မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျားနင့် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေမရှိသေးဟုဆို

မန္တလေး ။ ဧပြီ ၄

မန္တလေးတိုင်းဒေသကြီးတွင် ဧပြိ ၆ ရက်မှ၁၁ ရက်အတွင်း နေရာကွက်ကျားနှင့် နေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီး ဧပြီ ၃ ရက်နေ့ညပိုင်းခန့်မှန်းချက်များအရ မုန်တိုင်းဖြစ်ပေါ်မှုအခြေအနေမတွေ့ရသေးကြောင်းမိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန(မန္တလေးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးကပြောသည်။

“ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်ဘက်က လေနွေးများနဲ့ လေအေးများနဲ့ တရုတ်ပြည်ပြည်မကြီး ဘက်ကလာတဲ့ လေဖိအားကြီးရပ်ဝန်းဒေသက ရွှေလျားလာတဲ့ လေအေးတွေ ဆုံတွေ့ပြီး မိုးတိမ်တောင်များ ဖြစ်ထွန်းကာ မိုးရွာသွန်းနိုင်သည်ဟုဆိုသည်။

“အရှေ့ဘက်ကလာတဲ့ လေဗွေလှိုင်းတွေကြောင့် မန္တလေးတိုင်းဒေသကြီအတွင်းမှာ ဧပြီ ၆ ရက်ကနေ ၁၁ ရက်နေ့အတွင်းမှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွှာနိုင်ပါတယ်။ပြီးခဲ့တဲ့ ၄ ရက်လောက်က ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းမှာ လေစုဖွဲ့မှုတွေက ဒီနေ့ညနေပိုင်းမှာ အောက်ပိုင်းဒေသတွေမှာ အားကောင်း လာတာတွေ့ရပြီး မုန်တိုင်းဖြစ်ပေါ်မှု အခြေအနေထိ အားမကောင်းဘူး”ဟု ၎င်းကပြောသည်။
ဘင်္ဂလားပင်လယ်အော်ဘက်မှာ ထူးခြားတဲ့ တိမ်စုဖွဲ့မှုများသည် ယခင်ရက်များထက် ပိုမိုများပြားလာပြီး လာမည့် ရက်များမှ စ၍ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် မိုးရွာသွန်းနိုင်တဲ့အခြေအနေရှိသကဲ့သို့ မန္တလေးတိုင်းဒေသကြီးတွင်လည်း ၆ ရက်နေ့မှ စပြီးမိုးရွာနိုင်ကြောင်း၊လေဖိအားနည်းရပ်ဝန်းအားကောင်း လာမှု ရှိမရှိစောင့်ကြည့်ရမည်ဖြစ်ပြီး လက်ရှိအနေအထားတွင် မုန်တိုင်းဖြစ်ပေါ်နိုင်မှုအခြေအနေ မတွေ့ရ သေးကြောင်းသိရသည်။

လေတိုက်ခြင်းနှင့် ပတ်သက်၍ ဧပြီလတွင် သင်္ကြန်ရက်မတိုင်မီ နှင့် သင်္ကြန်ပြီးကာလများ၌ မန္တလေးမြို့တွင် လေပြင်းတိုက်ခတ်မှုများရှိနိုင်ပြီး လေပြင်းတိုက်ခတ်ပါကလည်း တစ်နာရီ ၃၅ မိုင်ဝန်းကျင်ခန့်ရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.