“မင်းတုန်းမြို့နယ် မဲဇလီကျေးရွာအုပ်စုကြိုတင်မဲကောက်ယူရာ တံဆိပ်တုံးမှားယွင်းမှု့ကြောင့် မဲပြန်ပေးရမည်”

မင်းတုန်းနိဝင်ဘာ ၅ “

မကွေးတိုင်း မင်းတုန်းမြို့နယ် မဲဇလီကျေးရွာအုပ်စု ကြိုတင်မဲကောက်ယူရာ တံဆိပ်တုံးမှားယွင်းမှု့ကြောင့် မဲပြန်ပေးရမည်ဖြစ်ကြောင်း ယနေ့ နိဝင်ဘာ ၅ရက်နေ့က မင်းတုန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲက သိရသည်။ မဲဇလီကျေးရွာအုပ်စု အသက်၆၀နှစ်နှင့်အထက်ကြိုတင်မဲ စတင်ကောက်ယူသည့် အောက်တိုဘာ၂၉ရက်နေ့ နယ်မြေခံရဲကင်းနဲ့ မသန်စွမ်းသူများကို အိမ်တိုင်ရာရောက်ကောက်ယူရာ ယူအီးစီတံဆိပ်တုန်းရုံးအတွင်းကျန်ခဲ့၍ NLDပါ ကိုယ်စားလှယ်၏ ယခင်က သရုပ်ပြပြုလုပ်ခဲ့သည့် တံဆိပ်တုံးကိုယူပြီးမဲပေးခဲ့ကြောင်း သိရသည်။ ”ဘာရည်ရွယ်ချက်မှမဟုတ်ဘူး သူတို့က တသက်လုံးရပ်ရေးရွာရေးလုပ်နေတဲ့သူတွေ ဖြစ်တယ်၊ ဥပဒေကိုသေချာမဖတ်တော့ မသိကြတာပေါ့၊ အခြားနယ်မှာဖြစ်သလို ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်တာကို အကုန်လုံးနားလည်လက်ခံကြတယ်ဟု မဲဇလီကျေးရွာ အငြိမ်းစားကျောင်းအုပ်ဆရာ ဦးမောင်မောင်က ပြောသည်။ “တံဆိပ်တုံး​မှားယွင်းပေးမိသည့် လူဦးရေ(၁၂)ဦးသာရှိခဲ့သော်လည်း နောက်နေ့များမှာ တဆိပ်တုံးအမှန်နှင့်ပေးသူများ၏ မဲများရောပါသွား၍ မဲပြန်ပေးရတာဖြစ်ကြောင်း သိရသည်။ ယခုဖြစ်စဥ်နဲ့ပတ်သက်ပြီး မင်းတုန်းမြို့နယ်NLDပါတီဥက္ကဋ္ဌ၊ လက်ရှိတိုင်းလွှတ်တော်ကိုယ်စားလှယ်နှင့် ၂၀၂၀ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးတင်ဝင်း​က ကြိုတင်မဲကောက်တဲ့နေရာကို ယူအီးစီတံဆိပ်တုံးမပါဘူး၊ ကိုကြည်ဝင်းက သူ့မှာပါတဲ့ တံဆိပ်တုံးရလားဆိုတော့ ရတယ်ဆိုပြီးထုကြတာဖြစ်ကြောင်း ပြောသည်။ “တံဆိပ်တုံးမှားယွင်းသည့်ကိစ္စဖြစ်ကြောင်း၊ မှားယွင်းထုမိပြီး မဲပေးထားသည့် မဲပုံးကို ပြန်ပြီးသိမ်းထားကြောင်း မင်းတုန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌဦးစိုးကြည်က ပြောသည်။ “ဖြစ်တာက ၂၉ ရက်နေ့က ဖြစ်တယ်။သိတာကတော့ မနေ့ကမှသိတယ်၊ ဒီနေ့စေ့စပ်ညှိနှိုင်းရေးကော်မတီနဲ့ စေ့စပ်ပေးလိုက်တဲ့ သဘောပေ့ါ၊ မဲနောက်တစ်ကြိမ်ထပ်ပေးတာကို ဒီနေ့ပြန်လုပ်နေတာဖြစ်တယ်ဟု ဦးစိုးကြည်ကပြောသည်။ အရေးယူဖို့အပိုင်းကတော့ ပယောဂမပါဘူး စေတနာအမှားဖြစ်သွားတယ် သဘောရိုးဖြစ်သွားတဲ့အခါကျတော့ စေ့စပ်ညှိနှိုင်းကော်မတီက ပါတီအသီးသီးက ကိုယ်စားလှယ်တွေနဲ့ ညှိလိုက်တဲ့အခါကျ သူတို့ကလည်း မဲပြန်ပေးလိုက်ရင် မျှတမှုရှိပါတယ်ဆိုပြီးပြောလို့ ဒီနေ့မဲပြန်ပေးနေတာပါဟု ဦးစိုးကြည်က ဆိုသည်။ “တံဆိပ်တုံးမှားယွင်းမှု့ကြောင့် ပယ်မဲအဖြစ်သတ်မှတ်ခဲ့ရသည့် ဦးရေ(၂၆၀)ကျော်ဖြစ်ပြီး ယနေ့ နိုင်ဝင်ဘာ၅ရက်နေ့မှာ ပြန်လည်မဲပေးနေရပြီဖြစ်သည်။

သက်မှူးအိမ်(မကွေးဂျာနယ်)

Leave a Reply

Your email address will not be published.