ရွှေမန်း
အိန္ဒိယအစိုးရက ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့် တစ်နှစ်သက်တမ်းတိုးပြီးနောက် ပြည်တွင်းဈေးကွက်တွင် ဆက်တိုက်ဈေးမြင့် တက်အဝယ်သွက်လာကြောင်း ပဲ၊နှမ်းကုန်သည်များထံက သိရ သည်။
အိန္ဒိယအစိုးရက ပြည်ပမှ ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်း ခွင့်ကို လာမည့် ၂၀၂၆ခုနှစ် မတ် လကုန်ထိ သက်တမ်းတိုးမြှင့် ခွင့်ပြုပေးခဲ့ကြောင်း အသိပေးစာ ကို ဇန်နဝါရီ ၂၀ ရက်က ထုတ် ပြန်ခဲ့ပြီးဆက်တိုက်ဆိုသလို တစ်ရက်တစ်စျေးမြင့်တက်လာခြင်းဖြစ်သည်။
ပို့ကုန်ပဲစင်းငုံနှင့်အတူ မတ်ပဲ၊ မြေထောက်ပဲတို့လည်း စျေးမြင့်တက် အဝယ်သွက်လာကြောင်း ပဲစင်းငုံ မှာ ဇန်နဝါရီ ၂၃ ရက် ညနေပိုင်း မန္တလေးဈေးကွက် အပိတ်ချိန်ထိ သုံးမျိုးဝင်တစ်အိတ်လျှင် ငွေကျပ် ၂၉၂၀၀၀ ပေါက်ဈေးဖြစ်လာ ကြောင်း ဦးကျော်သွင်(ရွှေစင် သိန်းပွဲရုံ)ပိုင်ရှင်က ပြောသည်။
“ ပဲစင်းငုံဈေးကွက်က တစ်ရက်တစ်စျေးနဲ့ ဆက်တိုက် စျေးတက်နေပါတယ်။အိန္ဒိယအစိုးရက သက်တမ်းတိုး ပေးလိုက်တော့ ဈေးကွက်ထဲမှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀ ကျော်သာ ပေါက်ဈေး ရှိရာကနေ ဒီနေ့ ဈေးကွက်ပိတ် ချိန်ထိ သုံးတင်းဝင်တစ်အိတ်ကို ငွေကျပ် ၂၉၂၀၀၀ ထိ ပေါက် ဈေးရှိလာပါတယ်။ ပို့ကုန်ပဲစင်းငုံ အပေါ်လိုက်ပြီး သူနဲ့အတူ တင် ပို့တဲ့ မတ်ပဲနဲ့မြေထောက်ပဲလည်း အဝယ်သွက်လာပါတယ်။ မြေပဲလုံးဆန် လည်း တစ်ပိဿာငွေကျပ် ၉၀၀၀ကျော်စျေးတက်လာပါတယ်´´ ဟု ၎င်း က ပြောသည်။
မန္တလေးပဲဈေးကွက်တွင် ပို့ကုန်ပဲစင်းငုံနှင့် မြေပဲလုံးဆန် တို့ အရောင်းအဝယ်သွက် ဈေး ကောင်းနေပြီး အခြားပဲမာလိုင်း များနှင့် ပြည်တွင်းသုံးကုလားပဲ အုပ်စုမှာ အရောင်းအဝယ်ပုံမှန် သာရှိနေသည်။
ဇန်နဝါရီ ၂၃ ရက်တွင် ပို့ကုန်မတ်ပဲ(အသစ်)တစ်အိတ် လျှင်ငွေကျပ် ၂၉၀၀၀၀၊ ပဲစင်းငုံ မှာ ပဲနှမ်းဈေးကွက်အတွင်း စတင်ဝင်ရောက်လာရာ သုံးတင်း ဝင် တစ်အိတ်လျှင် ငွေကျပ် ၂၉၂၀၀၀ ခန့် ပေါက်ဈေးရှိနေ သည်။ ပဲတီစိမ်း(အညာ)တစ် အိတ်လျှင် ငွေကျပ် ၂၉၂၀၀၀ ပေါက်ဈေးရှိနေသည်။
အသစ်ဝင် ပဲမာလိုင်းများမှာ ပဲလွန်းဖြူ၊ ပဲလွန်းပြာ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀၊ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင်ငွေကျပ် ၃၂၀၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၄၉၀၀၀၀၊ မြေပဲလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၉၇၀၀ ပေါက်ဈေးရှိနေသည်။
နှမ်းမျိုးစုံမှာ အနည်းငယ် ဈေးကျဆင်းနေရာ ဇန်နဝါရီ ၂၃ ရက်တွင် နှမ်းနက်(စမုန်) ၄၅ ပိဿာ တစ်အိတ်လျှင်ငွေကျပ် ၆၈၀၀၀၀၊ အက်စစ်လွတ်တစ်အိတ် လျှင်ငွေကျပ် ၇၀၅၀၀၀၊ နှမ်းဖြူ (ဗမာ)၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၆၀၀၀၀၊ နှမ်းညို ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀ အသီးသီး ပေါက်ဈေး ရှိနေကြောင်း သိရသည်။
Leave a Reply