“မကွေးမြို့နယ်၊ ကြောင်ပျောက်ကျေးရွာ လျှပ်စစ်မီးရရှိ”

မကွေး အောက်တိုဘာ ၂၉ “

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက် လျက်ရှိရာ မကွေးမြို့နယ်၊သရက်လေးပင်ကျေးရွာအုပ်စု ကြောင်ပျောက်ကျေးရွာတွင် အောက်တိုဘာ ၂၇ရက်နေ့က လျှပ်စစ်မီး ရရှိခဲ့သည်။ “မီးလင်းရေးအောင်ပွဲကို အောက်တိုဘာလ (၂၇)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ မကွေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၁) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်၊ သရက်လေးပင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်၊ မီးလင်းရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ” ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးတို့က အမှာစကားများ ပြောကြားကြပြီး၊ မကွေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်က လျှပ်စစ် မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ “အဆိုပါကျေးရွာမီးလင်းရေးအတွက် လိုအပ်သည့်ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အား လိုင်း (၁.၃) မိုင်ကို ကျေးရွာနေပြည်သူလူထု ထည့်ဝင်ငွေဖြင့် တည်ဆောက်ခဲ့ကာ (၁၁)ကေဗွီ ဓာတ်အားလိုင်း(၀.၅)မိုင်နှင့် (၁၁/၀.၄)ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော်မာ (၂)လုံးကို အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)ဖြင့် ဆောင်ရွက်ခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ (၃၃၀) ကျော်ကို လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။​ “ကြောင်ပျောက်ကျေးရွာက ပြည်သူတွေ အနှစ်နှစ်အလလက မျှော်လင့်ခဲ့ရတဲ့ မီးလင်းရေးအိမ်မက်ကို အကောင်အထည်ဖော်ပေးခဲ့တဲ့အတွက် ကြောင်ပျောက်ကျေးရွာပြည်သူတွေက NLDအစိုးရကို ကျေးဇူးအထူးတင်ရှိပါတယ်​၊ နောက်၅နှစ်သက်တမ်းမှာလည်း NLDအစိုးရအနေနဲ့ ရွေးကောက်တင်မြှေက်ခံရပြီး ပြည်သူ့အကျိုးတွေကို ဒီ့ထက်ပိုပြီး ထမ်းဆောင်နိုင်ပါစေလို့ ကြောင်ပျောက်ရွာပြည်သူတွေက ဆုတောင်းပေးနေပါတယ်ဟု ယင်းကျေးရွာနေ ကိုမြတ်မင်းကိုက ပြောသည်။

သက်မှူးအိမ်

Leave a Reply

Your email address will not be published.