မတ်ပဲ၊ပဲစင်းငုံနှင့် ပြည်တွင်းသုံးကုလားပဲအုပ်စု ဆက်လက်ဈေးမြင့်တက်လာ

 

ရွှေမန်း

အသစ်ဝင်မြေပဲဆန်များ ဈေးကျဆင်းနေ
မတ်ပဲ၊ပဲစင်းငုံနှင့် ပြည်တွင်း သုံးကုလားပဲအုပ်စု ဆက်လက် ဈေးမြင့်နေကြောင်း ပဲကုန်သည် များထံကသိရသည်။

ပြည်တွင်းသုံးပဲမာလိုင်းများမှာ ဈေးပြောင်းလဲမှုမရှိဘဲ အရောင်း အဝယ်ပုံမှန်သာရှိနေသည်။

ပြည်တွင်းသုံးကုလားပဲများ ဆက်လက်ဈေးမြင့်လာပြီး   ပို့ ကုန်ပဲများ  ဈေးအနည်းငယ်သာ မြင့်တက်နေကြောင်း၊ အသစ်ဝင် မြေပဲဆန်များ   အဝင်များ သလောက် အဝယ်ကောင်းနေရာ မိုးမိအရည်အသွေးကျလျှင် ဈေး ကျဆင်းသော်လည်း  ထိပ်စ အရည်အသွေးကောင်း မြေပဲဆန် များကို တရုတ်လိုင်း အဝယ် ကောင်းနေကြောင်း၊ တရုတ်နိုင်ငံ မှတင်သွင်းသည့် ကနေဒါ စား တော်ပဲမှာအဝင် မရှိတာကြောင့် ဈေးမြင့်လာကြောင်း  မန္တလေး တိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော် သွင်(ရွှေစင်သိန်းပွဲရုံ)က ပြော သည်။

“ ကုလားပဲဈေးတွေ လက် ကျန်နည်းလာလို့ ဈေးတက်လာ ပါတယ်။ ဒီနေ့ပေါက်ဈေးတွေက အရင်သီတင်းပတ်ထက် တစ် အိတ် ငွေကျပ် ၂၀၀၀ လောက် ဆက်တက်လာတာပါ။ ပဲခွဲစက် သမားတွေ အဝယ်ကောင်းနေပါ တယ်။ ဈေးအများကြီး တက် တာမျိုးမဟုတ်ဘဲ ဈေးကွက် ထဲ ရောင်းသမျှကုန်နေပါတယ်။  ပို့ကုန်ပဲတွေကတော့ အနည်း သာဈေးတက်နေပါတယ်။မြေပဲ ဆန်တွေကတော့ အညာအသစ် တွေ တော်တော်ဝင်လာပါတယ်။ မိုးမိထားတဲ့ အရည်အသွေးဆိုရင် တော့ ဈေးနည်းပါတယ်။တရုတ် လိုင်း ကတော့ထိပ်စတစ်မျိုးပဲ အရောင်း အဝယ်ကောင်းနေပါ တယ်။ ပြည်တွင်းသုံးပဲမာလိုင်း ကတော့ ဈေးအေး၊ အဝယ်အေး ဖြစ်နေပါတယ်။ ပို့ကုန်ပဲတွေက ဈေးအမြင့်ဈေးနဲ့ ငြိမ်နေပါတယ်။ တရုတ်က  ပြန်ဝင်တဲ့ ကနေဒါ စားတော်ပဲကတော့ ဈေးပြန်မြင့် နေပါတယ်´´ ဟု ၎င်းက ပြော သည်။

မေ ၂၃ ရက်တွင် ပို့ကုန်ပဲ များ အနည်းငယ်သာ ဈေးမြင့် တက်လာရာ ပို့ကုန်မတ်ပဲ တစ် အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင်  ငွေကျပ် ၄၁၀၀၀၀ ပေါက်ဈေး ဖြစ်လာ သည်။ ပဲတီစိမ်းရွှေဝါ တစ်အိတ် လျှင် ငွေကျပ် ၂၁၄၀၀၀၊ အညာ တစ်အိတ်လျှင် ငွေကျပ် ၁၈၀၀၀၀  ပေါက်ဈေးဖြင့် ဈေးမြင့်တက် လာသည်။      
 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ  ဆက်လက်ဈေးပြန် မြင့်တက်လာရာ မေ  ၂၃  ရက် တွင် ကုလားပဲ V2 တစ်အိတ် လျှင် ငွေကျပ် ၂၄၇၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၇၀၀၀၊  ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၂၉၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၃၈၀၀၀ အသီးသီး ဈေးမြင့်တက်လာသည်။

ပြည်တွင်းသုံးပဲမာလိုင်းများ မှာ ဈေးတည်ငြိမ်နေရာကြောင့်  အရောင်းအဝယ်ပုံမှန်သာရှိနေ  ရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၁၅၀၀၀၊ မြေ ထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၂၅၅၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ် လျှင် ငွေကျပ် ၃၀၀၀၀၀ ပေါက် ဈေး ရှိနေပြီး မြေပဲအနီလုံးဆန် တစ်ပိဿာလျှင် ငွေကျပ် ၇၂၀၀ ပေါက်ဈေး ရှိနေသည်။

မေ ၂၃ ရက်တွင် နှမ်းမျိုးစုံ အနည်းငယ်ဆက်လက် မြင့်တက် လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ်၄၁၀၀၀၀ အသီးသီး ပေါက်ဈေးရှိနေကြောင်း သိရသည်။      

Leave a Reply

Your email address will not be published.