#မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉  ပိုးတွေ့ အတည်ပြုလူနာ ၁၀ ဦး ထပ်တိုးတွေ့ရှိ

#မကွေး အောက်တိုဘာ ၁၁

#မကွေးတိုင်းဒေသကြီးတွင် အောက်တိုဘာ ၁၁ ရက် ယနေ့နံနက်ပိုင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ ၁၀ ဦး ထပ်တိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

#အဆိုပါပိုးတွေ့လူနာများမှာ ရန်ကုန်ပြန် FQ ထားရှိသူများဖြစ်ပြီး၊ မြို့သစ်မြို့နယ်မှ ၈ ဦး၊ ပွင့်ဖြူမြို့နယ်မှ ၁ ဦးနှင့် မင်းဘူးမြို့နယ်မှ ၁ ဦးတို့ဖြစ်ကာ PCR စစ်ဆေးတွေ့ ရှိသူများဖြစ်သည်။

#မကွေးတိုင်းဒေသကြီးမှာ ယနေ့ထိ ပိုးတွေ့ရှိသူ စုစုပေါင်း ၁၇၇ ဦးရှိသွားပါပြီ၊ NHL ဓါတ်ခွဲနမူနာ ရလာဒ် အဖြေစောင့်ဆိုင်းနေသူ ၁၀၀ ကျော် ကျန်ရှိပါသေးတယ်၊ ပိုးတွေ့သူတွေဟာ ရန်ကုန် လှိုင်သာယာနဲ့ စက်ရုံပြန်တွေပါ၊ ရန်ကုန်မှာ ဒီလ ၅ ရက်နေ့ကပို့ထားတဲ့ စစ်ဆေးဆဲ ဓာတ်ခွဲနမူနာ ၃၀၀ ကျော် ကျန်နေပါသေးတယ်၊ ပိုးတွေ့သူတွေရဲ့ ထိတွေ့မှုကလည်း အပြုံလိုက်ကြီး ဆိုတော့ နက်ဖြန် သဘက်ခါ ဆက်လိုက်နေရပါဦးမယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်က ပြောသည်။

#ထို့အတူ မကွေးတိုင်းဒေသကြီးအတွင်း COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ သရက်ခရိုင်၊အောင်လံမြို့တွင် ဓာတ်ခွဲအတည်ပြုလူနာ များ ထပ်မံတွေ့ရှိရမှု၊ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်း မရှိခဲ့သည့် လူနာများတွေရှိရမှု အချိန်တိုကာလအတွင်း များပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိ ရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် အောင်လံမြို့တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်နေထိုင်ရေး Stay at home အစီအစဉ်တွင် အကျုံးဝင်ကြောင်းနှင့် Stay at home အစီအစဉ်အား (၁၂-၁၀-၂၀၂၀)ရက်နေ့ နံနက် ၆ နာရီမှ (၂၂-၁၀-၂၀၂၀)ရက်နေ့ ည ၁၂ နာရီအချိန် အထိ သတ်မှတ် ဆောင်ရွက်ရန် တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံံ့ပြန်ရေး ကော်မတီက ထုတ်ပြန်ထားကြောင်း သိရသည်။

#သန်းနိုင်ဦး(ငဖဲ)

Leave a Reply

Your email address will not be published.