မကွေးမြို့ ကားကြီးကွင်းအတွင်းရှိ ခရီးသယ်ယာဉ်မော်တော်ယာဉ် လိုင်းအားလုံးမဟာသင်္ကြန်ရုံးပိတ်ရက်ကာလ ယာယီပိတ်သိမ်းထားရန် အထူးမေတ္တာရပ်ခံထား

မကွေးမြို့ ကားကြီးကွင်းအတွင်းရှိ ခရီးသယ်ယာဉ်မော်တော်ယာဉ် လိုင်းအားလုံးမဟာသင်္ကြန်ရုံးပိတ်ရက်ကာလ ယာယီပိတ်သိမ်းထားရန် အထူးမေတ္တာရပ်ခံထားကြောင်း မကွေးမြို့ ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဥ်လိုင်းများကြီးကြပ်ရေးကော်မတီထံက သိရပါတယ်။
COVID-19ကာကွယ်ထိန်းချုပ်ကုသရေးအတွက် မကွေးမြို့ကားကြီးကွင်းအတွင်းရှိ မကွေးမြို့အခြေပြု ယာဉ်လိုင်းများနှင့်အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအခြေပြုယာဉ်လိုင်းများ အားလုံးမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပြည်သူများသို့ ပန်ကြားချက်အား လေးစားလိုက်နာဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံချက်တစ်စောင်ထွက်ဆိုထားတယ်လို့ မကွေးမြို့ ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဥ်လိုင်းများကြီးကြပ်ရေးကော်မတီ ဥက္ကဌဦးမြင့်စိုးထံက သိရပါတယ်။ ​
COVID-19အဆုတ်ရောင်ရောဂါသည် ထိတွေ့မှုမှတစ်ဆင့် ကူးစက်သည့်အပြင်လေထုထဲမှ တစ်ဆင့်လည်းကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHOမှ အသိအမှတ်ပြုကြေငြာလိုက်ပြီဖြစ်ပါတယ်၊လေထုထဲမှတစ်ဆင့် ကူးစက်ခြင်း၊ ရိုးရိုးသာမန်စကားပြောရုံမျှဖြင့် ကူးစက်ခြင်းကိုနိုင်ငံများက လက်ခံကြပြီဖြစ်ပါတယ်၊COVID-19ကူးစက်ရောဂါပြန့်ပွားမှုကိုထိန်းချုပ်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းမှာ မိမိနေအိမ်တွင်နေထိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦးထိတွေ့မှုမရှိအောင်နေထိုင်ခြင်း(Physical Distancing)တို့ဖြစ်ပါတယ်။
ဒါကြောင့် မကွေးတိုင်းဒေသကြီးအတွင်း COVID-19ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးနှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် မကွေးမြို့ကားကြီးကွင်းအတွင်းရှိ ခရီးသယ်ယာဉ်မော်တော်ယာဉ်လိုင်းအားလုံးသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလဖြစ်သည့် ဧပြီလ ၁၀ရက် နံနက်၁နာရီအချိန်မှ ဧပြီလ ၁၉ရက် ည၁၂နာရီအထိ ယာယီပိတ်သိမ်းထားရန်အထူးမေတ္တာရပ်ခံထားကြောင်း မကွေးမြို့ ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဥ်လိုင်းများကြီးကြပ်ရေးကော်မတီ
ဥက္ကဌဦးမြင့်စိုးက ပြောပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်

https://www.facebook.com/magwayjournal/videos/678251112719010/

Leave a Reply

Your email address will not be published.