မန္တလေးပဲတီစိမ်းဈေးကွက် မြင့်တက်လာ

ရွှေမန်း

တရုတ်နှစ်သစ်ကူးနီးလာ တာကြောင့် ပဲတီစိမ်းနှင့်အတူ နှမ်းမျိုးစုံ၊ မြေပဲဆန်တို့ အနည်း ငယ်ဈေးမြင့်တက်လာခဲ့သည်။

မန္တလေးကုန်စည်ဒိုင်ဈေး ကွက်တွင် တရုတ်နှစ်သစ်ကူး ကာလနီးလာတာကြောင့် တရုတ် ကုန်သည်များ အဝယ်လိုက်လာ သည့် ပဲအမည်များတွင် ပဲတီစိမ်း၊ မြေထောက်ပဲ၊ ပဲကြီး၊ ပဲထောပတ်၊ ပဲဇီးကွက်နှင့် နှမ်းနက်၊ မြေပဲဆန် တို့မှာ ဇန်နဝါရီလကုန်ပိုင်းရက် များတွင် ဈေးမြင့်တက်လာ ကြောင်း ပဲကုန်သည်တစ်ဦးက ပြောသည်။

တရုတ်နိုင်ငံအပါအဝင် ဥရောပနိုင်ငံတွေကို ပဲတီစိမ်း တင်ပို့မှုရှိသည့်အပြင် ပဲသစ်တွေ လည်း ပေါ်နေတာကြောင့် မန္တလေးပဲဈေးကွက်က မြင့်တက် လာခြင်းဖြစ်သည်။

ရန်ကုန်ဈေးကွက်တွင် ပဲတီ စိမ်း(ခရမ်းရွှေဝါ)ထိပ်စ သုံးတင်း ဝင်တစ်အိတ်လျှင် ငွေကျပ် ၂၁၄၀၀၀ ကျော် ပေါက်ဈေးရှိ ပြီး ပဲတီစိမ်းအညာမှာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၉၀၀၀၀ ပေါက်ဈေးရှိပြီး ရက်ပိုင်းအတွင်း တစ်အိတ်လျှင် ငွေကျပ် ၅၀၀၀ ခန့် ဈေးမြင့်တက်လာကြောင်း သိရသည်။

Leave a Reply

Your email address will not be published.