“မကွေးမြို့တွင် ပါတီးကြီး(၂)ခု ထောက်ခံဝန်းရံသူများ ထိတ်တိုက်တွေ့ဆုံရာတွင် နှစ်ဘက်ပဋိပက္ခမဖြစ်ပွားစေရန် ကွက်ကဲစီမံဆောင်ရွက်ခဲ့ကြသော ရဲတပ်ဖွဲ့အား တိုင်းဝန်ကြီးချုပ်က ကျေးဇူးတင်ကြောင်းပြောကြား”

မကွေးအောက်တိုဘာ ၂၈

မကွေးမြို့ မဲထီးလမ်းနှင့်ကမ်းနားလမ်းထောင့်တွင် ယနေ့ အောက်တိုဘာ ၂၈ရက်နေ့ နေလည်ပိုင်းက NLDပါတီထောက်ခံဝန်းရံသူများနှင့် ပြည်ခိုင်ဖြိုးပါတီ ထောက်ခံဝန်းရံသူများ ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ရာ နှစ်ဘက်ပဋိပက္ခမဖြစ်ပွားစေရန် ကွက်ကဲစီမံဆောင်ရွက်ခဲ့ကြသော မကွေးတိုင်းရဲတပ်ဖွဲ့အား တိုင်းဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။​ ရေနံချောင်းမြို့နယ်ဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း စက်လှေများဖြင့် ပါတီအောင်နိုင်ရေးဆောင်ရွက်မဲဆွယ်ရေး ဆင်းလာသော NLD ပါတီထောက်ခံသူ ဝန်းရံသူများသည် မကွေးမြို့ ဧရာဝတီမြစ်ဆိပ်မှာ ခေတ္တရပ်နားစဉ် USDP ပါတီအောင်နိင်ရေးအတွက် ဝန်းရံသူ ထောက်ခံသူများက မကွေးမြို့ကမ်းနားလမ်းအတိုင်း အောင်နိုင်ရေးလှည့်လည်စဉ် ပါတီကြီးနှစ်ခုတို့ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။ပါတီကြီးနှစ်ခုထိပ်တိုက်တွေ့ဆုံမှုကြောင့် ခိုက်ရန်ဖြစ်ပွားမှုပြဿနာမဖြစ်ပွားစေရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက အင်အားထုတ်သုံးကာ လုံခြုံရေးပေးနိုင်ခဲ့သဖြင့် မည်သည့်ပြဿနာမှ မဖြစ်ပွားခဲ့ကြောင်း၊ ပါတီကြီးနှစ်ခုလုံး မိမိတို့၏ပါတီအောင်နိုင်ရေးသီချင်းများဖြင့် ခုန်ပေါက်ကကြရုံကလွဲပြီး အေးအေးချမ်းချမ်း ပြီးစီးသွားကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က ပြောသည်။

သက်မှူးအိမ်

Leave a Reply

Your email address will not be published.