မင်းတုန်းမြို့နယ်မှာ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့လို့ နေအိမ်တချို့ပျက်စီး

မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတချို့ ဧပြီလ ၁၄ ရက်နေ့ ညနေပိုင်းက မိုးရွာပြီး လေပြင်းတိုက်ခတ်ခဲ့တဲ့အတွက် နေအိမ်တချို့ပျက်စီးသွားကြောင်း သိရပါတယ်။
ဧပြီလ၁၄ရက် ညနေက မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်ခဲ့လို့ မင်းတုန်းမြို့နယ်၊ ကျေးရွာ၆ရွာမှာရှိတဲ့ လူနေအိမ်၁၀လုံးနဲ့ဓမ္မာရုံ၁လုံး အမိုးပျက်ဆီးခဲ့ပြီးအိမ်ထောင်စု၁၀စု၊ လူဦးရေ၃၆ဦးနှင့်ဓမ္မာရုံ၁လုံးလေဘေးသင့်ခဲ့ပြီး၊ ဆုံးရှုံးမှု တန်ဖိုး ၁၃၉၂၈၀၀ကျပ်ခန့်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။
မနေ့က မိုးလဲနည်းနည်းရွာသွားပါတယ်၊ပျက်ဆီးမှုအိမ်ခြေစာရင်းအတိအကျလုပ်ပြီးရင်တော့ အစိုးရကထောက်ပံ့မှုတွေလုပ်ပေးမှာပါ၊ ခုထိတော့မင်းတုန်းမြို့နယ်အတွင်းမှာ ပျက်ဆီးမှုက ဆိုးဆိုးဝါးဝါးကြီးမရှိပါဘူး၊ မင်းတုန်းမြို့ရဲ့မြောက်ဘက်ဆင်သေကျေးရွာလေးမှာ လေပြင်းတိုက်ခတ်မှုဖြစ်သွားတာပေါ့၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း သဘာဝဘေးဒဏ်ဖြစ်ပွားမှုကို ချက်ခြင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို သတင်းပို့ပါတယ်၊မြို့နယ်မှတစ်ဆင့် ခရိုင်၊ တိုင်းတို့ကိုသတင်းပို့နေပါပြီလို့ မကွေးတိုင်းဒေသကြီးလွှတ်ကိုယ်စားလှယ် မင်းတုန်းမဲဆန္ဒနယ်အမှတ် (၂) ဦးအေးလှိုင်ဦးက ပြောပါတယ်။
မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ပျက်ဆီးသွားတဲ့ ဓမ္မာရုံ၁လုံး၊နေအိမ်၁၀လုံး၊ အိမ်ထောင်စု၁၀စု၊လူဦးရေ၃၆ဦးတို့အတွက် ဆန်ရိက္ခာဖိုး၇ရက်စာ၇၅၆၀၀ ကျပ်၊ အိမ်ဆောက်ပစ္စည်း ဖိုး၃၃၀၀၀၀ကျပ်၊ စုစုပေါင်း၄၀၅၆၀၀ကျပ်အား ဧပြီလ၁၆ရက်နေ့တွင် ပေးအပ်သွားမယ်လို့ သိရပါတယ်။
မင်းတုန်းနယ်ထက်အရင်
ဧပြီလ ၁၂ ရက်နေ့က သရက်ခရိုင် ကံမမြို့နယ် ကျောက်ပဒေါင်းကျေးရွာအုပ်စုကျောက်ပဒေါင်းကျေးရွာနဲ့ လင်းကျေးရွာတို့မှာ လေပြင်းတိုက် ခတ်မှုကြောင့် အမိုးလန်နေအိမ်(၉)လုံး၊ အိမ်ထောင်စု(၉)စု၊ လူဦးရေ(၃၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာဖိုး ထောက်ပံ့ငွေ ၆၅၁၀ဝကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ၂၇၀၀၀ဝကျပ် စုစုပေါင်း၃၃၅၁၀ဝကျပ် ဧပြီလ၁၄ရက်နေ့က ကံမမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားပေးရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးမြင့်စိုးက
က ပြောပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်

Leave a Reply

Your email address will not be published.