“မင်းလှမြို့တွင် ကျောက်ကပ်အားနည်း၊အမောဖောက်၊ချောင်းဆိုးသွေးပါရောဂါဖြင့် Qဝင်နေသူတစ်ဦးသေဆုံး”

မင်းလှ စက်တင်ဘာ ၄

“Covid 19ရောဂါ ပြည်တွင်းကူးဆက်မှုမြင့်မားနေသည့်အချိန် မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့ မြို့နယ်ခန်းမ FQ Center တွင် Qဝင်နေသော ထိုင်းပြန်တစ်ဦး သေဆုံးမှု စက်တင်ဘာလ ၃ရက် ညနေ ၆နာရီက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးစက်ရုံတွင်အလုပ်လုပ်ကိုင်ခဲ့ပြီး နေရပ်သို့ပြန်လည်ရောက်ရှိလာသော အထက်မင်းလှမြို့နယ် ပနီဆုံကျေးရွာနေထိုင်သူ ဦးချောင်(၂၃)နှစ်ကို သြဂုတ်လ ၃၀ရက်နေ့က စတင်ကာ Quarantine ဝင်စေခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ “၎င်းသည် စက်တင်ဘာလ၃ရက် နံနက် ၁၁နာရီ ၅၀မိနစ်အချိန်တွင် Quarantine ဝင်နေရာမှ အမောဖောက်ပြီး အသက်ရှုမဝဖြစ်လာ၍ မကွေးတိုင်းပြည်သူ့ဆေးရုံသို့ နေ့လယ် ၁နာရီခွဲအချိန်ခန့် ပို့ဆောင်ကာ ဆေးကုသမှုခံယူစေခဲ့ပါတယ်။ “မကွေးတိုင်းဆေးရုံသို့ ပို့ဆောင်ခဲ့သည့် အဆိုပါနေ့ ညနေ ၆နာရီအချိန်တွင် ကျောက်ကပ်အားနည်းရောဂါ၊ အမောဖောက်၊ ချောင်းဆိုးသွေးပါရောဂါတို့ဖြင့်သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ “သေဆုံးသူ ဦးချောင်ကိုစက်တင်ဘာလ ၄ရက် နံနက် ၈နာရီအချိန်တွင် ဆေးစစ်ချက်ယူဆောင်ရွက်မည်ဖြစ်ကြောင်း မကွေးတိုင်းဆေးရုံမှ သိရပါတယ်။

ရွာသား(မကွေး)

Leave a Reply

Your email address will not be published.