မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်တွင် မြန်မာ့ကော်ဖီအဖြစ်ရပ်တည်နိုင်ရေး ဆောင်ရွက်ရန်လို

ရွှေမန်း

မြန်မာ့ကော်ဖီကို ကမ္ဘာအရပ်ရပ်မှ ကုန်ကြမ်းအဖြစ်ဝယ်ယူပြီး ကုန်ချောထုတ်လုပ်ရောင်းချကြရာ အလားတူ ပြည်တွင်း၌ ကုန်ချောထုတ်လုပ်၍ ကမ္ဘာ့ဈေးကွက်တွင် မြန်မာIdentity ဖြစ်လာစေရေးအတွက် မြန်မာနိုင်ငံ ကော်ဖီအသင်းမှ ဦးရဲမြင့်ကပြောသည်။

မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် သဘာ၀ပေးအခြေအနေများကြောင့် ကမ္ဘာတန်းဝင် အဆင့်မြင့်ကော်ဖီကုန်ကြမ်း စိုက်ပျိုးထုတ်လုပ်နိုင်သဖြင့် ကမ္ဘာ့ဈေးကွက်တွင် မြန်မာ့ကော်ဖီဖြစ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရ မည်ဟုဆိုသည်။

“ပြည်ပပို့ကုန်အစားထိုးတင်ပို့မှုမှာ ကော်ဖီဈေးကွက်ကြီးမားပြီး မြန်မာ့ကော်ဖီကဈေးကွက်ဝယ်လို အားရှိနေ တယ်။ပြည်ပကသွင်းတဲ့ ကော်ဖီ ဈေးတက်လာတော့ ပြည်တွင်းကော်ဖီထုတ်လုပ်ရောင်းချသူတွေက ပြည်တွင်း ကော်ဖီကိုသုံးစွဲလာကြတယ်။ပို့ကုန်အစားထိုးပြည်ပတင်ပို့မှုမှာ ကော်ဖီလုပ်ငန်းက အောင်မြင်မှုရလာလို့ အရည် အသွေးမြှင့်ထုတ်လုပ်ဖို့လိုတယ်”ဟု၎င်းကပြောသည်။

မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်တွင် မြန်မာနိုင်ငံထုတ်ကုန်အဖြစ် ရပ်တည်နိုင်ရေးမှာ ဖေါ်ဆောင်ရန် အဓိက လို အပ်နေပြီး မြန်မာနိုင်ငံကော်ဖီ အသင်းမှ နည်းပညာနှင့်ဈေးကွက်ရှာဖွေရေးတို့တွင် ကူညီဆောင်ရွက်ပေးနေ သကဲ့သို့ စိုက်ပျိုးထုတ်လုပ်သူများ ညီညွတ်မှုရှိရေးနှင့် ဌာနဆိုင်ရာက ကူညီထောက်ပံ့ရေးတို့ လိုအပ်ကြောင်း သိရသည်။

“တခြားနိုင်ငံတွေက မြန်မာ့ကော်ဖီကုန်ကြမ်းကို ကုန်ချောထုတ်ပြီး ကမ္ဘာကို ဖြန့်နေကြတာ။ ကျနော်တို့မှာက ကုန်ကြမ်းရောင်းစားတဲ့ အဆင့်ဖြစ်နေတယ်။ကုန်ချောထုတ်လုပ်ပြီး ပြည်ပတင်ပို့နိုင်ဖို့ နဲ့ ကမ္ဘာ့ ဈေးကွက်မှာ ကိုယ့်မြန်မာရဲ့ကော်ဖီကို မြန်မာအမည် မပျောက်ဘဲ ကော်ဖီဈေးကွက်ဝေစုရဖိုပါ”ဟု ဆက်လက်ပြောကြား သည်။

ပြည်တွင်း၌ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုမှာ တန်ချိန် ၁၀၀၀၀ ငန်းကျင်ထွက်ရှိပြီး ပြည်ပတင်ပိုမှုတွင် ၇၅ ရာ နုန်းခန့်ရှိကြောင်း၊ယခုနှစ်တွင် ကမ္ဘာ့ကော်ဖီဈေးကွက်မြင့်မားလာသဖြင့် ပြည်တွင်းကော်ဖီများ ဈေး ကောင်း ရရှိနိုင်မည်ဟု ၎င်းက ဆက်လက်သုံးသပ်ခဲ့သည်။

Leave a Reply

Your email address will not be published.