“မကွေးတွင် မဲရုံအဖွဲ့ဝင်တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာမတစ်ဦးတွင် COVID-19 ပိုးတွေ့ရှိ”

မကွေးနိဝင်ဘာ ၁၁

“မကွေးမြို့နယ် အိုင်ကြီးကုန်းကျေးရွာအုပ်စု ယင်းမာတောကျေးရွာ၌ မဲရုံအဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဆရာမတစ်ဦး နိုဝင်ဘာ(၁၀) ရက်နေ့မှာ COVIDရောဂါပိုး တွေ့ရှိခဲ့ကြောင်း မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထံကသိရသည် ။ “ဆေးရုံကဆရာကြီးတွေနဲ့ ဖုန်းဆက်သွယ်ရာမှာ ဆရာမမှာ COVID-19 Positive တွေ့တာတော့သေချာပါတယ်၊ ယင်းမာတောမဲရုံမှာ ဆန္ဒမဲပေးခွင့်ရှိသူ(၉၀၀)ကျော်ရှိတဲ့အတွက် လောလောဆယ်ရွာကို အသွားအလာကန့်သတ်ထားပါတယ်၊ ထိတွေ့မှုရှိတဲ့မဲရုံအဖွဲ့ဝင်တွေကိုလည်း (Quarantine)ဝင်ခိုင်းရမှာပါ၊ ဆန္ဒမဲပေးခဲ့သူတွေအားလုံးကို စစ်ဆေးသွားမလားဆိုတာကတော့ ပြည်‌ထောင်စုဝန်ကြီးရဲ့ ညွန်ကြားချက်ကိုစောင့်ရမှာပါ၊ မြို့နယ်ကလုပ်ပိုင်ခွင့်ရှိတဲ့အသွားအလာကန့်သတ်တာ၊ ထိတွေ့သူတွေကိုရှာဖွေတာတွေကိုတော့ ဆက်လက်လုပ်ဆောင်သွားမှာပါဟု မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်က ပြောသညိ။ “မဲရုံအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ပြီးနိုဝင်ဘာ(၁၀)ရက်နေ့မှာ COVIDပိုးတွေ့ခဲ့သူဆရာမမှာ ယင်းမာတောကျေးရွာစာသင်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော ဆရာမတစ်ဦးဖြစ်သည်။ ” ကြိုတင်မဲ ရက်တွေထဲက ရွာကိုလာလိုက်ပြန်လိုက်လုပ်ပါတယ်၊ မြင်ရတာတော့ကျန်းမာရေးကောင်းနေပါတယ် သန်သန်မာမာပါဘဲ၊ အခုCOVIDပိုးတွေ့တယ်ဆိုတော့ ရွာကလူတွေကလည်း စိုးရိမ်စိတ်တွေရှိနေကြတယ်ဟု ယင်းမာတောကျေးရွာအုပ်ချုပ်ရေးမှူးဦးမြင့်ဦးက ပြောသည်။ “COVID ပိုးတွေ့ရှိခဲ့သည့် ဆရာမမှာ မကွေးမြို့၊ မြိုပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာဖြစ်သည့် ပြည်တော်သာတိုက်တန်း၊ တိုက်အမှတ်(၂၅) အခန်း(၂)မှာ နေထိုင်သူဖြစ်သည်။ “လက်တလောမှာ အဆိုပါတိုက်ခန်းကို မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရောင်စုံမေတ္တာပရဟိတအဖွဲ့က ပိုးသတ်ဆေးဖျန်းတာတွေ လုပ်ဆောင်ထား​ကြောင်း သိရပြီး၊ ယင်းမာတောကျေးရွာကို နိုဝင်ဘာ(၁၀)ရက်နေ့ည(၈)နာရီချိန်မှာ အသွားအလာကန့်သတ်ထားကြောင်း မကွေးမြို့နယ်ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

သက်မှူးအိမ်(မကွေးဂျာနယ်)

သတင်းဓါတ်ပုံ – မကွေး ရောင်စုံမေတ္တာပရဟိတအဖွဲ့

Leave a Reply

Your email address will not be published.