မင်းလှမြို့နယ်မှာ ပိုင်ရှင်မဲ့ တရာမဝင်သစ်များ ရှာဖွေတွေ့ရှိ

မကွေးတိုင်း သရက်ခရိုင် မင်းလှမြို့နယ်တွင် ပိုင်ရှင်မဲ့ တရားမဝင်သစ်များ ရှာဖွေတွေ့ရှိကြောင်း သိရပါတယ်။
သရက်ခရိုင် မင်းလှမြို့နယ်အတွင်း တရားမဝင်သစ်များ စုပုံထားရှိကြောင်း သတင်းရရှိသဖြင့် မေလ ၁၂ရက်နေ့ နေလယ်ပိုင်းက သရက်ခရိုင် ခရိုင်သစ်တောဦးစီးမှုး ဦးဇော်ဝင်းအောင်၏ ညွှန်ကြားချက်အရ မင်းလှမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ မင်းလှမြို့နယ် လက်ပံတံခါး ရဲကင်းစခန်းနှင့် ရေနံမနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းရရှိခဲ့သည့် မင်းလှမြို့နယ် မြို့သစ်ကျေးရွာအုပ်စု ပုသိမ်-မုံရွာ ကားလမ်း၏အရှေ့ဘက်၊ မြောက်မြှားကုန်းကျေးရွာ၏ အနောက်မြောက်ဘက် ဝါးတောထဲတွင် သွားရောက်ရှာဖွေခဲ့ကြရာမှ ယခုလို ရှာဖွေတွေ့ရှိကြောင်း သိရပါတယ်။
ရှာဖွေတွေ့ရှိသည့်သစ်များမှာ
၃”အောက် အင်ကြင်း(၁၄)လုံး ၁•၁၄၂၁ တန်၊ ၃”အောက် အင်ကြင်း(၁၈)လုံး ၀•၇၂ တန်၊ ၃”အောက် ကုက္ကိုလ် (၆ )လုံး ၀•၀၅၃၃ တန်၊ တိုင် စုစုပေါင်း ၁•၉၁၅၄ တန်၊ ခွဲသား အင် ၄×၁ခွဲ ၁၈ပေ (၁၅)ချောင်း ၀•၂၂၅ တန်၊ အင် ၅×၁ ၁၈ပေ ( ၅) ချောင်း ၀•၀၂၅ တန်၊ အင် ၅ ပတ်လည် ၁၈ပေ(၂၅)ချောင်း ၀•၁၅၆ တန်
၊ ကုက္ကိုလ် ၄×၁ခွဲ ၁၈ပေ(၁၅)ချောင်း ၀•၂၂၅တန်၊ စစ် ၄×၁ ခွဲ ၁၈ပေ(၃၅)ချောင်း ၀•၅၂၅တန်၊ ရုံး ၄×၁ ခွဲ ၁၈ပေ(၂၀)ချောင်း ၀•၃ တန်၊ အင် ၇×၅ ၁၂ပေ(၁)ချောင်း ၀•၀၅၂၄ တန်၊ အင် ၇×၂ ၁၂ပေ (၁)ချောင်း ၀•၀၂၃၄ တန်၊
ခွဲသားစုစုပေါင်း ၁•၅၃၇၈ တန် တို့အား ဖမ်းဆီးရမိခဲ့ကြောင်း မင်းလှမြို့နယ်သစ်တောဦးစီးဌာနက သိရပါတယ်။
အဆိုပါ ရှာဖွေတွေ့ရှိသော တရားမဝင်သစ်များကို ဒေသသုံး ထွန်စက်များအား အကူအညီရယူတောင်းခံကာ မင်းလှမြို့နယ် သစ်တောဦးစီးဌာန၊ ရွှေချောင်းသစ်တောဘိနယ်ရုံးသို့ ပို့ဆောင်စေခဲ့ပြီး မင်းလှမြို့နယ် သစ်တောဦးစီးဌာနမှ တရားမဝင် စုပုံထားရှိသည့် သစ်ပိုင်ရှင်အား ဆက်လက်စုံစမ်း ဖေါ်ထုတ်နေကြောင်း သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
သတင်းဓါတ်ပုံ ဖိုက်ဝမ်းဖိုက်(မဲဇလီ)

Leave a Reply

Your email address will not be published.