မူဆယ်(ကျင်ဆန်းကျော့)နယ်စပ်ကုန်သွယ်ရေးဂိတ်တင်ပို့မှု ယခင်ထက် ချော့မွေ့လာတာကြောင့် ကုန်သွယ်မှု မြင့်တက်လာ

ရွှေမန်း

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုတွင် မူဆယ် (ကျင်စန်းကျော့ဂိတ်)မှ အစားထိုးယာဉ်မောင်း (ရှန်တိန်စနစ်)ဖြင့် ကုန်တင်ယာဉ်များအပြန်အလှန်ဝင်ထွက်ခွင့်ပြုလိုက်သည့် မေ ၁၆ ရက်နောက်ပိုင်း ကုန်သွယ်မှုမြင့်တက်လာသည်ဟု နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်အချို့ထံမှသိရသည်။

တရုတ်- မြန်မာနယ်စပ်တွင် တစ်ရက်လျင် နှစ်နိုင်ငံဘက်မှကုန်တင်ယာဉ်အစီးရေ၁၅၀ ခန့် ဖြတ်ကျော်၍ ကုန်သွယ်မှုပြုအဝင်အထွက်ရှိသည်ဟုဆိုသည်။

“ဝမ်တိန်-မန်မိုင်(ကျင်ဆန်းကျော့)အကောက်ခွန်မှမနက်(၉)နာရီမှည(၈)နာရီအထိဝင်ထွက်မှုပိုမို
မြန်ဆန်အောင် Export/Import ကုန်ကားတွေကို နားချိန်မရှိစစ်ဆေးဆောင်ရွက်ပေးမယ်လို့တရုတ်က ထုတ်ပြန်ခဲ့တယ်။ဂျယ်ကောင်မှာပိတ်မိနေသောကုန်စည်တွေလည်း ပြန်ထုတ်နိုင်ဖို့ လုပ်ပေးတယ်”ဟု မူဆယ်(၁၀၅)မိုင်မှ ခွာညိုသီးနှံရောင်းဝယ်ရေးမှ ဦးစိုင်းခင်မောင်ကပြောသည်။

ကျင်စန်းကျော့ဂိတ်မှတစ်ဆင့် မေ ၁၆ ရက်နောက်ပိုင်း တစ်ရက်လျင် ကုန်တင်ယာဉ်အစီးရေ ၈၀ခန့်ဖြင့် ကုန်သွယ်မှုတွင် မြန်မာဘက်မှဆန်၊ဆန်ကွဲစသည့်လယ်ယာနင့် သီးနံထွက်ကုန်ကားအစီးရေ ၇၀ ကျော်ခန့်နင့် တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးနင့်လူသုံးကုန်ပစ္စည်းတင် ကုန်တင်ယာဉ် အစီးရေ၇၀ကျော် ပေါင်း ၁၅၀ ကျော်ခန့်ရှိကြောင်းကုန်တင်ယာဉ်လုပ်ငန်ရှင်များအသင်း(မူဆယ်)မှသိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အပြန်အလှန်ကုန်သွယ်မှုမှာ ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် ပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၅၄၂၀ ဒသမ ၀၅၂ နှင့် သွင်းကုန် အမေရိကန်ဒေါ်လာသန်း ၆၇၂၉ ဒသမ ၁၇၄ ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ၏ သက်ရောက်မှုများကြောင့် အမေရိကန် ဒေါ်လာသန်း ၅၁၆၀ ဒသမ ၈၂၅ နှင့် သွင်းကုန် အမေရိကန်ဒေါ်လာ သန်း ၄၆၄၇ ဒသမ ၀၉၆ ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.