မူဆယ်နယ်စပ်ကုန်သွယ်မှုတွင် တရုတ်ဘက်မှ ကိုဗစ်ကာကွယ်ရေးထိန်းချုပ်သည့် လုပ်ငန်းစဉ်များ ဖြေလျှော့ရန်လို

ရွှေမန်း

တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်၊မူဆယ်နယ်စပ်ကုန်သွယ်မှုတိုးတက်လာစေရေးနှင့် လွယ်ကူချောမွေ့ စေရေး အတွက် တရုတ်ဘက်မှ ကိုဗစ်ကာကွယ်ထိန်းချုပ်သည့် လုပ်ငန်းစဉ်များဖြေလျှော့ပေးရန်အပါအဝင် အခြား လုပ်ငန်းစဉ်များကို နှစ်ဖက်နိုင်ငံမှ တာဝန်ရှိသူများ ညှိနိုင်းခဲ့ကြောင်းသိရသည်။

မြန်မာ့ပင်ရင်းထုတ်ကုန်များကို တရုတ်နိုင်ငံတင်ပို့ရာ၌ အကောက်ခွန်သက်သာခွင့်အတွက် CO Form RECP ကို နိုဝင်ဘာ ၁ ရက်မှ စတင်လျှောက်ထားနိုင်ပြီး အောက်တိုဘာတတိယပတ်တွင် ကုန်သွယ်မှုတိုးတက်ရေး အတွက်နှစ်ဖက်နိုင်ငံမှ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

“တရုတ်ဘက်မှာ နယ်ဒေသတွေထိ လော့ဒေါင်းချတာတွေရှိနေတယ်။ဂိတ်တွေလည်း ပိတ်ထားတာရှိတော့ ကုန်သွယ်မှု ထိခိုက်ပြီ။ပို့ကုန်ရငွေနဲ့ ပြည်တွင်းတင်သွင်းတဲ့ သူတွေလည်း အဆင်မပြေဘူး။ကိုဗစ်စည်းကမ်းတွေ ကြောင့် ဂိတ်တွေက စစ်ဆေးမှုတွေများတယ်၊အချိန်လည်းကြံ့ကြာတော့ ကိုဗစ်စည်းကမ်းတွေလျှော့ချဖို့ လိုတယ်”ဟုမူဆယ်(၁၀၅) မိုင်၊သစ်သီးဝလံပွဲရုံမှ ဦးစိုင်းခင်မောင်က ပြောသည်။

နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုလွယ်ကူပြီး တိုးတက်လာရေးအတွက် အောက်တိုဘာ ၁၈ ရက်က နှစ်နိုင်ငံဖက်မှ တာဝန်ရှိသူများသည် အွန်လိုင်းဖြင့် ဆွေးနွေးခဲ့ကြရာတရုတ်ဘက်မှ လက်ရှိဆောင်ရွက်နေသည့် ကိုဗစ် ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များဖြေလျှော့ရေး၊ နှစ်နိုင်ငံအကြား ကျပ်ငွေ/ယွမ်ငွေပေးချေမှု အဆင်ပြေစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင်ကွန်တ်ိန်နာဖြင့် ကုန်စည်ပို့ဆောင်ရေး၊ကျယ်ဂေါင်ဂိတ်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊မြန်မာ့လယ်ယာထွက် ကုန်များဖြစ်သည့် ထောပတ်၊နာနတ်၊ကျွဲကောသီး၊သံပရာ၊ကန်စွန်းဥတို့ကို တရုတ်သို့ တရားဝင်တင်ပို့နိုင်ရေး အတွက် တရုတ်နိုင်ငံ၊အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)မှ အမြန်ဆုံးခွင့်ပြုရေး၊ မြန်မာ့ ကြံများကို Green Line မှ ဝင်ထွက်ခွင့်ပြုရေးတို့လည်းညှိနိုင်းခဲ့ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.