မြန်မာ့ကော်ဖီ တန်ချိန် ၂၅၀၀ ခန့်ကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှ တင်ပို့ရောင်းချနေ

ရွှေမန်း

ပြည်တွင်းထွက်ရှိသည့် မြန်မာ့ ကော်ဖီတန်ချိန် ၂၅၀၀ ခန့် ပုံမှန် တင်ပို့ရောင်းချနိုင်ကြောင်း မြန်မာ နိုင်ငံ ကော်ဖီလုပ်ငန်းရှင်များထံ က သိရသည်။

မြန်မာ့ကော်ဖီကို အမေရိကန်၊ ဥရောပနိုင်ငံ၊ ဂျပန်၊ ကိုရီးယား၊ အာဆီယံနိုင်ငံတွေကို တင်ပို့နေပြီး ဈေးကွက်သစ်အနေဖြင့် ယူအေအီး နိုင်ငံတိုးလာပြီး အဓိကအနေဖြင့် နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိသည်။

တရုတ်နိုင်ငံဈေးကွက်မှာ လာမည့် တစ်နှစ်ထက်တစ်နှစ် ကော်ဖီသောက်သုံးမှုများလာသည့် အတွက် လာမည့် ၅-၁၀နှစ် အတွင်း ကော်ဖီဈေးကွက် အကြီး ဆုံးဖြစ်လာနိုင်ကြောင်း မြန်မာ နိုင်ငံကော်ဖီလုပ်ငန်းများ အသင်း ဥက္ကဋ္ဌ ဦးမျိုးအေးက ပြောသည်။

ကော်ဖီအရည်အသွေးမြင့် အမျိုးအစားအလိုက် ဈေးအနည်း ငယ် မြင့်တက်လျက်ရှိပြီး ဝယ်လို အားကောင်းနေသည်။

 မြန်မာ့ကော်ဖီ ပုံမှန်ရောင်း တန်းဝင် ကော်ဖီတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀၀၊ အထူး တန်းဝင်ကော်ဖီ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ ပေါက် ဈေး အနည်းဆုံးရှိပြီး အရည်သွေး ကောင်းလျှင် ဈေးပိုမိုရရှိသည်။

ပြည်တွင်းကော်ဖီ ဈေးကွက် မှာလည်း ဝယ်လိုအားကောင်းနေ သလို ပြည်တွင်းကုန်သည်များဝယ် ယူပြီး နယ်စပ်ကုန်သွယ်မှုမှ တစ် ဆင့် ပြန်လည်ရောင်းချလျက်ရှိ သည်။

လက်ရှိမှာ ပို့ကုန်ရငွေ ငွေလဲ လှယ်နှုန်းအချိုးမှာ ၂၅ရာခိုင်နှုန်း- ၇၅ရာခိုင်နှုန်း ပြင်ဆင်သတ်မှတ် လာသဖြင့် တင်ပို့သူများအနေ ဖြင့် အဆင်ပြေလာသည်။
မြန်မာနိုင်ငံတွင် ကော်ဖီ တန်ချိန် ၇၀၀၀ ဝန်းကျင်သာ ရှိသောကြောင့် စိုက်ဧကများ အထွက်နှုန်းတိုးအောင် စိုက်ပျိုး သင့်သလို အသစ်စိုက်ပျိုးမှုများ တိုးချဲ့စိုက်ပျိုးသင့်သည်။

ကော်ဖီဈေးကွက် အလား လာကောင်းများ ရှိသောကြောင့် ကော်ဖီစိုက်ပျိုးမြေသစ်များ ရရှိ ရန်နှင့် ပိုင်ဆိုင်မှုခိုင်မာစွာ ဆောင် ရွက်ပေးနိုင်မှသာ နှစ်ရှည်ရင်းနှီး မြှုပ်နှံ လုပ်ကိုင်နိုင်မှာ ဖြစ်သည်။

လက်ရှိမှာ ကော်ဖီစိုက်ပျိုး ဒေသများတွင် ရေကြီး၊ မြေပြို မှုများ ဖြစ်ပွားခဲ့သောကြောင့် လာ မည့်ကော်ဖီရာသီတွင် ကော်ဖီ ထွက်ရှိမှု အနည်းငယ်ကျဆင်းနိုင် သော်လည်း တိုးချဲ့စိုက်ပျိုးမှုများ ကြောင့် ယခင်ထွက်ရှိမှု ပမာဏ ခန့် ထွက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။      

Leave a Reply

Your email address will not be published.