မကွေး၊ ဩဂုတ် ၂၉
“မကွေးကို အခြေပြု၍ Covid 19ကပ်ရောဂါ တက်ရောက်ကုသနေသော ဆေးရုံကြီး(၃)ရုံမှ လူနာများကို ရောဂါပိုးရှိမရှိ စစ်ဆေးနိင်ရန်အတွက် တိုင်းဆေးရုံကြီးတွင် GENE X PERT စက်တလုံး ထားရှိစစ်ဆေးတော့မည်ဖြစ်ကြောင်း သိရပါတယ်။
“မကွေးတိုင်းပြည်သူ့ဆေးရုံ၊ မကွေးသင်ကြားရေးဆေးရုံနဲ့ မင်းဘူးပြည်သူ့ဆေးရုံတို့မှာ တက်ရောက်ကုသတဲ့
COVID-19 ရောဂါစောင့်ကြည့်လူနာတွေကို ရောဂါပိုးရှိမရှိ စစ်ဆေးပေးနိုင်ဖို့အတွက် GENE X PERTစက်တလုံး ထားရှိစမ်းသပ်လျှက်ရှိတယ်လို့ မကွေးတိုင်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက ပြောပါတယ်။
“ဒီစက်က အသည်းရောင် အသားဝါ ဘီပိုး၊ စီ ပိုးနှင့် ဆေးရင်ပါး တီဘီရောက်ဂါတွေကို စစ်ဆေးဖို့ ထုတ်လုပ်ထားတဲ့ GENE X PERTစက်ဖြစ်ပါတယ်၊ ရောက်နေတာ၂နှစ်နီးပါးရှိပါပြီ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုထောက်ပံ့မှုနဲ့ ဒီစက်ထဲ Covid 19ရောဂါပိုးနဲ့ ပတ်သက်တဲ့ဓါတ်ပြုပစ္စည်းထည့် စစ်ဆေးလို့ ရတဲ့အတွက် အခု စမ်းသပ်စစ်ဆေးနေပါပြီလို့ ဒေါက်တာမြတ်စိုးက ပြောပါတယ်။
“မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် COVID-19ပိုး ရှိမရှိစစ်ဆေးမည့် အဆိုပါGENE X PERTစက်နှင့် တစ်ပတ်ကို ၂ ရက် အင်္ဂါနှင့်ကြာသာပတေးနေ့တို့တွင် စစ်ဆေးပေးမည်ဖြစ်ကြောင်း သိရပါတယ်။
“မကွေးအခြေစိုက်ပြည်သူ့ဆေးရုံကြီး၊သင်ကြားရေးဆေးကြီးနဲ့မင်းဘူးဆေးရုံကြီး(၃)ခုက COVID သံသယစောင့်ကြည့်လူနာတွေရဲ့နှာခေါင်းတို့ဖတ်၊အာခေါင်တို့ဖတ် နမှုနာတွေကိုယူပြီး စစ်ပေးနိုင်ဦးမှာ ဖြစ်ပါတယ်၊ အခုလိုစစ်ဆေးနိုင်တဲ့အတွက် ဆေးရုံကိုရောက်ရှိလာတဲ့ သံသယလူနာတွေရဲ့ဓာတ်ခွဲအဖြေကို လျှင်လျှင်မြန်မြန်သိရှိနိုင်မှာဖြစ်ပါတယ်၊ ဆေးရုံတက်လူနာတွေကိုအဓိကစစ်ဆေးပေးမှာဖြစ်ပါတယ်၊ လတ်တစ်လောအခြေအနေမှာ (NHA)ရဲ့ညွှန်ကြားချက်တွေအတိုင်း စမ်းသပ်စစ်ဆေးဆဲဖြစ်ပါတယ်၊ လာမယ့်အပတ်မှာစတင်စစ်ဆေးမှုတွေ ပြုလုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်လို့ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှ (အနုဇီဝဗေဒ)အထူးကုဆရာဝန် ဒေါက်တာမြတ်မြတ်မိုးက ပြောပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်။
FlashNews:
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၈၀ ကျပ်စျေးကျထပ်မံဆင်း
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် ဆီစက်များရာနှုန်းပြည့် လည်ပတ်နေ
ပွဲစားကုန်သည် စက်ပိုင်များ မဟာဘုံကထိန်တော်အသင်း (မန္တလေး)မှ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် အသင်းသားများကို ကူညီထောက်ပံ့ပေးသွားမည်
ပြည်ပ တင်ပို့နိုင်ရန် ပို့ကုန်အရည် အသွေး ရှိသော မြန်မာ့ စိန်တလုံး သရက်သီးများကို စျေးကောင်းပေး ဝယ်မည်
မြန်မာ့စိန်တလုံး ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရနေမန္တလေး ဧပြီ ၂၂
သုဓမ္မာဇရပ် ၁၅ ဆောင်မှ ယာယီနေထိုင်သူများအား ကုသိုလ်တော်ဘုရားဝင်းနှင့် အထက (၁၇) ကျောင်းဝင်းအတွင်းပြောင်းရွေ့နေရာချထား
မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၂၀ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ
ပြင်းထန်ငလျင်ကြီးလှုပ်ရှားပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ရှားမှု ၉၀ ကျော်ရှိ
မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျားနင့် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေမရှိသေးဟုဆို
သူနဲ့ မျိုးဆက်သစ်တို့ ကမ္ဘာသူရဲ့ အလင်းဆုံးလင်းတဲ့ နေရာဆီ
သူ့ရဲ့ ကဗျာပန်းပွင့်သူနဲ့ အလွမ်းပြာည
ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ပြည်ပပို့ကုန်ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲ စျေးနှုန်းတည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
သူနဲ့ မေတ္တာ သံစဉ်၊ သူ့ရဲ့နှငါးဖြူလေး
၁၁ လတာအတွင်း ဆန်တင်ပို့မှုမှဒေါ်လာ ၁၀၈၇ သန်း ရရှိကြောင်း MRF ထုတ်ပြန်
ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာသလို အသစ်ဝင် ကုလားပဲများ အဝယ်သွက်နေ
နွေသီးနှံအဖြစ် ကန်စွန်းဥများကို အများဆုံးပြန်လည်စိုက်ပျိုး
သတင်းများ
“မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် COVID-19 စစ်ဆေးရန် GENE X PERT စက်တလုံး ထားရှိမည်ဟုသိရ”

Leave a Reply