Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဥ်း၍ အရေးကြီးကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း နိင်ငံတော်အစိုးရမှ ပုံမှဝင်ငွေမရှိသော အခြေခံလူတန်းစားများကိုထောက်ပံ့ရန် ဆောင်ရွက်လျှက်ရှိရာ မကွေးတိုင်းအတွင်းဝေငှရမည့် အိမ်ထောင်စု ၊ စုစုပေါင်း
နှစ်သိန်း ကိုးသောင်း ခြောက်ထောင် သုံးရာ ငါးဆဲ့ လေးဦးရှိကြောင်း တိုင်းအစိုးရအဖွဲ့ထံက သိရပါတယ်။
မကွေးတိုင်းတစ်တိုင်းလုံးကို အစကတော့ ၄သိန်း၅သိန်းနဲ့များနေတာပေါ့လေ၊ ဖောင်းပွနေတာအိမ်ထောင်စုပြောတာနော်၊ ခုကတော့အိမ်ထောင်စုအရေအတွက် ၃သိန်းပတ်ဝန်းကျင်၃သိန်းပေါ့၊ အဲဒါနဲ့ပြည်ထောင်စုကိုလှမ်းတင်ပြမှာ၊ပြည်ထောင်စုက ၃သိန်းလက်ခံတယ်ဆို ဝေတော့မှာပေါ့လို့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
အိမ်ထောင်စုတစ်စု ထောက်ပံ့ရန်အတွက် ဆန်၈ပြီ ၁၁၀၀၀ကျပ်၊ ဆီ၅၀သား ၁၇၅၀ကျပ်၊ ဆား၅၀သား ၁၂၀ကျပ်၊ ပဲ၁ပိသာ ၁၃၅၀ကျပ်နဲ့ ကြက်သွန်၁ပိသာ ၆၀၀ကျပ် စုစုပေါင်း၁၄၈၂၀ကျပ်ကုန်ကျကြောင်း သိရပါတယ်။
မကွေးတိုင်းအတွင်းရှိ ခရိုင်/မြို့နယ်အလိုက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားစာရင်းမှာ မကွေးခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၄၀၄မှာ ခေါင်းရွက်ဗျက်ထိုးစျေးသည် ၇၅၀၄ဦး၊ ဆိုက်ကား၊မြင်းလှည်း၊ဆိုင်ကယ်ကယ်ရီ၊စက်လှေမောင်း ၄၁၈၈ဦး၊ နေ့စားအလုပ်သမားများ ၂၀၂၂၀ဦး၊ လယ်မဲ့ယာမဲ့ လယ်ကူလီ ၁၇၂၀၉ဦး၊ ကျဘမ်းအလုပ်လက်မဲ့နဲ့အခြား ၃၆၂၀၄ဦး၊ အိမ်ထောင်စုပေါင်း ၈၅၄၀၅စု ၊မင်းဘူးခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၃၂၁မှာ ခေါင်းရွက်ဗျက်ထိုးစျေးသည်၁၅၇၃ဦး၊ ဆိုက်ကား၊မြင်းလှည်း၊ဆိုင်ကယ်ကယ်ရီ၊စက်လှေမောင်း ၄၂၉ဦး၊ နေ့စားအလုပ်သမား ၂၉၁၉ဦး၊ လယ်မဲ့ယာမဲ့ လယ်ကူလီ ၁၀၉၄၁ဦး၊ ကျဘမ်းအလုပ်လက်မဲ့နှင့်အခြား ၅၅၅၄၉ဦး၊ အိမ်ထောင်စုပေါင်း ၇၁၄၁၁စု၊ သရက်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၄၁၁မှာ ခေါင်းရွက်ဗျက်ထိုးစျေးသည် ၂၉၄၃ဦး၊ ဆိုက်ကား၊မြင်းလှည်း၊ဆိုင်ကယ်ကယ်ရီ၊စက်လှေမောင်း ၁၂၉၀ဦး၊ နေ့စားအလုပ်သ
မား ၁၃၁၃၇ဦး၊ လယ်မဲ့ယာမဲ့ လယ်ကူလီ ၁၄၀၇၇ဦး၊ ကျဘမ်းအလုပ်လက်မဲ့နှင့်အခြား ၃၂၂၃၂ဦး၊ အိမ်ထောင်စုပေါင်း ၆၄၄၇၉စု၊ ပခုက္ကူခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၃၈၃မှာ ခေါင်းရွက်ဗျက်ထိုးစျေးသည် ၃၆၆၀ဦး၊ ဆိုက်ကား၊မြင်းလှည်း၊ဆိုင်ကယ်ကယ်ရီ၊စက်လှေမောင်း ၆၀၄ဦး၊ နေ့စားအလုပ်သ
မား ၁၂၇၉၉ဦး၊ လယ်မဲ့ယာမဲ့ လယ်ကူလီ ၈၁၇၇ဦး၊ ကျဘမ်းအလုပ်လက်မဲ့နှင့်အခြား ၃၈၁၃၈ဦး၊ အိမ်ထောင်စုပေါင်း ၆၃၄၅၀စု၊
ဂန့်ဂေါခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၂၁၈မှာ ခေါင်းရွက်ဗျက်ထိုးစျေးသည် ၁၆၁ဦး၊ ဆိုက်ကား၊မြင်းလှည်း၊ဆိုင်ကယ်ကယ်ရီ၊စက်လှေမောင်း ၂ဦး၊ နေ့စားအလုပ်သမား ၁၄၄၉ဦး၊ လယ်မဲ့ယာမဲ့ လယ်ကူလီ ၄၅၀၀ဦး၊ ကျဘမ်းအလုပ်လက်မဲ့နှင့်အခြား ၅၄၈၁ဦး၊ အိမ်ထောင်စုပေါင်း ၁၁၆၀၁စုရှိတယ်လို့ သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
FlashNews:
မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၂၀ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ
ပြင်းထန်ငလျင်ကြီးလှုပ်ရှားပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ရှားမှု ၉၀ ကျော်ရှိ
မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျားနင့် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေမရှိသေးဟုဆို
သူနဲ့ မျိုးဆက်သစ်တို့ ကမ္ဘာသူရဲ့ အလင်းဆုံးလင်းတဲ့ နေရာဆီ
သူ့ရဲ့ ကဗျာပန်းပွင့်သူနဲ့ အလွမ်းပြာည
ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ပြည်ပပို့ကုန်ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲ စျေးနှုန်းတည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
သူနဲ့ မေတ္တာ သံစဉ်၊ သူ့ရဲ့နှငါးဖြူလေး
၁၁ လတာအတွင်း ဆန်တင်ပို့မှုမှဒေါ်လာ ၁၀၈၇ သန်း ရရှိကြောင်း MRF ထုတ်ပြန်
ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာသလို အသစ်ဝင် ကုလားပဲများ အဝယ်သွက်နေ
နွေသီးနှံအဖြစ် ကန်စွန်းဥများကို အများဆုံးပြန်လည်စိုက်ပျိုး
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း နှစ်ပတ်ဆက်တိုက်စျေးတည်ငြိမ်နေ
သူနဲ့ ကလေးပန်းချီ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၈၀ ကျပ် ထပ်မံစျေးကျဆင်း
ပြည်တွင်းသကြားထုတ်လုပ်မှု ပုံမှန်ရှိသော်လည်း ပြည်တွင်းသကြားစားသုံးမှု လျော့ကျနေ
သတင်းများ
မကွေးတိုင်းအတွင်း ဆန် ဆီ ဆား ပဲ ကြက်သွန် ဝေငှရမည့် အိမ်ထောင်စု ၊ စုစုပေါင်း နှစ်သိန်း ကိုးသောင်း ခြောက်ထောင် သုံးရာ ငါးဆယ်လေးစုရှိ

Leave a Reply