ရွှေမန်း

မြန်မာ့စာတိုက်လုပ်ငန်းမှ အင်းဝခေတ် အမျိုးသားနှင့် အမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှုပုံဖြင့် အထူးထုတ် စာပိုတံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၂)မျိုးအား ဒီဇင်ဘာလ(၈)ရက်၊ နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက် များတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဒီဇင်ဘာလ (၈) ရက်တွင် ဝယ်ယူသော စာပိုတံဆိပ်ခေါင်းများပေါ်တွင် ( first day cover )နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည် ဖြစ်သည်။ “ တံဆပ်ခေါင်းအသစ်ရောင်းချတိုင်း တံဆိပ်ခေါင်း ဝါသနာရှင်တွေ၊ တံဆိပ်ခေါင်းစုဆောင်းသူတွေ ပုံမှန်လာဝယ်ပါတယ်။ တံဆိပ်ခေါင်းစုဆောင်းသူတွေကတော့ ဒီလို First Day Cover နေ့ကို လာဝယ် ကြ ပြီး တံဆိပ်ရိုက်ကြတာက တံဆိပ်ခေါင်းစုဆောင်းသူတွေ အတွက် အဓိကပါ ။၂၀၂၁ခုနှစ်ထဲမှာ တံဆိပ်ခေါင်း ရောင်းချတာယခု ရောင်းချမှု နဲ့ဆိုရင် နှစ်ကြိမ်ရှိပါတယ်´´ ဟု တံဆိပ်ခေါင်းစုဆောင်းသူ တစ်ဦးကပြောသည်။ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည်ဖော်ထုတ်သည့် အနေဖြင့် ခေတ်အဆက်ဆက် မြန်မာအမျိုးသားများနှင့် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုများကို အများပြည်သူများနှင့် မျိုးဆက်သစ်လူငယ်များ ပိုမိုအလေးထား လေ့လာမှတ်သားနိုင်စေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ တံဆိပ်ခေါင်းများ ထုတ်ဝေနေခြင်းဖြစ်သည်။ဆက်လက်၍လည်း ကုန်းဘောင်ခတ်၊ ရတနာပုံခေတ်နှင့် အမရပူရခေတ် မြန်မာ အမျိုးသားများနှင့် အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုများကို ဆင်လက် ထုတ်ဝေရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.