” မကွေး ပြည်တော်သာတိုက်တန်း မှ မဲရုံတာဝန်ကျပိုးတွေ့ဆရာမနှင့် Contact ရှိသူ (၂၃) ဦးကို Test Kits(TRD) ဖြင့် စစ်ဆေးရာ (၁)ဦးပိုးတွေ့”==========================================

မကွေးနိုဝင်ဘာ ၁၁

” မကွေးမြို့နယ် ယင်းမာတောကျေရွာ မဲရုံတာဝန်ကျဆရာမပိုးတွေ့ရှိသူနှင့် Contactရှိသူ(၂၃)ဦးကို Test Kist(TRD)ဖြင့် မကွေးတိုင်းဆေးရုံကြီးတွင် စစ်ဆေးခဲ့ရာ မဲရုံမှူးတာဝန်ကျဆရာမတွင် ပိုးတွေ့ရှိ၍ တိုင်းပြည်သူဆေးရုံကြီး ၅ထပ်ဆောင်သို့ ပို့ဆောင်ကုသပေးလျှက်ရှိကြောင်း သိရသည်။ ” ယင်းမာတောကျေးရွာမဲရုံတာဝန်ကျသူ(၉)ဦးနဲ့ တခြားထိတွေ့သူ(၁၄)ဦးကို ဒီနေ့ TRDနဲ့စစ်ဆေးတဲ့အခါ မဲရုံမှူးတာဝန်ကျဆရာမ(၁)ဦးမှာ ပိုးတွေ့ပြီး ကျန်(၂၂)ဦးမှာ ပိုးမတွေ့ပါဘူးဟု တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာခင်မောင်သန်းက ပြောသည်။ ” မနေ့ ညနေက ပိုးတွေ့သူမှာ ပြည်တော်သာတိုက်တန်းနေ ယင်းမာတောကျေးရွာ မဲရုံတာဝန်ကျဆရာမဖြစ်ပြီး ယနေ့ ထပ်မံ ပိုးတွေ့သူမှာ ရန်မျိုးနိုင်ရပ်ကွက်နေ ယင်းမတောကျေးရွာတာဝန်ကျမဲရုံမှူး ဆရာမဖြစ်ကြောင်း သိရသည်”။ ” ထပ်မံပြီး contact ရှိသူများအား Q ဝင်ရန် နှင့် Swab ယူရန်တို့ကို မကွေးမြို့နယ်ကျန်းမာဦးစီးဌာနမှ ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်”။ “မကွေးမြို့နယ် ယင်းမာတောကျေးရွာကို နိုဝင်ဘာ(၁၀)ရက်နေ့ ည(၈)နာရီချိန်မှာ စတင်ပြီး အသွားအလာကန့်သတ်ထားကြောင်း မကွေးမြို့နယ်ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်”။

သက်မှူးအိမ်(မကွေးဂျာနယ်)

သတင်းဓါတ်ပုံ စည်ဖြိုးသူ

Leave a Reply

Your email address will not be published.