မန္တလေးတိုင်းဒေသကြီးအတွင်း မိုးဆီထွက်သီးနှံစိုက်ဧက ၁၃ သိန်း ကျော်လျာထားစိုက်ပျိုး

ရွှေမန်း

ပြည်တွင်းပဲနှမ်းစျေးကွက် တွင် ဆီထွက်သီးနှံများ စျေးကောင်းရရှိပြီးလာမည့်ရာသီတွင်လည်းစျေးကွက်ကောင်းနိုင်သဖြင့် ဆီထွက်သီးနှံများကိုတိုးချဲ့ စိုက်ပျိုးရန်လိုအပ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင် ၁၁ ခရိုင်တွင် မိုးဆီထွက်သီး နှံစိုက်ဧက ၁၃ သိန်းကျော်လျာထားပြီးစိုက်ပျိုးဆောင်ရွက်လျက်ရှိ ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာ ရှိ ဒေါ်တိုးတိုးဝင်းက ပြောကြားသည်။

အဆိုပါ ဆီထွက်သီးနှံများကို ခရိုင် ၁၁ ခရိုင်ရှိ မြို့နယ်အလိုက် စိုက် ပျိုးရာ၌မိုးမြေပဲ၊ မိုးနှမ်း၊ မိုးနေကြာ စသည်ဆီထွက်သီးနှံဧက ၁၃ သိန်းကျော်ကို မေလဆန်းမှစ၍ စိုက်ပျိုးဆောင်ရွက်ခဲ့ရာ ယနေ့ အချိန်အထိ စိုက်ပျိုးပြီးစီးမှုမှာ မိုးမြေပဲ ၁၅၅၀၂၀ ဧက၊ မိုးနှမ်း ၉၀၂၆၅၄ ဧက၊ မိုးနေကြာ ၂၁၀၇၃ ဧက ဖြစ်ရာ စုစု ပေါင်း ၁၀၇၈၇၄၇ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။

” ဆီထွက်သီးနှံ စိုက်ပျိုးတာက ဒေသတွင်းမှာ ဆီဖူလုံမှုအတွက်ကို အဓိကရည်မှန်းချက်ထားပြီးမှ စိုက်ပျိုးနေတာပါ။ တိုင်းဒေသကြီးအ တွင်းမှာတော့ ဆီဖူလုံမှုရှိပါတယ်။ ဆီထွက်သီးနှံများကို နှစ်စဉ်စိုက် ပျိုးပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တိုင်းဒေသကြီးအတွင်း စား သုံးဆီဖူလုံစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနကနေပြီးတော့ ဘ ဏ္ဍာနှစ်အလိုက် ဆီထွက်သီးနှံအမျိုးအစားအလိုက် မျိုးကောင်းမျိုး သန့်များရရှိရေး၊ စိုက်ပျိုးရေးနည်းပညာများ၊ ရိတ်သိမ်းချိန်လွန်နည်းပ ညာများ ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ဆီထွက်သီးနှံများစိုက်ပျိုးကြ ရာ မှာမြေပဲအပြင် နေကြာ၊ နှမ်း၊ ပန်းနှမ်းနဲ့ ဆီမုံညင်းများကိုလည်း စိုက် ပျိုးကြပါတယ်” ဟု ၄ကရှင်းပြသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ ညောင်ဦးခရိုင်၊ တံတားဦးခရိုင်၊ မဟာအောင် မြေခရိုင်၊ မိတ္ထီလာခရိုင်၊ မြင်းခြံခရိုင်၊ ရမည်းသင်းခရိုင်၊ သပိတ်ကျင်း ခရိုင်၊ အမရပူရခရိုင်၊ အောင်မြေသာစံခရိုင် စသည့်ခရိုင်များတွင် စုစု ပေါင်း မိုးဆီထွက်သီးနှံစိုက်ဧက ၁၃၆၁၀၉၇ ဧကကို စိုက်ပျိုးဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.