ပွင့်ဖြူမြို့ပေါ်တွင် ၂၀၂၀ခုနှစ်ရွေးကောက်ပွဲနှင့်ပတ်သတ်၍ မှန်ကန်၊တိကျစွာလုပ်ဆောင်ပေးနိူင်မှုမရှိဟုဆိုကာ ဆန္ဒဖော်ထုတ်”

မကွေးတိုင်း ပွင့်ဖြူမြို့ပေါ်တွင် ယနေ့ နိုဝင်ဘာလ(၂၂)ရက်နေ့ နံနက်ပိုင်းက ၂၀၂၀ခုနှစ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင်၏ မှန်ကန်တိကျစွာလုပ်ဆောင်ပေးနိူင်မှုမရှိခြင်းကို ကျေနပ်မှု့မရှိသဖြင့် လူဦးရေ(၃၀)နှင့် ဝန်ူရံသူ(၅၀၀)ကျော် ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိရသည်။ “ဒီနေ့ ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ရတာက ၂၀၂၀ခုနှစ် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေဟာ ရွေးကောက်ပွဲကို မှန်ကန်စွာ၊ တိကျစွာ၊ လုပ်ဆောင်ပေးနိူင်မှု မရှိဘူးလို့ ယူဆလို့ရတဲ့အတွက် မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်အောင် တွန်းပို့ဆောင်ရွက်ဖို့ဆိုတဲ့ဆန္ဒနဲ့ ခုလိုလမ်းပေါ်တက်ပြီး ဆန္ဒထုတ်ဖော်ရတာဖြစ်ပါတယ်ဟု ပွင့်ဖြူမြို့နယ် ကျောင်တော်ရာကျေးရွာမှ ဆန္ဒဖော်ထုတ်မှုဦးဆောင်သူ ဦးကံအေးကပြောသည်။ “အခုလို ဆန္ဒထုတ်ဖော်မှု့အတွက် နိုဝင်ဘာလ(၁၉)ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှုးရုံးတွင် တင်ပြခဲ့ပြီး ကျွန်တော်တို့ဆန္ဒဖော်မှုကို လူဦးရေ (၃၀)ဦးစာရင်းတင်ပြီးမှ ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်၊ ဆန္ဒဖော်ထုတ်မှု့ကို ဝန်းရံတဲ့ပြည်သူတွေအနေနဲ့အင်အား(၅၀၀)ကျော်က သူတို့ဆန္ဒနဲ့အညီဝန်းရံခဲ့ကြတာဖြစ်ပါတယ်ဟု ဦးကံအေးကမကွေးဂျာနယ်ကို ပြောပြသည်။ “ဆန္ဒဖော်ထုတ်ဖို့တင်ပြခဲ့တာ(၃၀)ဦးပါ၊နိုဝင်ဘာလ(၂၂)နေ့ နံနက်(၇:၃၀)နာရီမှ(၉:၃၀)နာရီထိ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်ဟု ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အဆိုပါဆန္ဒထုတ်ဖော်မှု့ကို ပွင့်ဖြူမြို့ရှိ ရွှေဘုံသာဘုရားဝန်းမှ စတင်ထွက်ခွာပြီး၊မြို့မဈေးကိုတစ်ပတ်လှည့်ကာ ရွှေဘုံသာဘုရားဝန်းသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး တစ်နိင်ငံလုံးရှိ မဲမသမာမှု့များအားဝိုင်းဝန်းစစ်ဆေးဖော်ထုတ်ရေး၊ တာဝန်ယူမှု တာဝန်ခံမှု့မရှိသောရွေးကောက်ပွဲကော်မရှင် ဖျက်သိမ်းရေး၊ မဲလိမ် မဲခိုးအစိုးရ အလိုမရှိ ၊ မှန်ကန်မျှတမှု့မရှိသည့် ရွေးကောက်ပွဲကော်မရှင် အလိုမရှိ၊ မသမာသောနည်းလမ်းဖြင့် အာဏာယူရန်ကြိုးစားသောအစိုးအား ဆန့်ကျင်ကြ ၊ ရွေးကောက်ပွဲဆိုင်ရာတရားမဲ့ပြုကျင့်မှုများအား ဆန့်ကျင်ကြ ဟူ၍ ကြွေးကြော်သံများဖြင့် စီတန်လှည့်လည်ကာ ဆန္ဒထုတ်ဖော်ကြကြောင်း သိရသည်။

သက်မှူးအိမ်(မကွေးဂျာနယ်)

Leave a Reply

Your email address will not be published.