မန္တလေးကုန်စည်ဒိုင် သို့ နှမ်းအသစ်များဝင်ရောက်၊ ကထိန်ရာသီဖြစ်၍အရောင်းအေးဈေးအေးနေ

ရွှေမန်း

 မန္တလေးကုန်စည်ဒိုင်သို့ သပိတ်ကျင်း၊ ကြာညှက်၊ တကောင်းဘက်မှ နှမ်းအသစ်များဝင်ရောက် နေပြီး အရောင်းဝယ်အေး ဈေးအေးနေကြောင်းသိရသည်။ 

နှမ်းဖြူမှာယခင်တစ်ပတ်ထက် ဈေးမြင့် လာသော်လည်း ယခင်လထက်ဈေးနိမ့်နေသည်။

နှမ်းညို နှင့် နှမ်းနက်(စမုံ)မှာ အနိမ့်ဈေးဖြင့် အရောင်း အဝယ်ဖြစ်နေသည်။

နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်၂၇၅၀၀၀ မှ၂၈၅၀၀၀၊ ယခင် တစ်ပတ်ကျပ် ၂၇၀၀၀၀၊ ယခင်လကျပ် ၃၀၀၀၀၀မှ ၃၀၅၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀၀၀မြင့်တက်လာပြီး၊ယခင်လထက်ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀နိမ့်ကျလာသည်။

နှမ်းညို ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၃၀၀၀၀မှ ၂၃၅၀၀၀၊ ယခင် တစ်ပတ်ကျပ် ၂၃၀၀၀၀မှ ၂၃၅၀၀၀၊ယခင်လကျပ် ၂၅၈၀၀၀ မှ ၂၆၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၂၅၀၀၀ မှ ၂၈၀၀၀နိမ့်ကျလာသည်။
နှမ်းနက်(စမုံ) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၄၀၀၀၀ မှ ၃၀၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၄၅၀၀၀ မှ ၃၀၀၀၀၀၊ယခင်လကျပ် ၂၇၀၀၀၀ မှ ၃၅၀၀၀၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက်ကျပ် ၅၀၀၀၊ ယခင်လထက် ကျပ် ၃၀၀၀၀ မှ ၅၀၀၀၀ နိမ့်ကျလာသည်။

မန္တလေးကုန်စည်ဒိုင်သည် ကထိန်အလှူကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသည့် ကုန်စည်ဒိုင် ဖြစ်၍ နှစ်စဉ်ကထိန်ရာသီတွင် အရောင်းအဝယ်အေးလေ့ရှိသည်။ လတ်တလောတွင် ပြည်ပတင်ပို့မှု အေးနေခြင်းသည်လည်းဈေးအေးခြင်းအကြောင်းတစ်ခုဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.