မင်းဘူးမြို့မရဲစခန်းက ဆိုင်ကယ်ခိုးသူ၃ဦးနဲ့ ဆိုင်ကယ်၁၂စီးခိုးမှု စစ်ဆေးဖော်ထုတ်နိင်ခဲ့

မင်းဘူးမြို့မှာ ဆိုင်ကယ်ခိုးတဲ့ တရားခံ(၃)ဦးနဲ့ ဆိုင်ကယ်ခိုးမှု (၁၂)မှုတို့ကို စစ်ဆေးဖော်ထုတ်နိင်ခဲ့တယ်လို့ ဧပြီလ ၂၉ရက်နေ့က မင်းဘူးမြို့မရဲစခန်းက သိရပါတယ်။
မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဇော်ရဲ့တာဝန်ပေးချက်အရ ဧပြီလ ၂၇ရက်နေ့က
မင်းဘူးမြို့မရဲစခန်း နယ်ထိန်း(အရာရှိ) ဒုရဲအုပ် ကျော်ငြိမ်းနဲ့အဖွဲ့သည် သက်သေများ နှင့်အတူ ညဉ့်နက်လှည့်ကင်း ဆောင်ရွက်နေစဉ် ည ၁၁နာရီ၃၀မိနစ်အချိန်ခန့် Minbu Motel အနီး ဈေးဘက်သွား လမ်းကြားတွင် မသင်္ကာဖွယ် လူငယ်တစ်ဦးကို ဆိုင်ကယ်(၁)စီးနှင့်အတူ တွေ့ရှိလို့ ရပ်တန့် စစ်ဆေးရာ ၎င်းမှာ မကျီးသုံးပင်ကျေးရွာနေမျိုးမင်းထွန်းဖြစ်ပြီး ၎င်းနှင့်အတူ တွေ့ရှိသော ဆိုင်ကယ်ကို စစ်ဆေးရာ ဇာတ်သော့ချိုးထားသည့်အပြင် သော့မပါဘဲ တွေ့ရှိရပြီး ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောပြနိုင်ခြင်းမရှိသဖြင့် နေအိမ်အဆောက်အဦးတစ်ခုခု အတွင်းမှ ခိုးယူလာသည်ဟု သင်္ကာမကင်းဖွယ်ဖြစ်လို့ သက်သေများရှေ့ ရှာဖွေပုံစံပြုလုပ် သိမ်းဆည်းပြီး ဥပဒေနှင့်အညီ အမှု ရေးဖွင့် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ကျွန်တော်တို့ ညဉ့်နက်ပိုင်းလှည့်ကင်း ဆောင်ရွက်နေစဉ် မကျီးသုံးပင်ရွာက မျိုးမင်းထွန်းကို Minbu Motel အနီး ဈေးဘက်သွား လမ်းကြားမှာ ဆိုင်ကယ်၁စီးနဲ့ မသင်္ကာဖွယ်တွေ့လို့ စစ်ဆေးတော့ ခိုးလာတာပေါ်ပေါက်တဲ့အပြင် တခြားပြစ်မှုတွေ ကျုလွန်တာရှိမရှိဖော်ထုတ်နိင်ဖို့အတွက် မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဇော်က အနီးကပ်ကြပ်မတ်ကွပ်ကဲပြီး အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးဆောင်ရွက်ခဲ့ပါတယ်၊ စစ်ဆေးချက်အရ ထပ်မံ ကွင်းဆက် တရားခံ(၂)ဦးနဲ့အတူ စုစုပေါင်း တရားခံ(၃)ဦးနဲ့ ဆိုင်ကယ်ခိုးမှု (၁၂)မှု ပေါ်ပေါက်ခဲ့ပါတယ်လို့ နယ်ထိန်းခေါင်ဆောင်ဒုရဲအုပ်ကျော်ငြိမ်းက ပြောပါတယ်။
တရားခံ မျိုးမင်းထွန်းကို စစ်ဆေးရာ ၎င်းတစ်ဦးတည်း ကျူးလွန်ခဲ့သော
ဆိုင်ကယ် ခိုးမှု (၃)မှု၊ တရားခံ မျိုးမင်းထွန်း နှင့် ကွင်းဆက်တရားခံ သန်းထိုက်အောင်(ခ) ဆန်းကွဲ တို့(၂)ဦးပေါင်း ကျူးလွန်ခဲ့သော ဆိုင်ကယ်ခိုးမှု (၂)မှု၊တရားခံ မျိုးမင်းထွန်း ၊ ကွင်းဆက် တရားခံ သန်းထိုက်အောင်(ခ)ဆန်းကွဲ နှင့် တရားခံ ဇော်ထိုက်(ခ)ဖြူတုတ်တို့(၃)ဦး ပူးပေါင်း ကျူးလွန်ခဲ့သော ဆိုင်ကယ် ခိုးမှု (၁)မှု
၊ ကွင်းဆက် တရားခံ သန်းထိုက်အောင် (ခ) ဆန်းကွဲ နှင့် ဇော်ထိုက်(ခ) ဖြူတုတ်တို့ (၂)ဦးပေါင်း ကျူးလွန်ခဲ့သော ဆိုင်ကယ် ခိုးမှု (၁)မှု၊ ကွင်းဆက် တရားခံ ဇော်ထိုက်(ခ)ဖြူတုတ် တစ်ဦးတည်း ကျူးလွန်ခဲ့သော ဆိုင်ကယ် ခိုးမှု (၅)မှု စုစုပေါင်း၁၂မှုကို ဖော်ထုတ်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ဆိုင်ကယ်များခိုးသူ ၃ဦးကို ဥပဒေနှင့်အညီ အမှု ရေးဖွင့်လှစ်စစ်ဆေးလျှက်ရှိပြီး ဆိုင်ကယ်ပျောက်ဆုံးမှုရှိတဲ့ မိဘပြည်သူများအနေဖြင့် မင်းဘူးမြို့မရဲစခန်းသို့ လာရောက်ကြည့်ရှု့နိုင်ပါတယ်လို့ စခန်းမှူးဒုရဲမှူးမြင့်ဇော်က ပြောပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
သတင်းဓါတ်ပုံ မင်းဘူးမြို့မရဲစခန်း

 

Leave a Reply

Your email address will not be published.