မြန်မာ့ကြက်သွန်နီကို ထိုင်းနိုင်ငံမှတစ်ဆင့် ဗီယက်နမ် နှင့် မလေးရှားသို့ တင်ပို့နေ

   

ရွှေမန်း

မြန်မာ့ကြက်သွန်နီကို  ထိုင်း နိုင်ငံမှတစ်ဆင့် ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများသို့ တင်ပို့နေ တာကြောင့် တောင်သူများ ဈေး ကောင်းရနေကြောင်း သိရသည်။

 ကြက်သွန်ဈေးကွက်မှာ ပြည်တွင်းစားသုံးမှုအတွက် ဖူလုံ ပိုလျှံတာကြောင့် ပြည်ပနိုင်ငံများ သို့တင်ပို့နိုင်မှသာကြက်သွန် စိုက် တောင်သူများ အဆင်ပြေနိုင်မည် ဖြစ်သည်။

“ ဗီယက်နမ်နဲ့ မလေးရှား  နိုင်ငံတွေက အဝယ်လိုက်နေတော့ နယ်ကြက်သွန်ဈေးကွက်မှာတွဲကား တွေနဲ့ နေ့စဉ်အဝယ်ရှိနေပါတယ်။ နယ်ကြက်သွန်ဈေးတက်တော့ တောင်သူတွေ အဆင်ပြေကြပါ တယ်။ အဓိကတော့ မြစ်သားနယ် က အဝယ်များတယ်။ ထိုင်းနိုင်ငံ ကနေတစ်ဆင့် တင်ပို့နေတာပါ။ ပြည်တွင်းစားသုံးမှုအနေနဲ့လည်း ရန်ကုန်ကို တင်ပို့နေကြပါတယ်´´ ဟု  မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ များအသင်း တာဝန်ရှိသူတစ်ဦး က ပြောသည်။

လက်ရှိ မိုးကြက်သွန်က ထွက်သမျှ တင်ပို့ရောင်းချနေပြီး    လှောင်ထားခြင်းမရှိကြောင်း နွေ ကြက်သွန်ထွက်ရှိလာမှသာလျှင် အောက်တိုဘာ၊ နိုဝင်ဘာအထိ လှောင်လေ့ရှိသည်။

ပြည်တွင်းသုံးစွဲမှုအနေဖြင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့ပြီး ရန်ကုန်ဈေးကွက်မှ မွန်၊တနင်္သာရီ၊ ဧရာ၀တီတိုင်းတို့မှ အဓိက ဝယ် ယူနေခြင်း ဖြစ်သည်။ လက်ရှိတွင်    ကြက်သွန်အရွယ်အစားအလိုက် ဈေးကောင်းရရှိနေပြီး မြစ်သား ကြက်သွန်အရွယ်အသေးမှာ တစ် ပိဿာ ငွေကျပ် ၂၀၀၀ခန့်၊အရွယ် အလတ်မှာ ငွေကျပ် ၂၅၀၀ ခန့်၊  အရွယ်အကြီးမှာ တစ်ပိဿာ ငွေကျပ် ၃၀၀၀ ခန့် ပေါက်ဈေး ရှိလာသည်။

ပြည်ပတင်ပို့မှုအနေဖြင့် အရွယ်အလတ်နှင့်အကြီးကိုသာ အဓိကတင်ပို့ပြီး အရွယ်အသေး များကို ပြည်တွင်းဈေးကွက်တွင် သာ ရောင်းချလေ့ရှိသည်။

မိုးကြက်သွန်မှာ ပြည်တွင်း စားသုံးမှုနှင့် ပြည်ပတင်ပို့မှုရှိမှသာ တောင်သူများ ဈေးကောင်းရလေ့ ရှိပြီး နွေကြက်သွန်မှာ မကြာမီ ပေါ်လာတော့မည်ဖြစ်ကြောင်း သိ ရသည်။

ကြက်သွန်ဈေးကွက်တွင် မြစ်သားကြက်သွန်သည် အရည် အသွေးကောင်းခြင်းနှင့် သိုလှောင် ရ ကောင်းမွန်ခြင်းကြောင့် ဈေး ကောင်းရရှိပြီး မြင်းခြံ၊ မုံရွာ၊ ရေ နံချောင်း၊ ဆိတ်ဖြူ၊ ပခုက္ကူဒေသ များမှ ထွက်ရှိသည့် ကြက်သွန် များမှာလည်း နိုင်ငံခြားတင်ပို့ မှုရှိနေသဖြင့် ဈေးကောင်းရရှိ နေသည်။

လက်ရှိအချိန်တွင် နိုင်ငံခြား တင်ပို့ရန်အတွက် နေ့စဉ်တွဲကား စီးရေ ၃၀ ခန့်ဖြင့် နယ်ကြက်သွန် များ ဈေးကွက်အတွင်း ဝင်ရောက် နေကြောင်းသိရသည်။

Leave a Reply

Your email address will not be published.