ရွှေမန်း
မန္တလေးဈေးကွက်တွင် ကြက် သွန်နီအဟောင်းများကို ပြီးခဲ့သည့် စက်တင်ဘာလကတည်းက ပြည်ပ ဝယ်လိုအားကြောင့် လက်ကျန်မရှိ သလောက်နည်းပါးပြီး အသစ်များ မှာလည်း ဝယ်လိုအားကောင်းနေ သဖြင့် ဈေးကောင်းရနေကြောင်း မန္တလေးကြက်သွန်ပွဲရုံတစ်ခုမှ သိရ သည်။
ဗီယက်နမ်နှင့် မြ၀တီဘက်မှ ဝယ်လိုအားကြောင့် ကြက်သွန်အနီ အဟောင်းနှင့် အသစ်များ ဝယ်ယူ နေခြင်းနှင့် ယခုနှစ်တွင် အထွက် နှုန်းထက်ဝက်ခန့်လျော့နည်းနိုင် ခြင်းကြောင့် အသစ်ပေါ်ချိန်ဈေး ကောင်းရခြင်းဖြစ်သည်ဟု ဆိုသည်။
“ပြည်တွင်းစားသုံးတာက ပုံမှန်ပဲ။ ပြည်ပအဝယ်ကြောင့် ဈေး ကောင်းလာတယ်။ တောင်သူတွေ က ဒီဈေးကို ကြိုက်ကြတယ်။မထွက်သေးတဲ့ ဒေသတွေရှိသလို ထွက်သမျှဝယ်နေတော့ ဒီနှစ် အသစ် ပေါ်ချိန်ဈေးကောင်းတယ်လို့ ပြော ရမယ်။ အဟောင်းကလည်း ကုန် သလောက်ရှိနေပြီ ´´ ဟု ကြက်သွန် ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။
လက်ရှိ ကြက်သွန်နီတစ်ပိဿာ လက်ကားပေါက်ဈေးများအရ အသစ် (အသေး)မှာ ငွေကျပ် ၁၅၀၀ ဝန်း ကျင်၊ အစိုဖြစ်ပါက ငွေကျပ် ၁၂၀၀-၁၃၀၀ ဝန်းကျင်၊ မြစ်သား ထိပ်စမှာ ငွေကျပ် ၃၆၀၀၊ မြင်းခြံ၊ ပခုက္ကူမှ ကြက်သွန်နီအကြမ်း (မိတ်စား)မှာ ငွေကျပ် ၃၅၀၀ ဝန်းကျင် ပေါက်ဈေးရှိပြီး ကြက် သွန်နီအဟောင်းများမှာ လက်ကျန် နည်းပါးနေသဖြင့် တစ်ပိဿာ ၄၀၀၀-၄၅၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။
အသစ်က အဟောင်းလို အလောတကြီးရောင်းမရဘူးဆို တော့ ဖန့်အောင်နေလှန်းပြီး ဗီယက် နမ်၊ မြ၀တီဘက် ပို့နေလို့ အသစ် ရော၊ အဟောင်းရော ဈေးကောင်း တယ်။ အသစ်က အများဈေး တောင် ၃၆ ဖြစ်နေတယ်။ လှမ်းခနဲ့ ကားခတွေနဲ့ဆိုရင် ပွဲရုံမှာ အရင်း က ၃၇-၃၈ လောက်ဖြစ်သွား တယ်´´ဟု ဆက်လက်ပြောကြား သည်။
Leave a Reply