“မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့လူနာ(၁၆) ဦး ထပ်မံတွေ့ရှိ​၊ တိုင်းအတွင်း ပို့တွေလူလာ (၆၇)ဦးရှိပြီဖြစ်”

မကွေးအောက်တို့ဘာ ၄

“ကျန်းမာရေးဝန်ကြီးဌာန၏ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ယနေ့ အောက်တိုဘာလ ၄ရက်နေ့ ညနေပိုင်းထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့လူနာ(၁၆)ဦး ထပ်မံတွေ့ရှိပြီး တိုင်းအတွင်းပိုးတွေ့လူနာ (၆၇)ဦးရှိလာပြီဖြစ်ကြောင်း​ သိရပါတယ်။ “ယနေ့ညနေ ထပ်တိုးပိုးတွေ့လူနာများမှာ သရက်မြို့နယ်မှ ၂၈နှစ်အရွယ် အမျိုးသမီးတဦး (ထိုင်းပြန်)၊ ပခုက္ကူမြို့နယ်မှ ၁၈နှစ်အရွယ် အမျိုးသားတဦး(မန္တလေးပြန်)၊ ဆင်ပေါင်ဝဲမြို့နယ်မှ ၂၂နှစ်နှင့်၃၄နှစ် အမျိုးသား(၂)ဦး (ထိုင်းပြန် ၁၊ ရန်ကုန်ပြန် ၁)၊ မကွေးမြို့နယ်မှ ၄၇နှစ်၊၂၅နှစ်၊၂၃နှစ်အရွယ်အမျိုးသား(၃)ဦးနှင့် ၃၄နှစ်အရွယ်အမျိုးသမီးတဦး၊ ရေနံချောင်းမြို့နယ်မှ ၄၀နှစ်နှင့်၂၀နှစ်အရွယ် အမျိုးသား(၂)ဦး၊ ၂၈နှစ်နှင့်၂၂နှစ်အရွယ် အမျိုးသမီး(၂)ဦး၊မင်းဘူး မြို့နယ်မှ၂၃နှစ်နှင့်၃၆နှစ်အရွယ် အမျိုးသမီး(၂)ဦး၊ နတ်မောက်မြို့နယ်မှ၂၀နှစ်အရွယ် အမျိုးသမီးတဦး၊ မြို့သစ် မြို့နယ်မှ ၂၀နှစ်အရွယ် အမျိုးသမီးတဦးတို့ဖြစ်ပြီး ၎င်းတို့မှာ ရန်ကုန်ပြန်များဖြစ်ကြောင်း မကွေးတိုင်းကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ မကွေးတိုင်းကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူးဒေါက်တာသောင်းလှိုင်က သတိကြီးကြီး ထပ်ပေးပါရစေ၊ ဒီကနေ့ ညနေပိုင်း ထုတ်ပြန်မယ့် မကွေးတိုင်း ပိုးတွေ့ စုစုပေါင်း (၁၆) ဦးပါ (ယခင် (၅၁) နဲ့ဆိုရင် အခု (၆၇) ဦး ဖြစ်သွားပါပြီ)၊ အားလုံး Q site ထဲက ဖြစ်နေတာမို့ ကံကောင်းနေသေးပေမယ့် စည်းမဲ့ကမ်းမဲ့ တယောက်တလေ ရှိခဲ့ရင် တရွာလုံး၊ တရပ်ကွက်လုံး၊ တမိသားစုလုံး ဒုက္ခရောက်နိုင်ပါတယ်၊ မပေါ့ဆကြဖို့ ထပ်မှာပါရစေလို့ ပြောကြားပါတယ်။

ရွာသား(မကွေး)

မကွေးဂျာနယ်

Leave a Reply

Your email address will not be published.