မကွေးတိုင်းအတွင်း COVID-19ပိုးလူနာ၁ဦးတွေ့ရှိပြီးနောက် ကျေးရွာတစ်ချို့ ရွာအဝင်အထွက်ကို LOCK DOWNပြုလုပ်

ကျန်းမာရေးဝန်ကြီးဌာန ဧပြီလ ၁၃ရက်နေ့ ထုတ်ပြန်ချက်အရ မကွေးတိုင်း ၊ မြို့သစ်မြို့နယ်မှ လူနာ၁ဦး Covid-19 ပိုးတွေ့ ရှိကြောင်း ကြေငြာပြီးနောက် မကွေးတိုင်းအတွင်း ကျေးရွာတစ်ချို့မှာ ကျေးရွာအတွင်း သူစိမ်းမဝင်နိင်ရန်အတွက် ရွာ အဝင်အထွက်လမ်းများ Lock Down ပိတ်ပင်ထား​လျှက်ရှိတယ်လို့ သိရပါတယ်။
ကျေးရွာအတွင်း သူစိမ်းများမဝင်ရောက်နိင်ရန်အတွက် မကွေးမြို့နယ် ကြာကန်ကျေးရွာ ရွာအဝင်အထွက်လမ်းမျာကို ယနေ့ ဧပြီလ ၁၄ရက်နေ့ နံနက်ပိုင်းက စပြီးပိတ်ပင်ထားကြောင်း သိရပါတယ်။
အခုရွာထဲကို ပြည်ပကသူစိမ်းမှန်သမျှအဝင်မခံတော့ပါဘူး၊ မြို့သစ်နဲ့ ကြာကန်ကထိစပ်နယ်မြေဖြစ်သွားပြီ၊ အချို့ဈေးသည်တွေဆို နေရာအနှံ့မှာ ဈေးရောင်းတဲ့သားစိမ်းငါးစိမ်းသည်တွေရှိပါတယ်၊သားစိမ်းငါးစိမ်းသည်တွေ နေရာအနှံ့အပြားမှာသွားနေတဲ့အတွက် ရောဂါပါလာနိုင်တယ်၊ နောကိတစ်ခုက ကုန်စိမ်းသည်တွေရှိမယ်၊ သူတို့က နေ့စဉ်နဲ့အမျှသွားလာနေတော့ ပိုးပါလာမှာကြောက်လို့ အဝင်မခံတော့ဘူး၊ လောလောဆယ်တော့ ကျွန်တော်တို့ကြာကန်ရွာတော့ အဝင်အထွက်တွေပိတ်လိုက်ပါပြီဟု ကြာကန်ကျေးရွာနေ ဦးဇော်မင်းထိုက်က ပြောပါတယ်။
ပြည်တွင်းပြန်လာတဲ့သူတွေကို ထားစရာနေရာအခက်အခဲဖြစ်လို့ သူတို့အိမ်တွေမှာဘဲထားပါတယ်၊ ရွာအဝင်အထွက်တွေမှာ မောင်းတံဂိတ်လုပ်ပြီးတော့ ကျန်းမာရေးဆရာမနဲ့ ပရဟိတအဖွဲ့တွေက ကျန်းမာရေးစစ်ဆေးမှုတွေလုပ်နေပါတယ်၊ ရွာထဲလာရောင်းတဲ့ဈေးသယ်တွေကအစ အဝင်မခံတော့ပါဘူးလို့ ဖိုလေးလုံးကျေးရွာမှ ဦးကျော်ဆန်းက ပြောပါတယ်။
Lock Downဆိုတာ ကိုယ့်ရွာအဝင်အထွက်ကို ပြောတာဖြစ်ကြောင်း၊ ရွာထဲကလူတွေကိုလဲ အကြောင်းမဲ့ အထွက်မခံတာဖြစ်ကြောင်း၊ ၊အခြားရွာတွေက ရွာကိုလာရင်လဲ အကြောင်းမဲ့အဝင်မခံတော့ပါကြောင်း၊ အဝင်အထွက်လုပ်ရတာက ရွာထဲမှာရှိတဲ့လူတွေကို Home Stayနေစေချင်လို့လုပ်တာပါလို့ ကြာကန်ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်စိုးက ပြောပါတယ်။
တစ်ချို့ ပေါ့ပေါ့ဆဆနဲ့ စည်းပျက်ကမ်းပျက်နေတဲ့လူတွေကို ထိန်းချုပ်တာပါ၊ နောက်တစ်ခုက အနီးနားရွာတွေက ပါဆယ်လာဝယ်တာတွေရှိတော့ သောက်စားမူးယစ်ပြီးတော့ မူးယစ်ရမ်းကားတာတွေဖြစ်မှာကြောင့် ရွာဝင်ရွာထိတ်ပိတ်ပြီးတော့ထိန်းတာပါ၊ ကိုယ့်ဒေသအလျှောက်ထိန်းတာပါ၊ တစ်အုပ်စုထဲမဟုတ်ပါဘူး၊အုပ်စုတိုင်းဟာ ကိုယ့်အပူလေးနဲ့ကိုယ်ရှိကြပါတယ်၊ ရွာတော်တော်များများတော့အဝင်အထွက်တွေပိတ်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေလုပ်နေပါတယ်လို့ ဦးတင်စိုးက ပြောပါတယ်။
မကွေးတိုင်းအစိုးရက ညွှန်ကြားတာမဟုတ်ဘဲ တိုင်းအတွင်းရှိ ကျေးရွာအတော်များများက Covid-19ကပ်ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဧပြီလ ၁၄ရက်နေ့ကစပြီး ကိုယ်အသိနဲ့ကိုယ် ရပ်မိရပ်ဖများ တိုင်ပင်ဆွေးနွေးကာ သူစိမ်းမဝင်နိင်ရန်အတွက် ရွာအဝင်အထွက်လမ်းများကို Lock Downလုပ်လျှက်ရှိကြောင်း သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
သတင်းဓါတ်ပုံ ဇော်မင်းထိုက်(ကြာကန်

