ရွှေမန်း

ယခုနှစ် မိုးစပါးရာသီရိတ်သိမ်းချိန်တွင် စပါးတင်း ၁၀၀ လျှင် ကျပ် ၆၀၀၀၀၀ခန့်ရောင်းချရပြီး ယခင်နှစ်ထက် ပိုမိုရရှိကြောင်း ၊ လက်ရှိအခြေခံစပါးဈေးနှုန်း တင်း၁၀၀လျှင် ကျပ် ၅၄၀၀၀၀ သက်မှတ်ချက်ထက်ပိုမိုရ ရှိ ကြောင်း တောင်သူများထံမှသိရသည်။

မနှစ်က မိုးစပါးသိမ်းချိန် စပါးအစိုဈေးမှာ ကျပ် ၄၅၀၀၀၀ ဈေးသာပေါက်ဈေးရှိသော်လည်း ယခုနှစ်စပါး ရိတ်သိမ်းချိန် အောက်တိုဘာလ ပထမသီတင်းပတ်တွင် ငစိန်စပါးမျိုးတင်း ၁၀၀ လျှင်ကျပ် ၅၈၀၀၀၀-၆၀၀၀၀၀ ပေါက်ဈေးရှိကြောင်း မနှစ်ကထက်ဈေးပိုမိုရရှိသော်လည်း စပါးရိတ်သိမ်းခ မှာ တစ်ဧက ကျပ် ၅၅၀၀၀ ပေးရတာကြောင့် ကျပ် ၁၀၀၀၀ ခန့်ဈေးမြင့်တက်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ခရမ်း-သုံးခွမှ တောင်သူ ဦးကျော်ဝင်း က ပြောသည်။

“စပါးရိတ်ခ ကတော့ အရင် ၄၀၀၀၀-၄၅၀၀၀ ကနေ ဒီနှစ် ၅၅၀၀၀ ဈေးပေးရတယ်။ စပါးဈေးက အစို အတိုင်း ကို ငစိန်စပါးမျိုးတင်း ၁၀၀ ကို ကျပ် ၅၈၀၀၀၀-၆၀၀၀၀၀ ဈေးဝယ်တယ်။ စပါးကတော့ တစ်အိတ် ၅၅ ပေါင်အလေးချိန်ပေးရတယ်။i စပါးတင်း ၁၀၀ ဆိုရင် တင်း ၉၀ ဖိုးပဲရတဲ့သဘောပါ။ စပါးအစိုဖြစ်တော့ အခြောက်ခံရမှာရယ် အမှိုက်သရိုက်ရှင်းမှာ နဲ့ ဆိုတော့ ၁၀ ရာခိုင်နှုန်းပိုပေး ရတယ်။ ဒီဈေးက ရိတ်စက်က ထွက် တဲ့အတိုင်း အစိုစပါးဝယ်တဲ့ဈေးပါ။ ငစိန်စပါးမျိုးကတော့ ဆန်ကြမ်းအဖြစ်ပဲသုံးတဲ့စပါးမျိုးပါ။ဒီနှစ်က သွင်းအားသုံးတာလျော့ထားတော့ စပါးအထွက်ကလည်း နည်းနည်းလျော့ပါတယ် ” ဟု ၄င်းကပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်း စပါးရိတ်သိမ်းမှုရာသီ မရောက်ရှိသေးတာကြောင့် စပါးပေါက်ဈေး မပြောနိုင်သေးသော်လည်း အခြေခံစပါးဈေးနှုန်းတက်ပိုမိုရရှိကြောင်း ဖျာပုံဒေသမှာ ပြည်တွင်းစားသုံးမှုများသည့် ပေါ်ဆန်းမွှေးစပါးမျိုး စိုက်ပျိုးမှုများတာကြောင့် လာမည့်စပါးရိတ်သိမ်းချိန်တွင် စပါးဈေး ပိုမိုရရှိနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့မှ ဦးအောင်ထွန်း ကပြောသည်။

“ ဒီအချိန်မှာကတော့ ဖျာပုံဒေသ က စပါးမပေါ်သေးပါဘူး။လယ်သမားအများစုက တော့ စပါးပေါ်ပေါ်ချင် အကုန်မရောင်းပါဘူး။ ငွေလိုသူကတော့ လိုသလောက်ပဲရောင်းတာပါ။ နောက်ပိုင်းမှ တဖြေးဖြေး ရောင်းချတာပါ။အခုချိန်မှာတော့ စပါးပေါက်ဈေးလို့ မရှိသေးပါဘူး။စပါးလည်း မရိတ်သိမ်းဈေးသေးတော့ ရိတ်သိမ်းခလည်း မသ်ိသေးပါဘူး။စပါးလှိုင်လှိုင်ပေါ်မှစပါးဈေးမှန်မှာပါ။ ဒီနှစ်က မြေဆီဈေးက ၂ ဆလောက်ဈေးတက်တော့ တောင်သူအများစုကတော့ သွင်းအားစုမသုံးနိုင်ကြပါဘူး။ မိုးစပါးမှာတော့ ပေါ်ဆန်းမွှေးစပါး စိုက်ပျိုးမှုများတော့ လက်ရှိ အခြေခံစပါးဈေးထက်အများကြီးပိုပါတယ်။ ဒီနှစ်က စပါးအထွက်နှုန်းတော့လျော့ပေမယ့် ဈေးကောင်းရရှိမှာပါ ” ၄င်းကပြောသည်။

တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးအဖွဲ့က အောက်တိုဘာ လ ၆ ရက် တွင် အခြေခံရည်ညွှန်းစပါးဈေးနှုန်း တင်း ၁၀၀လျှင် ကျပ် ၅၄၀၀၀၀ သက်မှတ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ ယင်းကြောညာချက်တွင် အစိုဓါတ် ၁၄ ရာခိုင်းနှုန်း ရှိ၍အဖျင်းအမှော် သဲ၊ခဲကင်းစင်ပြီး တတင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ သက်မှတ်ခြင်းဖြစ်သည်။ ဈေးကွက်ပေါက်ဈေးအတိုင်း ၀ယ်ယူရန်နှင့် ယင်းသက်မှတ်ချက်ကို ၂၀၂၁ခုနှစ်မိုးစပါးနှင့် ၂၀၂၂ နွေစပါးတို့ အတွက် သက်မှတ်ချက်ဖြစ်ကြောင်းပါဝင်သည်။ ထိုပြင်ရည်ညွှန်းစပါးဈေးနှုန်းအောက်ရောက်ရှိပြီးရောင်းချရန် အခက်အခဲရှိပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ထံဆက်သွယ်ရောင်းချနိုင်ကြောင်းသိရသည်။

ထိုသို့ အခြေခံရည်ညွှန်းစပါးဈေနှုန်းများကို သက်မှတ်ပေးထားသော်လည်း ပြည်တွင်း ဆန်ကြမ်းအုပ်စုဝင် စပါးမျိးဖြစ်သည့် ငစိန်စပါးမျိုးသည်ပင် တင်း၁၀၀ လျှင် ကျပ် ၆၀၀၀၀၀ ခန့်ပေါက်ဈေးရှိကြောင်း ဆန်ကုန် သည်များထံ မှသိရသည်။မန္တလေးတိုင်းဒေသကြီး နှင့်စစ်ကိုင်းဒေသကြီး တို့တွင် မိုးစပါးရာသီတွင် စိုက်ပျိုးမှုများသည့် ဧရာမင်းစပါးမျို မှာစပါးပေါ်ချိန်တွင် တင်း၁၀၀ ကျပ် ၈၀၀၀၀၀-၉၀၀၀၀၀ ပေါက်ဈေးရှိပြီး နွေစပါး ဆင်းသုခ၊ရက်၁၀၀ စပါးတို့မှာ ကျပ် ၇၀၀၀၀၀ သိန်းဝန်းကျင် ပေါက်ဈေးရှိခဲ့ကြောင်းသိရသည်။ပြည်တွင်းဒေါ်လာဈေးမြင့်တက်နေတာကြောင့် ဆန်ပို့ကုန်သမားအနေဖြင့် ဆန်တင်ပို့မှု မှာ ပိုမိုအဆင်ပြေ လာကြောင်း ယခင်နှစ်စာချုပ်များအရ ဆန်တင်ပို့မှု သက်မှတ် ဒေါ်လာဈေးများမှာ လက်ရှိပြည်တွင်း ငွေဈေးမြင့်တက်လာတာဖြစ်တာကြောင့် ဆန်တစ်တန်လျှင် ကျပ် ၂သိန်းကျော် ပိုမိုရရှိလာကြောင်း သိရသည်။

ထိုသို့ ပို့ကုန်ဆန်များမှာ အကျိုးအမြတ်များလာသလို ပြည်တွင်းတောင်သူများ၏စပါးဈေးနှုန်းမှာ တင်း၁၀၀လျှင် ကျပ် ၆၀၀၀၀၀ သိန်း အထက်တွင်ဖြစ်သင့်ကြောင့် စီးပွားရေးလုပ်ငန်းရှင် ဦးဝင်ဌေးက သုံးသပ်ထားသည်။“ ပြည်တွင်းမှာ သွင်းအားစုတွေ ဈေးတက်လို့ တောင်သူတွေ စိုက်ပျိုးစရိတ်များတာတကဏ္ဍတစ်ခုပါ။ ဒါပေမယ့် ပို့ကုန်ဆန်သမားတွေက အရင်က ဆန် တစ်တန် ဒေါ်လာ ၃၄၀-၃၅၀ ၀န်းကျင်နဲ့တင်ပို့တာက အခုလဲ ဒီဈေးပဲရှိတာပါ။ သိုပေမယ့်ငွေလဲနှုန်းက အတော်ကွာသွားတော့ ဆန်တစ်တန်ပေါ် မှာကို ကျပ် ၂ သိန်းကျော် ပိုမိုရရှိလာပါတယ်။စပါးဈေးက သိပ်တက်လာတာမဟုတ်တော့ ပိုမိုအကျိုးအမြတ်များလာတာပါ။ လက်ရှိ် အခြေခံစပါးဈေးကတော့ တင်း ၁၀၀ ကို ကျပ် ၆၀၀၀၀၀ ကျော်မှ တောင်သူက အဆင်ပြေမှာပါ” ဟု ၄င်းကပြောသည်။

Leave a Reply

Your email address will not be published.