မြန်မာနိုင်ငံတွင် လိုင်စင်ရပျားမွေးမြူသူ ၉၀၀ကျော်ရှိပြီးပျားအုံပေါင်း နှစ်သိန်းကျော်ဖြင့်ထုတ်လုပ်လျက်ရှိ

ရွှေမန်း

   မြန်မာနိုင်ငံတွင် လုပ်ငန်းလိုင်စင်ဖြင့် ပျားမွေးမြူသူပေါင်း(၉၀၀)ကျော်ရှိပြီး ပျားအုံး ပေါင်း (၂၀၀ç၀၀၀)ဝန်းကျင်ခန့်ဖြင့်ထုတ်လုပ်လျက်ရှိသည်။

 ထိုသို့လိုင်စင်ရယူလုပ်ကိုင်လိုသူများအနေဖြင့် နှင့် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးပျား လုပ်ငန်းဦးစီးဌာနများတွင် ပျားမွေးမြူရေးလုပ်ငန်းလိုင်စင် လျှောက်ထားနိုင်ကြောင်း ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှတာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံအတွင်း ထွက်ရှိသည့်ပျားရည်အမျိုးအစားထွက်ရှိမှုမှာ နှမ်းပျားရည်၊ နေကြာပျားရည်၊ ပန်းနှမ်းပျားရည်၊ ဇီးပျားရည်၊ လိုင်ချီးပျားရည်၊ ရာဘာပျားရည်တို့မှာ လအလိုက်ထွက်ရှိလျက်ရှိသည်။ပျားမွေးမြူရေးအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ အများဆုံးမွေးမြူလျက်ရှိကြောင်း မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာန၊ပျားမွေးမြူမှုဖွံ့ဖြိုးမှုဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးတင့်က  ပြောသည်။

“ လိုင်စင်ရပျားမွေးမြူသူပေါင်း ၉၀၀ ကျော်ရှိပါတယ်။ အများစု ကတော့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကဖြစ်ပါတယ်။ အခြားနေရာတွေကတော့ ကချင်၊ကယား၊ကရင်၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊မကွေးတိုင်း၊ရှမ်းပြည်နယ်၊ပျားအုံပေါင်း၂၀၀၀၀၀ဝန်းကျင်ခန့်ရှိပါတယ်။ပျားရည် ထုတ်လုပ်ခြင်းလုပ်ငန်းနဲ့ဝတ်မှုန်ကူးခြင်းလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိပါတယ်။ ပျားလုပ်ငန်း ဆောင်ရွက်ချင်ရင် ဌာနက လိုင်စင်ထုတ်ပေးနေပါတယ်။ ပြည်နယ်တိုင်း ပျားလုပ်ငန်းဦးစီးဌာန တွေမှာ ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ လိုင်စင်ရယူဖို့အတွက် ပျားမွေးမြူရေးသင်တန်း တက်ပြီး သူတွေ သင်တန်းဆင်းလက်မှတ်လိုပါတယ်။ သင်တန်းကလည်း သက်ဆိုင်ရာပြည်နယ်တိုင်းတွေမှာ အခြေခံသင်တန်းဖွင့်လှစ်ပေးနေပါတယ်။နောက်သက်ဆိုင်ရာ အိမ်ထောင်စုဇယား ၊ရပ်ကျေး ထောက်ခံစာ၊စသည့် အသေးစိပ်ကို စုံစမ်းသိရှိနိုင်ပါတယ်´´ ဟု ၎င်းကပြောသည်။

ပျားမွေးမြူရေးလုပ်ငန်းမှာ ဒေသတွင်း စိုက်ခင်းများကို  ပိုးမွှားကျရောက်မှုနှင့် အပင်ဝတ်မှုန်ကူးခြင်းလုပ်ငန်းများဖြင့် အပြန်အလှန်အကျိုးပြုသည့်လုပ်ငန်း တစ်ခုဖြစ်သည်။ ပျားရည်ထွက်ကုန်များကို ပြည်တွင်းစားသုံးမှုနှင့် တိုင်းရင်းဆေးထုတ်လုပ်ခြင်းများတွင် အများဆုံးအသုံးပြုသုံးစွဲလျက်ရှိသည်။

 မြန်မာနိုင်ငံမှ ထွက်ရှိသည့်ပျားရည်ကို ထိုင်းနိုင်ငံ၊ တရုတ်၊ ကိုရီးယားနိုင်ငံ၊ဂျပန်နိုင်ငံ စသည့် လနိုင်ငံများသို့ ပင်လယ်ရေးကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့လျက် ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published.