မကွေးပရဟိတအဖွဲ့က မကွေးအ​​ခြေစိုက် သတင်းထောက်(၁၀}ဦး ကို စားနပ်ရိက္ခာများထောက်ပံ့

မကွေးပရဟိတအဖွဲ့က Covid-19ကပ်ရောဂါဖြစ်ပွားချိန်မှာ မကွေးအခြေစိုက် သတင်းထောက်(၁၀)ဦးကို မေလ၉ရက်နေ့က စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
မကွေးပရဟိတအဖွဲ့ က
ကနေ့ မနက်ပိုင်းမှာ မကွေးတိုင်းသတင်းစာဆရာအသင်းဥက္ကဌ ဆရာနေခြည်(မကွေး)ထံ မကွေးအခြေစိုက် သတင်းထောက် (၁၀)ဦးအတွက် စားသောက်ကုန် နှင့် လူသုံးကုန် ပစ္စည်း စုစုပေါင်း (၁၀)မျိုးကို ထောက်ပံ့လှူဒါန်းခဲ့တာပါ။
သတင်းထောက်တစ်ဦးအတွက် ဆန် (၈ပြည်)၊ ကြက်ဥ(၁၀)လုံး၊ ဆီ၊ ငါး ခြောက်၊ ကြက်သွန်၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ အချိုရည်ဘူး၊ ငါးပိ၊ Hand Gel
စသည့်ပစ္စည်းအမယ် (၁၀)မျိုး စုစုပေါင်း ကျပ်၂၄၀၀၀တန်းဘိုရှိ စားနပ်ရိက္ခာများ ကို လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။
Covidကြောင့် အားလုံးအခက်အခဲဖြစ်နေကြရတဲ့အချိန်မှာ နိုင်ငံတော်ကထောက်ပံ့တဲ့အစီအစဉ်တွေထဲ ကျနော်တို့မကွေးမြို့အခြေစိုက်သတင်းထောက်တွေ မပါသေးဘူးလို့သိရတာကြောင့် သီးခြား ထောက်ပံ့ဖို့စီစဉ်ဖြစ်တာပါလို့ မကွေးပရဟိတအဖွဲ့မှ ကိုမျိုးကြီးက ပြောပါတယ်။
မကွေးပရဟိတဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုမိုးက မြန်မာနိုင်ငံသတင်းစာဆရာအသင်း ၊ မကွေးတိုင်းဥက္ကဌကို ဆက်သွယ် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး သတင်းထောက်များထဲမှ လှူဒါန်းမှုကို လက်ခံမည့်သူ စာရင်းကောက်ခံခဲ့ရာ ၁၀ ဦးသာ ရရှိခဲ့ကြောင်း တိုင်းဥက္ကဌဆရာနေခြည် (မကွေး) ထံမှ သိရပါတယ်။
သတင်းထောက်တွေဆိုတာက သတင်းအတတ်ပညာနဲ့ အကူအညီပေးနေကြသူတွေဖြစ်လို့ အများစုက ကူညီနေကြသူများအဖြစ်ပဲ မြင်ကြပါတယ်၊ ဒါ့ကြောင့် သတင်းထောက်တွေအတွက် လိုအပ်တဲ့အကူအညီပေးဖို့ကျတော့ များသောအားဖြင့် မေ့လျော့နေတတ်ကြပါတယ်၊ အဲလိုအမေ့လျော့ခံ သတင်းထောက်တွေရဲ့ လိုအပ်ချက်ကိုမြင်ပြီး အခုလို ကူညီထောက်ပံ့မှုပေးတဲ့ မကွေးပရဟိတအဖွဲ့ကို ကျေးဇူးတင်ပါတယ်လို့ မကွေးအခြေ စိုက် သတင်းထောက်များကိုယ်စား ဆရာနေခြည်က ပြောပါတယ်။
မကွေးပရဟိတအဖွဲ့သည် COVID-19 ကာလတစ်လျှောက် Facality Quarantine စင်တာများတွင် လိုအပ်သည့် အစားအသောက်နှင့် အခြားလိုအပ်မှုများကို ထောက်ပံ့ပေးလျှက်ရှိကြောင်း ၊ နိုင်ငံတော်ထောက်ပံ့မှု မရရှိလိုက်ကြဘဲ အခက်အခဲဖြစ်နေကြသည့် ရပ်ကွက်နေပြည်သူများကို လိုက်လံထောက်ပံ့ပေးလျှက်ရှိရာ အိမ်ခြေပေါင်း (၃၀၀)ကျော်အား စုစုပေါင်းတန်ဘိုး ကျပ်သိန်း(၄၀) ဝန်း ကျင် ထောက်ပံ့မှုပြုပြီးဖြစ်ကြောင်း သိရှိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်

Leave a Reply

Your email address will not be published.