ဗဟိုဘဏ်၏ နိုင်ငံခြားငွေ စည်းမျဉ်းသစ်ကြောင့် စက်သုံးဆီဈေး ကျပ် ၂၀၀ နီးပါးဆင်းဆက်လက်ကျဆင်းနိုင်

ရွှေမန်း

ဗဟိုဘဏ် ထုတ်ပြန်ခဲ့တဲ့ ၁၂ /၂၀၂၂ အမိန့်ကြော်ငြာစာပါ စည်းမျဉ်းအသစ်က စက်သုံးဆီဈေးကွက်ကို ရိုက်ခက်ခဲ့ပြီး နှစ်ရက်အတွင်း တစ်လီတာ ကျပ် ၂၀၀ ခန့် စျေးကျဆင်းသွားပြီး ဆက်လက်ကျဆင်းနိုင်ကြောင်း သိရသည်။

လွန်ခဲ့တဲ့ နှစ်ရက်က ပြည်တွင်းစက်သုံးဆီဈေးကွက်အတွင်း အမျိုးအစားအလိုက် တစ်လီတာကို ကျပ် ၁၉၂၅ မှ ၂၁၆၅ ကျပ် ရှိခဲ့သော်လည် ယနေ့မှာတော့ ၁၇၃၀ ကျပ်မှ ၁၉၇၀ အတွင်းသာ ပေါက်စျေးရှိ တော့ကြောင်း သိရသည်။

ဗဟိုဘဏ်ရဲ့ ပြည်ပက နိုင်ငံခြားသုံးငွေဖြင့် ရရှိတဲ့ ဝင်ငွေတွေကို မြန်မာကျပ်ငွေအဖြစ် လဲလှယ်ရောင်းချပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်က ပို့ကုန်လုပ်ငန်းရှင်တွေအပေါ် သက်ရောက် မှုရှိခဲ့ပေမယ့် ကုန်ပစ္စည်းတင်သွင်းသူတွေအနေဖြင့် အဆင်ပြေလာကြောင်းသိရသည်။

သွင်းကုန်လုပ်ငန်းရှင်တွေအနေဖြင့် အရေးကြီးကုန်စည်အလိုက် ဘဏ်တွေထံက ကန်တစ်ဒေါ်လာကို ကျပ် ၁၈၅၀ ဖြင့် ဝယ်ယူနိုင်မှာဖြစ်တာကြောင့် နိုင်ငံခြားငွေ အလုံအလောက်သာ ရောင်းချပေးနိုင်လျှင် ဒေါ်လာဖြင့် ဝယ်ယူနေရတဲ့ စက်သုံးဆီအပါအဝင် စားသုံးဆီ၊ ဆေးဝါး၊ ဆောက်လုပ်ရေးသုံး၊ လူသုံးကုန်ပစ္စည်းဈေးနှုန်းတွေ ကျဆင်းလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ထားသည်။

ပြည်ပပို့ကုန်အမယ်များအပါ် FOB & CFR ဈေးနှုန်းတွေက ပြောင်းလဲမှုမရှိဘဲ နိုင်ငံခြားငွေလဲနှုန်းက ၁၀.၈ ရာခိုင်နှုန်း လျော့ကျသွားတာကြောင့် ကုန်ကြမ်းဝယ်ယူတဲ့အခါ တွက်ချေကိုက်အောင် ဝယ်ယူရမှာဖြစ်ပြီး အဆိုပါ ပို့ကုန်ပစ္စည်းတွေ ဈေးနှုန်းကျဆင်းမှု ဖြစ်ပေါ်နိုင်လည်း သုံးသပ်ထားသည်။

ပြည်ပသို့ နိုင်ငံခြားငွေ အသုံးပြုပြီး သွင်းကုန်အတွက် ပေးချေခြင်း၊ ဝန်ဆောင်မှုနှင့် အခြားစရိတ်များအတွက် ပေးချေခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် အမြတ်ဝေစုပေးပို့ခြင်းနှင့် ရင်းနှီးငွေပြန်လည်ပေးပို့ခြင်း၊ ပြည်ပတွင် ရင်းနှီးမြှုပ်နှံမှုအတွက် လွှဲပြောင်းခြင်း၊ ပြည်ပချေးငွေနှင့် အတိုးများ ပြန်လည်ပေးဆပ်ခြင်း၊ အသုံးစရိတ်တွေ လွှဲပို့ခြင်းများအတွက် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီရဲ့ ခွင့်ပြုချက်ယူရမယ်ဆို့ ညွှန်ကြားထားသည်။

ယင်းကော်မတီ၏ ခွင့်ပြုချက်ရမယ်ဆိုလျှင် AD လိုင်စင်ရ ဘဏ်တွေအနေဖြင့် တစ်ဒေါ်လာကို ၁၈၅၀ ကျပ်ဖြင့် ရောင်းချပေးရမှာဖြစ်ပြီး ဝန်ဆောင်စရိတ်အဖြစ် AD ဘဏ်တွေကို တစ်ဒေါ်လာအတွက် ၃ ကျပ် ထပ်ဆောင်းပေးရမည်ဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.