မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ငဖဲမြို့နယ် ပျဉ်းဝစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံမှာကြား

မကွေး သြဂုတ် ၂၉မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦး၊ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ် ဦးတို့နှင့်အတူ တာဝန်ရှိသူများ လိုက်ပါကာ မင်းဘူးခရိုင် ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာအုပ်စု ပျဉ်း၀ ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ သြဂုတ်လ ၂၉ ရက် ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်အချိန်က ရောက်ရှိပြီး ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်လာသော လူ၊မော်တော်ယာဉ်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များစစ်ဆေးခြင်း၊လူဦးရေ ကိုယ်ရေးအချက်အလက်များအား စစ်ဆေးပြုစုခြင်း၊ ကုန်စည်စီးဆင်းမှု မထိခိုက်စေရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ဝန်ထမ်းများ တာဝန်ချထားမှု နှင့် တာဝန်ထမ်းဆောင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။စားသောက်ကုန်တွေ ဘာတွေ ရခိုင်ကိုသွားတာတွေ အနှောင့်အယှက် မဖြစ်အောင်လို့ ဘယ်လိုစီမံခန့်ခွဲသင့်တုန်း၊ ပိုးဘယ်လိုသတ်တုန်း၊ ဒရိုင်ဘာတွေ ဘယ်လိုချိန်းတုန်း အဲတာတွေလာပြီး ကျွန်တော်ရယ် ပို့/ဆက်ဝန်ကြီးရယ်၊ လုံ/နယ်ဝန်ကြီးရယ် လာပြီးတော့ တိုင်ပင်ညှိနှိုင်းဆွေးနွေး ကြတာပါ၊ ရောဂါပြန့်ပွားတာ ဘယ်လောက်သဲတုန်း/မသဲတုန်း၊ ပြန့်တုန်း/မပြန့်တုန်းပေါ်မှာ မူတည် တာပေါ့ ပိုပြီးတော့ပြန့်လာတယ်၊ ဒရိုင်ဘာတွေက ရခိုင်ကလာတဲ့ ဒရိုင်ဘာတွေရှိတယ် ရှမ်းပြည်သွား ဂဏန်းပို့မယ် နောက်တစ်ခါ သံတိုသံစ ပစ္စည်းပစ္စရလာရောင်းမယ်၊ ကျောက်တော်ကနေ ဆန်ကို အောက်ကို ပို့တယ်ဆိုတာရှိတယ် ကြားတယ်၊ အဲဒါတွေကိုဘဲ တတ်နိုင်သမျှ နိုင်အောင်ထိမ်းတယ်၊ နိုင်အောင်စစ်တယ်၊ အဲဒီကမှ ကယ်ရီယာဖြစ်ပြီးတော့ မကွေးတိုင်းမှာပြန့်တဲ့ လက္ခဏာတွေ့တယ် ဘာတယ် ဆိုရင်တော့ လုံးလုံးပိတ်ရတဲ့ အဆင့်ရောက်မယ် ခုအဲဒီအဆင့်တော့ မရောက်သေးဘူးလို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောသည်။ပျဉ်းဝစစ်ဆေးရေးဂိတ်တွင် ဝန်ကြီးချုပ်နှင့်အဖွဲ့အား မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးဦးစန်းဌေး၊ ငဖဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထင်ကျော်နှင့် တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ တင်ပြဆောင် ရွက်ထားရှိမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားကာ စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်/နှာခေါင်းစည်းများ၊ လက်ဆေးရည်ဘူးများနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)

Leave a Reply

Your email address will not be published.