"မကွေးတိုင်းအတွင်း COVID-19ပိုးလူနာ၁ဦးတွေ့ရှိပြီးနောက် ကျေးရွာတစ်ချို့ ရွာအဝင်အထွက်ကို LOCK DOWNပြုလုပ်"==========================================မကွေး ဧပြီ ၁၄ ကျန်းမာရေးဝန်ကြီးဌာန ဧပြီလ ၁၃ရက်နေ့ ထုတ်ပြန်ချက်အရ မကွေးတိုင်း ၊ မြို့သစ်မြို့နယ်မှ လူနာ၁ဦး Covid-19 ပိုးတွေ့ ရှိကြောင်း ကြေငြာပြီးနောက် မကွေးတိုင်းအတွင်း ကျေးရွာတစ်ချို့မှာ ကျေးရွာအတွင်း သူစိမ်းမဝင်နိင်ရန်အတွက် ရွာ အဝင်အထွက်လမ်းများ Lock Down ပိတ်ပင်ထား​လျှက်ရှိတယ်လို့ သိရပါတယ်။ ကျေးရွာအတွင်း သူစိမ်းများမဝင်ရောက်နိင်ရန်အတွက် မကွေးမြို့နယ် ကြာကန်ကျေးရွာ ရွာအဝင်အထွက်လမ်းမျာကို ယနေ့ ဧပြီလ ၁၄ရက်နေ့ နံနက်ပိုင်းက စပြီးပိတ်ပင်ထားကြောင်း သိရပါတယ်။ အခုရွာထဲကို ပြည်ပကသူစိမ်းမှန်သမျှအဝင်မခံတော့ပါဘူး၊ မြို့သစ်နဲ့ ကြာကန်ကထိစပ်နယ်မြေဖြစ်သွားပြီ၊ အချို့ဈေးသည်တွေဆို နေရာအနှံ့မှာ ဈေးရောင်းတဲ့သားစိမ်းငါးစိမ်းသည်တွေရှိပါတယ်၊သားစိမ်းငါးစိမ်းသည်တွေ နေရာအနှံ့အပြားမှာသွားနေတဲ့အတွက် ရောဂါပါလာနိုင်တယ်၊ နောကိတစ်ခုက ကုန်စိမ်းသည်တွေရှိမယ်၊ သူတို့က နေ့စဉ်နဲ့အမျှသွားလာနေတော့ ပိုးပါလာမှာကြောက်လို့ အဝင်မခံတော့ဘူး၊ လောလောဆယ်တော့ ကျွန်တော်တို့ကြာကန်ရွာတော့ အဝင်အထွက်တွေပိတ်လိုက်ပါပြီဟု ကြာကန်ကျေးရွာနေ ဦးဇော်မင်းထိုက်က ပြောပါတယ်။ ပြည်တွင်းပြန်လာတဲ့သူတွေကို ထားစရာနေရာအခက်အခဲဖြစ်လို့ သူတို့အိမ်တွေမှာဘဲထားပါတယ်၊ ရွာအဝင်အထွက်တွေမှာ မောင်းတံဂိတ်လုပ်ပြီးတော့ ကျန်းမာရေးဆရာမနဲ့ ပရဟိတအဖွဲ့တွေက ကျန်းမာရေးစစ်ဆေးမှုတွေလုပ်နေပါတယ်၊ ရွာထဲလာရောင်းတဲ့ဈေးသယ်တွေကအစ အဝင်မခံတော့ပါဘူးလို့ ဖိုလေးလုံးကျေးရွာမှ ဦးကျော်ဆန်းက ပြောပါတယ်။ Lock Downဆိုတာ ကိုယ့်ရွာအဝင်အထွက်ကို ပြောတာဖြစ်ကြောင်း၊ ရွာထဲကလူတွေကိုလဲ အကြောင်းမဲ့ အထွက်မခံတာဖြစ်ကြောင်း၊ ၊အခြားရွာတွေက ရွာကိုလာရင်လဲ အကြောင်းမဲ့အဝင်မခံတော့ပါကြောင်း၊ အဝင်အထွက်လုပ်ရတာက ရွာထဲမှာရှိတဲ့လူတွေကို Home Stayနေစေချင်လို့လုပ်တာပါလို့ ကြာကန်ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်စိုးက ပြောပါတယ်။ တစ်ချို့ ပေါ့ပေါ့ဆဆနဲ့ စည်းပျက်ကမ်းပျက်နေတဲ့လူတွေကို ထိန်းချုပ်တာပါ၊ နောက်တစ်ခုက အနီးနားရွာတွေက ပါဆယ်လာဝယ်တာတွေရှိတော့ သောက်စားမူးယစ်ပြီးတော့ မူးယစ်ရမ်းကားတာတွေဖြစ်မှာကြောင့် ရွာဝင်ရွာထိတ်ပိတ်ပြီးတော့ထိန်းတာပါ၊ ကိုယ့်ဒေသအလျှောက်ထိန်းတာပါ၊ တစ်အုပ်စုထဲမဟုတ်ပါဘူး၊အုပ်စုတိုင်းဟာ ကိုယ့်အပူလေးနဲ့ကိုယ်ရှိကြပါတယ်၊ ရွာတော်တော်များများတော့အဝင်အထွက်တွေပိတ်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေလုပ်နေပါတယ်လို့ ဦးတင်စိုးက ပြောပါတယ်။ မကွေးတိုင်းအစိုးရက ညွှန်ကြားတာမဟုတ်ဘဲ တိုင်းအတွင်းရှိ ကျေးရွာအတော်များများက Covid-19ကပ်ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဧပြီလ ၁၄ရက်နေ့ကစပြီး ကိုယ်အသိနဲ့ကိုယ် ရပ်မိရပ်ဖများ တိုင်ပင်ဆွေးနွေးကာ သူစိမ်းမဝင်နိင်ရန်အတွက် ရွာအဝင်အထွက်လမ်းများကို Lock Downလုပ်လျှက်ရှိကြောင်း သိရပါတယ်။ရွာသား(မကွေး)မကွေးဂျာနယ်သတင်းဓါတ်ပုံ ဇော်မင်းထိုက်(ကြာကန်

Posted by မေကြးဂ်ာနယ္ on Tuesday, April 14, 2020

Leave a Reply

Your email address will not be published.