မြန်မာ့စိန်တလုံးသရက်သီး တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် နှစ် နိုင်ငံကုန်သည်များ ညှိနှိုင်းလျက် ရှိ

ရွှေမန်း

မြန်မာ့စိန်တလုံးသရက်သီး တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် နှစ် နိုင်ငံကုန်သည်များ ညှိနှိုင်းလျက် ရှိကြောင်း အသီးပို့ကုန်လုပ်ငန်းရှင် များထံက သိရသည်။

“ လက်ရှိမှာ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်နေတာက တာ လော့တစ်ဂိတ်ပဲ ရှိပါတယ်။ လက် ရှိမှာ သယ်ယူတင်ပို့စရိတ်က ခြောက်ဘီးတစ်စီးလျှင် ကားခ သိန်း ၆၀-၇၀ ပေါက်ဈေးရှိနေ တော့ သရက်သီးတင်ပို့စရိတ်က ကြီးမှာပါ။ တစ်ဖက်မှာလည်း ယွမ်ငွေဈေးက ကောင်းနေတော့ ဈေးကောင်းရနိုင်ပါတယ်။ အဓိက တော့ တင်ပို့နိုင်တဲ့ လမ်းကြောင်း ရှိရင် ကုန်သွယ်မှုဖြစ်လာမှာပါ။ မနှစ်က တင်ပို့ခွင့်ရှိခဲ့ပေမယ့် ဈေး ကောင်းမရရှိခဲ့ပါဘူး။ ပို့ကုန်အဖြစ် တင်ပို့မယ်ဆိုရင်တော့ အသီးအ ရည်အသွေးကောင်းမှ ဈေးကောင်း ရနိုင်ပါမယ်´´ဟု ခွာညို သစ်သီး ပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ပြော သည်။

တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် မြန်မာကုန်သည်များနှင့် တရုတ် ကုန်သည်များ ညှိနှိုင်းလျက်ရှိ သည်။ တရုတ်နိုင်ငံသို့ တင်ပို့ ရာတွင် မူဆယ်လမ်းကြောင်းမှာ တရားဝင်တင်ပို့နိုင်မည့် မြေပြင် အခြေအနေများမရှိတာကြောင့် တရားဝင်တင်ပို့ရန် မဖြစ်နိုင်သေး ကြောင်းနှင့် လက်ရှိမှာ တာလော့ ဂိတ်တစ်ခုတည်းသာ တင်ပို့နေ ခြင်း ဖြစ်သည်။

စိန်တလုံးသရက်သီးမှာ စင် တင်ကာလ ၅ – ၇ ရက်သာ ရှိ တာကြောင့် ပို့ကုန်လမ်းကြောင်း မှာ ရက်ကြာမြင့်လျှင် အသီးအမှည့် လွန်ပြီး ဆုံးရှုံးမှုရှိနိုင်ကြောင်း လက်ရှိ ပို့ကုန်လမ်းကြောင်းမှာ ၁၀ ရက်ခန့် ကြာမြင့်တာကြောင့် သရက်သီးတင်ပို့ရန် မဖြစ်နိုင်တာ ကြောင့် ပြည်တွင်းဈေးကွက်ကို သာ ဦးတည်နေရကြောင်း အခြား တစ်ဖက်မှာလည်း ပြည်ပဈေး ကွက်သေချာမှုမရှိတာကြောင့် သရက်ခြံများ ပြုစုစောင့်ရှောက်မှု အိတ်စွပ်မှုများ၊ လုပ်သားခများ လျှော့ချထားကြောင်း မြန်မာနိုင်ငံ သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဦးကျော်စိုးနိုင်က ပြောသည်။

Leave a Reply

Your email address will not be published.