“မကွေးကုန်သည်ကြီးများအသင်းမှ သီလရှင်ဆရာလေး ၅၄၅ ပါးကို ဝတ္ထုငွေ  ဆွမ်းဆန် ဆီနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်း”

မကွေးနိဝင်ဘာ ၁

“မကွေးကုန်သည်ကြီးများအသင်းမှ မြို့ပေါ်ရှိ သီလရှင်ဆရာလေး ၅၄၅ပါးအား ဝတ္ထုငွေ ဆွမ်းဆန် ဆီ မြေပဲဆံ ကုလားပဲ ကြက်ဥ အာလူးကြော် ကြက်သွန် ဆပ်ပြာ ဆားတို့ကို အောက်တိုဘာလ ၃၀ ရက်နေ့က လှူဒါန်းခဲ့သည်။ “ကိုဗစ်ကာလမှာ သီလရှင်ဆရာလေးတွေ ဆွမ်းအလှူခံထွက်ရာမှာ အခက်အခဲရှိနေတဲ့အတွက် ဆွမ်းဆန် အခက်အခဲမရှိစေရေးအတွက် ကုန်သည်ကြီးများအသင်းသူ အသင်းသားများ စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး ဒုတိယအကြိမ်မြောက်လှူဒါန်းမှုလည်းဖြစ်သည်။ “အခုလိုလှူဒါန်းတာဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး စုစုပေါင်းကျပ်သိန်း၁၃၀ ဝန်းကျင်တန်ဖိုးရှိပြီး သီလရှင်များအတွက်တဖက်တလမ်းကနေ အထောက်အကူပြုနိုင်ဖို့ရည်ရွယ်​တယ်ဟု မကွေးကုန်သည်ကြီးများအသင်းဥက္ကဌ ဦးဖိုးနီက ပြောသည်။ “ကုန်သည်ကြီးများအသင်းအနေနှင့် သီလရှင်များကိုလှူဒါန်းသည့်အပြင် အခြေခံလူတန်းစားများကိုလည်း ဆန်၊ဆီ၊ကြက်သွန်၊ maskစသည်များကို လှူဒါန်းမှုရှိကြောင်း သိရသည်။ အရင်က သီတင်းကျွတ်ကာလမှာအလှူအတန်းတွေပြုလုပ်ဖြစ်ပေမယ့် အခုက ကိုဗစ်ကာလဖြစ်နေတဲ့အတွက် အသင်းအနေနဲ့ လိုအပ်တဲ့နေရာတွေမှာပဲ လှူဒါန်းတာတွေလုပ်နိူင်တော့တယ်ဟု ဦးဖိုးနီကဆိုသည်။ “မြို့ပေါ်မှာရှိတဲ့ သီလရှင်တွေအနေနဲ့ အခုလိုအသင်းတွေ တခြားအလှူရှင်တွေရဲ့လှူဒါန်းမှုတွေကြောင့်သာ အဆင်ပြေတာဟုသီလရှင်ဆရာလေးဒေါ်သိဂ်ဝတီကပြောသည်။ “ကိုဗစ်ကာလမှာလည်း ကြာနေပြီဖြစ်သည့်အတွက် မြို့ပေါ်ရှိသီလရှင်ဆရာလေးမျေားအနေနဲ့ ဆွမ်းခံမထွက်ရ၍ အခက်အခဲ​များရှိပေမယ့်လည်း ကျောင်းတိုက်အသီးသီးကို လာရောက်လှူဒါန်းမှုများရှိကြောင်း သိရသည်။

သက်မှူးအိမ်

Leave a Reply

Your email address will not be published.