မင်းဘူးခရိုင်အတွင်း COVID-19‌ရောဂါနဲ့ပတ်သက်၍ အများပြည်သူထိတ်လန့်မှုဖြစ်အောင် မဟုတ်မမှန်သတင်းများ ဖြန့်ချီရေသားသူတွေကို အရေးယူမယ်

မကွေးတိုင်း မင်းဘူးခရိုင်အတွင်း COVID-19‌ရောဂါနှင့်ပတ်သက်၍ အများပြည်သူထိတ်လန့်မှုဖြစ်အောင် မဟုတ်မမှန်သတင်းများ လူမှုကွန်ရက်စာမျက်နာ facebookပေါ်တွင် ရေးသားပြီးပိုစ့်တင်သူများ၊ ရုပ်သံတင်သူများ၊ Liveလွှင့်နေသူများနဲ့ ဖြန့်ချီနေသူများကို ဖော်ထုတ်ပြီးထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ယနေ့မတ်လ၃၁ရက်နေ့က မင်းဘူး/စကုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံက ပြောပါတယ်။
COVID-19‌ရောဂါနဲ့ ပတ်သက်လို့ ပြည်သူတွေအထိတ်တလန့်ဖြစ်အောင် မလုပ်ဖို့အတွက် ဒေသန္တရအမိန့်ထုတ်ပြန်ထားပြီဖြစ်ပါတယ်၊ သတင်းတွေကို မဟုတ်မမှန်ဆက်လက်ဖြန့်ချီမယ်၊ တင်နေမယ်ဆိုရင် တည်ဆဲဆက်သွယ်ရေးဥပဒေအပြင် ဒေသန္တရအမိန့်အတိုင်း‌ အရေးယူဆောင်ရွက်သွားမှာပါလို့ မင်းဘူး/စကုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံက မကွေးဂျာနယ်ကို ပြောပါတယ်။
ဆက်လက်၍ မနေ့ကဆို ပွင့်ဖြူကတစ်ယောက်က ပေါက်ကရတွေရေးတယ်၊၁၆၉ယောက်ထဲက ၁ယောက်ကpositiveဖြစ်သွားပါတယ်ဆိုပြီး လျှောက်ရေးတယ်၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီးပွင့်ဖြူအုပ်ချုပ်ရေးမှူးကို လှမ်းပြောလိုက်မှ မမှန်သတင်းဖြန့်တဲ့လူက တောင်းပန်ပြီး ပိုစ့်ပြန်ဖြုတ်သွားတယ်၊ ဒီတကြိမ်‌
တော့ ခွင့်လွှတ်လိုက်ပါတယ်၊ စလင်းမှာလဲ အဲလိုဖြန့်ချီလို့ မြို့နယ်ရဲမှူးက သွားရောက်စစ်ဆေးတော့ အဲဒီလူလဲပြန်ဖြုတ်သွားပါတယ်၊ ဒီတကြိမ်တော့အသိပေးပြီးပြီ၊ ဒီနေ့ကစပြီး Covid19နဲ့ပတ်သက်ပြီး အများပြည်သူထိတ်လန့်အောင် ဆက်လုပ်မယ်ဆိုရင် လုပ်သူတွေကို ဆက်သွယ်ရေးဥပဒေအပြင် ဒေသန္တရဥပဒေနဲ့ တရားစွဲဆိုသွားမှာပါလို့ ဦးသိန်းဇော်ကံက အတည်ပြုပြောကြားပါတယ်။
မင်းဘူးခရိုင်ကို ထိုင်းအပါအဝင်နိင်ငံခြားမှာပြန်လာသူများကို မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး၊ မင်းဘူးခရိုင်ဆေးရုံအုပ်ကြီး၊ မင်းဘူး/စကုမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ပရဟိတအဖွဲ့များနဲ့ မြို့မိမြို့ဖများက မတ်လ၂၃ရက်နေ့ကစပြီး မင်းဘူးအထက၁နဲ့ အထက၂မှာ ၁၄ရက်ကြာ ကျန်းမာရေးအပါအဝင် စားရိတ်ငြိမ်းစောင့်ကြည့်ကြပ်မတ်ပေးလျှက်ရှိပါတယ်။
အခုလို ပြန်လာသူတွေကို စောင့်ရှောက်ပေးနေပါလျှက် မဟုတ်မမှန်သတင်းတွေ ဖြန့်ချိနေတာ ကျွန်တော်တို့မြို့လဲသိက္ခာကျတယ်၊ မြို့သူမြို့သားတွေလဲ အထိန့်တလန့်ဖြစ်သလို ဒီမှာစောင့်ကြည့်ခံနေရတဲ့၁၇၉ဦးရဲ့ ဂုဏ်သိက္ခာလဲ ညှိးနွမ်းပါတယ်၊ ဒါကြောင့် မဟုတ်မမှန်သတင်းဖြန့်သူတွေကို ဒီနေ့ကစပြီး ထိထိရောက်ရောက် အရေးယူသွားမယ်လို့ မင်းဘူး/စကုမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မတ်လ၂၃ရက်နေ့မှစ၍ မင်းဘူးခရိုင်သို့ ပြန်လာကြသူများကို မင်းဘူးမြို့ အထက၁တွင် ၁၆၉ဦး၊ အထက၂ကျောင်းတွင် ၁၀ဦး ၁၄ရက်စောင့်ကြည့်လူနာအဖြစ်ထားရှိထားရာ အားလုံးကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း မင်းဘူး/စကုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်

Leave a Reply

Your email address will not be published.