မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံအထူးဇုန် သတ်မှတ်ကာ ဆောင်ရွက်သွားမည်

ရွှေမန်း

စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန (၂၀၂၄)ခုနှစ် စိုက်ပျိုးရာသီမှ စတင်ကာ ဆီထွက်နှံဧက ၃သန်း ကို အထူးဇုန်များဖြင့်သက်မှတ် ပြီး အကောင်အထည်ဖော်ဆောင် ရွက် လျက်ရှိသည်။

မကွေးတိုင်းဒေသကြီး အတွင်းမှာ စားသုံးဆီဖူလုံရေး အတွက် အထူးဇုန်သက်မှတ်ကာ မြေပဲ ၆၉၉၈၂ ဧက၊နှမ်း၂၃၅၇၈၇ ဧက၊ နေကြာ ၅၀၈၃၁ဧက၊ စုစု ပေါင်း ၃၅၆၆၀၀ဧက စိုက်ပျိုး သွားမည်ဖြစ်သည်။

မကွေးဇုန်(၂)ဧရိယာအတွင်း မှာ မြေပဲ၊နှမ်း၊နေကြာ ဆီထွက် သီးနှံက ဧက ၃၅၀၀၀၀ကျော် ကို ဆောင်ရွက်သွားမှာပါ။၂၀၂၄ -၂၀၂၅ခုနှစ် မိုးရာသီ စိုက်ပျိုးမှု အနေနဲ့ မြေပဲ၊နှမ်း၊ နေကြာ လျာ ထား ဆောင်ရွက်နေပါတယ်။ မိုး၊ ဆောင်း၊ နွေ စုစုပေါင်းဧက ၃၅၀၀၀၀ကျော် စိုက်ပျိုးသွား မှာဖြစ်ပါတယ်။ ဆီထွက်သီးနှံ အထူးဇုန်(၂)အတွင်းမှာ မင်းဘူး ခရိုင်နဲ့သရက်ခရိုင်ပါပြီး မင်းဘူး၊ စေတုတ္တရာ၊ ပွင့်ဖြူ၊ ငဖဲ၊စလင်း၊ သရက်၊ မင်းတုန်း၊ မင်းလှ၊ ကံမ စုစုပေါင်း ကိုးမြို့နယ် ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ မြေပဲ၊ နှမ်း၊ နေကြာကို ကွင်းပေါင်း ၅၁၅၄ကွင်းမှာ တောင်သူပေါင်း ၁၁၉၇၉၉ဦးနဲ့ ဆောင်ရွက်သွား မှာပါ။ တစ်ဧက အထွက်နှုန်း ကောင်းအောင် စိုက်စနစ်မှန်စွာ စိုက်ပျိုးရေး၊ အစိုဓာတ်မီစိုက်ပျိုး ရေး၊ ရိတ်သိမ်းချိန်ထိသက်မှတ် အပင်ရေပြည့်မီရေး အပင်ပြုစု စောင့်ရှောက်ခြင်းလုပ်ငန်းမှာ ပိုးမွှား နဲ့ ရောဂါကာကွယ်ရေး၊ ဓာတ်မြေ ဩဇာ၊သဘာ၀မြဩဇာများ စနစ် တကျကျွေးနိုင်အောင် နည်းပညာ များ မျှဝေပေးနိုင်အောင် ဆောင်ရွက် သွားမှာပါ}ဟုမကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ၊ ဆီထွက် သီးနှံအထူးဇုန်(၂)တာဝန်ခံ ဦးသိန်းနိုင်က ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ အထူးဇုန်(၂) အဖြစ် မြို့နယ်(၉)မြို့တွင် မြေပဲ၊ နှမ်း၊နေကြာများကို တောင်သူ တစ်သိန်းကျော်ဖြင့်ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်သည်။

ပြည်ပမှ တင်သွင်းရသည့် စားအုန်းဆီသုံးစွဲမှုကို လျော့ချပြီး ကျန်းမာရေးနှင့်ညီညွှတ်သည့် ဆီ များ ပြည်သူများ သုံးစွဲနိုင်ရန် ပြည်တွင်း၌ဆီထွက်သီးနှံ များကို တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.