြီးတင်ပို့နေတာ ၁၆ ကီလိုတစ်ခြင်းလျှင် အလုံး ၄၀-၅၀ ခန့် ပါရှိပြီး တစ်ခြင်းလျှင် ငွေကျပ် ၄၅၀၀၀-၅၀၀၀ဝနဲ့ ပို့ နေပါတယ်။ ခေါင်သီး အနည်း ငယ်သာ ထွက်ရှိလို့ ဒီနှစ်က ဈေး ကောင်းပိုရပါတယ်´´ ဟု ၎င်းက ပြောသည်။

မြန်မာ့စိန်တလုံးသရက်ခြံ အများစုမှာ သင်္ကြန်ကာလနောက် ပိုင်း မေလဆန်းပိုင်းမှ အများစု ရင့်မှည့်မှုရှိပြီး လှိုင်လှိုင်ပေါ်လေ့ ရှိသည်။ အချို့ဒေသများတွင်သာ အနည်းငယ် စောပေါ်လေ့ရှိပြီး ဈေးကောင်းရလေ့ရှိကာ မေလ ဆန်းပိုင်းခန့်တွင် ဒေသစုံမှ အသီး ထွက်ရှိလာတာကြောင့် ဈေးပြန် လည်ကျဆင်းလေ့ရှိသည်။

မြန်မာ့စိန်တလုံးသရက်သီး မှာ ကျောက်ဆည်ဒေသ၊ စဉ့်ကိုင် ဒေသ၊ စစ်ကိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေး၊ မတ္တရာ ဒေသများတွင် အများဆုံးထွက် ရှိသည်။

စိန်တလုံးသရက်သီးကို ယခင်နှစ်များက နယ်စပ်ဒေသမှ တစ်ဆင့် တရုတ်နိုင်ငံသို့ အများ ဆုံးတင်ပို့မှုရှိပြီး ပင်လယ်ရေ ကြောင်းမှ စင်ကာပူနိုင်ငံသို့လည်း တင်ပို့နိုင်ခဲ့ပြီး ဈေးကောင်းရရှိ သည့် ပို့ကုန်အမယ်တစ်မျိုးဖြစ် သည်။

လက်ရှိအချိန်တွင် နယ်စပ် ဂိတ်များမှ တင်ပို့နိုင်မှု အခြေအနေ ကို စောင့်ကြည့်နေဆဲဖြစ်ပြီး ပင် လယ်ရေကြောင်းမှ တင်ပို့နိုင်မည့် အခြေအနေမှာလည်း သရက်သီး ထွက်ရှိသည့်ကာလနှင့် သင်္ဘော တင်လမ်းကြောင်း အခြေအနေ ပေါ်မူတည်ပြီး တင်ပို့ရသဖြင့် ပမာဏများများ တင်ပို့နိုင်မည့် အခြေအနေမရှိဘဲ ပြည်တွင်းဈေး ကွက်ကိုသာ အားထားရမည့် အခြေအနေဖြစ်ကြောင်း သိရ သည်။

Leave a Reply

Your email address will not be published.