မကွေးတိုင်းပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း၂၄ဦးကို စောင့်ကြည့် Quarantine ထားသည့်ကိစ္စ စိုးရိမ်စရာမရှိ ဟုဆ

မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသူ ၂၄ဦးကို ပြီးခဲ့သည့် မေလ၃ရက်နေ့က စောင့်ကြည့် Quarantine အဖြစ်ထားရှိခဲ့ပြီး ၎င်းတို့မှာ စိုးရိမ်စရာအခြေနေမရှိတော့ကြောင်း တိုင်းဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက ပြောပါတယ်။
မကွေးတိုင်းဆေးရုံးကြီးက ကျန်းမာရေးဆရာ၊ဆရာမတွေQuarantineဝင်ရတာတော့ဟုတ်ပါတယ်၊ ဆိုးလို့မဟုတ်ပါဘူး၊
မကွေးဆေးရုံကြီး ကျန်းမာရေး သူနာပြုဆရာမ တစ်ယောက် အဖျားမကျလို့ စောင့်ကြည့်လူနာအနေနဲ့ တက်ရောက်နေတာ၊ လွန်ခဲ့တဲ့၂ရက်က သူနဲ့ထိတွေ့ခဲ့တဲ့ သူနာပြုဆရာမစုစုပေါင်း၂၄ဦးကို Quarantineထားတာပါ၊အဲဒီမှာ၁၅ဦးကတော့ ချမ်းမြေ့သာယာအိမ်ယာမှာထားပြီးတော့ ကျန်တဲ့၉ဦးကတော့ ကိုယ်အိမ်နဲ့ကိုယ်ပဲ သီးသန့်ခန်း၊ သီးခြားနေရာတွေမှာ Home Quarantineထားရှိတာပါလို့ ဆေးရုံအုပ်ကြီးဒေါက်တာမြတ်စိုးက ပြောပါတယ်။
အဆိုပါ စောင့်ကြည့်လူနာသူနာပြုဆရာမ၏ နှာခေါင်းတို့ဖတ် ၊အာခေါင်တို့ဖတ်တို့ကို ပြီးခဲ့သည့် တနင်္လာနေ့က ကျန်းမာရေးဝန်ကြီးဌာန ဓါတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးခဲ့ရာ negative ထွက်ခဲ့​၍
စိုးရိမ်စရာမရှိတော့ကြောင်း ဆေးရုံအုပ်ကြီးက ​ရှင်းပြပါတယ်။
စောင့်ကြည့်လူနာက Negativeပါဆိုတော့ထိတွေ့ခဲ့တဲ့ ကျန်းမာရေးဆရာ၊ ဆရာမတွေကို ဒီနေ့ဘဲ Quarantineဝင်တဲ့နေရာတွေကနေပြီး ပြန်ခေါ်လိုက်ပါတယ်၊ စုစုပေါင်း၃ညအိပ် Quarantine နေလိုက်ကြရတာပါလို့ မကွေးတိုင်းဆေးရုံအုပ်ကြီးဒေါက်တာမြတ်စိုးက ​ဆိုပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်


Leave a Reply

Your email address will not be published.